>Cho Tu Zaw – Dead Deram

>

အိပ်မက်သေ. . .
ချိုတူးဇော်
ဒီဇင်ဘာ ၂၆၊ ၂၀၁၁
ဆရာငြိမ်း ချွတ်ခဲ့တဲ့ ဘိနပ်ကလေးတရံ
ငါများစီးကြည့်ရင်
တော်မလား တွေးကြည့်မိတယ်။

ရေးပေးပါ့မယ် အမာရယ် လို့..
ရေချိုးဖို့ ဆင်းသွားတဲ့ ဂီတစာဆိုဟာ
နံရိုးတွေအပြိုင်းပြိုင်းနဲ့ . . .တဲ့

အင်း မတော်မတည့် အမြဲတွေးတတ်တော့
ငါရင်လည်း ၀ိတ်ချမှ…

ဟောဒီ မြို့ကြီးတွေလေ…
စိမ်းကားလိုက်ပုံများက
ငါ့ချွေးနည်းစာနဲ့တောင် ငါ့အနုပညာကို ဖေါ်ပြခွင့်မရ…

တနေ့တနေ့ . . .
အဲဒီ မသိုးထမင်းမသိုးဟင်း အိပ်မက်တွေအတွက်
အမေရိကန် တကျပ်တန် မီဂါဘောလ်လက်မှတ်လေးတွေ ၀ယ်ဝယ်ပြီးလွှင့်ပစ်
ပေါက်ခဲ့လို့များဖြင့်နော်..

ထောင်ထဲက ငါ့ညီနောင်တွေကို ပေးနိုင်မယ်
တောထဲက ငါ့အမျိုးတွေကို ပို့နိုင်မယ်
နောက် ငါ့အတ္တတွေဖြစ်တဲ့
အမေ့အတွက်
အမအတွက်
ငါ့သားလေးအတွက်
ငါမချီရတာကြာပြီဖြစ်တဲ့ ငါ့သမီးလေးအတွက်
နောက် ငါရိုက်ချင်လွန်းတဲ့ လွမ်းစိမ့် ၂ ကို ရိုက်

ငါ့အနုပညာတွေကို အားပေးကြတဲ့
ငါချစ်တဲ့သူငယ်ချင်းတွေအားလုံးကြည့်ရဖို့
ယူကျုပေါ် အလကားတင်
အာဏာရှင်တွေ ရန်ပြုသမျှ အံတုလို့ပြလိုက်ချင်တယ်။

ခုတော့. . .

. . . .
. . . .
များသထက် များလာတဲ့
မီဂါဘောလ်လက်မှတ်ကလေးတွေ. . . ငါ့အိပ်ထဲရှင်းရင်း
များသထက် များလာတဲ့
အိပ်မပျော်တဲ့ညတွေ. .
သက်ပြင်းတွေ. . .ကို ဘယ်လိုရှင်းရပါ့..

တချို့က ဆရာစားချန်. . .
တချို့က သူတို့ချင်းရန်ဖြစ်နေကြ
တချို့ကျ. .ကြည့်မရလို့ မကူညီတာနေမှာ. . .
ငါ့ချွေးနည်းစာနဲ့ ငါ့အနုပညာကိုတောင် ဖေါ်ထုတ်ခွင့်မရတဲ့
အဲဒီမြို့ကြီးတွေ စိမ်းကားပုံများ

အဲဒီ ဆရာငြိမ်းချွတ်ခဲ့တဲ့ ဘိနပ်ကလေးကိုပဲ
တော်မလားလို့..။။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts