>News & Media

>

စာပေအနုပညာရှင်များရဲ့ လွတ်လပ်ရေးနေ့ ညစာစားပွဲ
ဇန်န၀ါရီ ၅၊ ၂၀၁၂
တာရာဝေယံ



ဆရာ ဒဂုန်တာရာနဲ့ ဆရာဦးဝင်းတင်တို့ကို ဂါဝရပြုပြီး စာပေအနုပညာရှင်များက နှစ်စဉ်ဆောင်ရွက်ခဲ့ကြတဲ့ လွတ်လပ်ရေးနေ့ ညစာစားပွဲကို ၂၀၁၂ လွတ်လပ်ရေးနေ့ (ဇန်န၀ါရီ ၄၊ ၂၀၁၂) ညဦးပိုင်းက ရန်ကုန်မြို့ ပန်းဆိုးတန်း အောက်ဘလောက်မှာရှိတဲ့ နန်းယု စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို စာပေအနုပညာရှင်များ ၅၀ ခန့်တက်ရောက်ခဲ့ကြပါတယ်။ ဦးလှရွှေ၊ မောင်မိုးသူ၊ ညွှန့်သစ်၊ ယဉ်မင်းပိုက်၊ မောင်စိမ်းနီ၊ မောင်အောင်ပွင့်၊ နိုင်မြင့်၊ ဦးတင့်ဝေတို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားအဖွင့်မှာ အမှာစကားကို ဆရာဒဂုန်တာရာက ငြိမ်းချမ်းရေးဟာ လိုအပ်နေဆဲဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆရာ ဦးဝင်းတင်းက ၁ / ၂၀၁၂ လွတ်ငြိမ်းချမ်းသားခွင့် ကြေညာချက်ဟာ နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်နိုင်အောင် ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းမှုကို ချိုးဖောက်တဲ့အခြေအနေတရပ်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

တက်ရောက်လာကြတဲ့ စာပေအနုပညာရှင်များထဲက ဦးတင်ဝေ၊ ကိုခါး (ကွမ်းခြံကုန်း)၊ ဒေါက်တာစံဦးတို့က ဆရာဒဂုန်တာရာအတွက် ကဗျာများကို ရွတ်ဆိုခဲ့ကြပြီး အခမ်းအနားကို ပြီးဆုံးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

ကိုဇင်လင်းအောင်

ဦးတင့်ဝေ

ဦးနိုင်မြင့်

ကိုဘုန်းတင့်ကြွယ်
ကိုအောင်ပွှု

ကိုခန့်မင်းထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts