>Gates, US corporate captains to visit Burma

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ဘီလ်ဂိတ်နှင့် အမေရိကန်လုပ်ငန်းရှင်များ မြန်မာပြည်သို့ မကြာမီ လာကြမည်
Reuters သတင်းဌာန
ဇန်န၀ါရီ ၁၂၊ ၂၀၁၂


ဒီဇင်ဘာလက တရုတ်ပြည်တွင် တွေ့ရသော ဘီလ်ဂိတ် (ဓာတ်ပုံ – AP)

Microsoft ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဘီလ်ဂိတ် အပါအ၀င် အမေရိကန် လုပ်ငန်းရှင် ကိုယ်စားလှယ်များ မြန်မာပြည်သို့ မကြာမီ လာရောက်ကြမည်ဟု မြန်မာလုပ်ငန်းရှင် အရာရှိများက ဗုဒ္ဒဟူးနေ့တွင် ပြောသည်။ ဒဏ်ခတ်ပိတ်ဆို့ခံထားရသော်လည်း အမေရိကန်နှင့် ပိုမိုရင်းနှီးလာမှုကို ပြသသည့် အနေအထား ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာပြည် သွားရောက်ပြီး ၃ လ အတွင်း ပေါ်ပေါက်လာမည့် ခရီးစဉ်ဖြစ်သည်။

ဟီလာရီကလင်တန်သည် နှစ် ၅၀ အတွင်း မြန်မာပြည်သို့ ပထမဆုံး သွားရောက်သူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပြီး မြန်မာပြည်အပြောင်းအလဲကို ထောက်ခံရန်၊ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေး ဖြစ်နိုင်ခြေများအတွက် အမေရိကန်က အသင့်ရှိနေကြောင်း ပြောဆိုခဲ့သည်။

လုပ်ငန်းရှင်များ သွားရောက်မည့်အချိန်မှာ ဖေဖော်ဝါရီအတွင်း ဖြစ်မည်ဟု ခန့်မှန်းနေကြသည်။

“ဘီလ်ဂိတ် အပါအ၀င် အမေရိကန်လုပ်ငန်းရှင်တွေ ပါဝင်မယ့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရောက်လာပါလိမ့်မယ်” ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ အကြီးတန်းအဖွဲ့ဝင်တဦးက ပြောသည်။ ထိုလုပ်ငန်းရှင်က ပြောရေးဆိုခွင့်ရှိသူ မဟုတ်သဖြင့် သူ၏အမည်ကို ဖော်ပြရန် မလိုလားပေ။

ဘီလ်ဂိတ်၏ ပြောခွင့်ရအရာရှိကို ယခု ဆက်သွယ်၍ မရသေးပေ။

မကြာသေးခင်က လုပ်ငန်းရှင်အများအပြား မြန်မာပြည်၏ စီးပွားရေးမြို့တော် ရန်ကုန်သို့ သွားရောက်ကြသည်။ အများစုမှာ အာရှဒေသမှ ဖြစ်ပြီး လူဦးရေ သန်း ၆၀ ရှိသော ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် သွားရောက် စူးစမ်းကြခြင်း ဖြစ်သည်။

Reuters သတင်းကို မိုးမခက ဘာသာပြန်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts