>Kamar Pale – Poem

>

အန္တိမ … လွတ်မြောက်ရေး
ကမာပုလဲ
ဇန်န၀ါရီ ၅၊ ၂၀၁၁


သံမဏိ အကျဉ်းအိမ်ထဲ
အိပ်မက်တွေ အတူတူ မက်ခဲ့ကြတဲ့အခါ
တောင်ပံခတ်သံတွေ … ငါကြားတယ်။

လွတ်မြောက်မှုဟာ

ရန်သူရဲ့
အပေါစား ကရုဏာသက်မှုကို ငြင်းတယ်
တည်ကြည် ခိုင်မြဲစွာ ခုခံတယ်
တိုက်ပွဲကို ယုံကြည်တယ် …။

တကယ်တော့
အညံ့ခံတယ်ဆိုတာ လွယ်လွယ်လေး
အကြောင်းပြချက်တွေ များများပေးနေဖို့ မလို
သူရဲကောင်းတယောက်လို
ဟန်ဆောင်လိုက်လို့ ရသေးတယ် …
တခုပဲ
ကိုယ့်ကိုယ်ကိုယ် လိမ်လို့မရတဲ့ အဖြစ်။

လျှို့ဝှက် သိပ်သည်းစွာ ခမ်းနားခြင်း
ဒဏ်ရာ အနာတရာတွေနဲ့ ချစ်သူ့တောင်ပံများ
မလွတ်မြောက်မှုမှ လွတ်မြောက်မှုဆီသို့
တိုက်ပွဲဝင် ပျံသန်းနေဆဲကို …။ ။

(ဗမာပြည် စစ်အကျဉ်းထောင် အသီးသီးရှိ နိုင်ငံရေး အကျဉ်းသားများသို့ …)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts