>Kyaw Thu – FFSS Yangon Activity,

>

လွတ်လွတ်လပ်လပ် ကျင်းပခဲ့သည့်ပွဲ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇန်န၀ါရီ ၅၊ ၂၀၁၂


(၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မလွတ်လပ်သေးသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသောသူများ များစွာရှိနေသလို၊ မလွတ်လပ်သော ရုပ်ရှင်ပြိုင်ပွဲ ဆုပေးပွဲလည်းရှိခဲ့ပြီး လွတ်လွတ်လပ်လပ်ကျင်းပခဲ့သော နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လွတ်လပ်ရေး နေ့ အားကစားပြိုင်ပွဲ ဆုပေးပွဲလည်း ကျင်းပခဲ့ပါသည်။

နံနက် (၆း၀၀) နာရီအချိန်တွင် အသင်းသူ/သားများ၊ ၀န်ထမ်းများတို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နာယကကြီး ဘဘဦးသုခ ရုပ်တုရှေ့တွင် စီတန်း၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ဒီမိုကရေစီတိုက်ပွဲ၌ ကျဆုံးခဲ့သူများအား (၂) မိနစ်ခန့် ငြိမ်သက်စွာဖြင့် ဦးညွတ်အလေး ပြုကြပြီး နိုင်ငံတော်သီချင်း၊ နဂါးနီသီချင်းနှင့် ဇာတိမာန်သီချင်းတို့အား သံပြိုင်သီဆိုကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဥက္ကဋ္ဌ ဦးကျော်သူမှ နှုတ်ခွန်းဆက်စကားပြောကြားကာ အားကစားပွဲများအား စတင်ကျင်းပခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အသင်းသူ/သားများ၊ ၀န်ထမ်းများအားလုံးတို့သည် တစ်နှစ်ပတ် လုံး နာရေး၊ ကျန်းမာရေး၊ သဘာဝဘေး စသည့် အပူမီးများကြားထဲတွင် ရုန်းကန်ပေးဆပ်လျှက်ရှိနေသ ဖြင့် ယခုကဲ့သို့ ဒီဇင်ဘာ၊ ဇန်န၀ါရီလများတွင် ကိုယ်လက်လှုပ်ရှားအားကစားပြိုင်ပွဲများကို ကျင်းပပေးခဲ့၏ ခြင်းဖြစ်သည်။ ထိုကဲ့သို့ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းကြောင့် အချင်းချင်း စည်းလုံးညီညွတ်မှု၊ ကိုယ်စိတ်နှလုံး ရွှင်ပြုံးတက်ကြွမှု၊ လျင်မြန်ဖျတ်လတ်မှု၊ သွေးသားလည်ပတ်မှုကောင်းမွန်ကာ ဦးနှောက်ရွှင်လန်းစေမှု စသည့်ကျန်းမာရေး တို့ဖြင့် ကိုက်ညီမှုရှိခဲ့သည်။ အားကစားပွဲများတွင် အမျိုးသားဘောလုံး၊ အမျိုးသမီးဘောလုံး၊ အမျိုးသားပိုက်ကျော်ခြင်း၊ အမျိုးသမီး ထုတ်ဆီးတိုး၊ ခေါင်းအုံးရိုက်၊ ဖားခုန်၊ ဂုန်နီ အိတ်စွတ်၊ အာလူးကောက်၊ အပ်ထိုး၊ ဇွန်းကိုက်၊ ဇကောရွက်၊ သုံးချောင်းထောက်၊ မုန့်စားအပြေး ပြိုင်ပွဲ စသည့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းပြိုင်ပွဲများအား နေ့တာဝန်ကျအသင်းများအလိုက် ကျင်းပပြုလုပ်ပေးခဲ့သည်။ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော လူမှုရေးသမားများ၊ ၀န်ထမ်းများအား ဥက္ကဋ္ဌ ဦးကျော်သူမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကာ ညနေ (၆း၃၀) နာရီအချိန်တွင် အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။












သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts