>IC family and Daw Suu

>

IC မိသားစုဝင်များ နဲ့ ဒေါ်အောင်ဆန်းစုကြည်
မိုးမခအထောက်တော် အမှတ် ၀၀၈
ဒီဇင်ဘာ ၂၆၊ ၂၀၁၁

IC ခေါ် Iron Cross တီးဝိုင်း၏ Facebook စာမျက်နှာတွင် ပြီးခဲ့သည့် နာရီပိုင်းအတွင်း ဖော်ပြလိုက်သော ဓာတ်ပုံဖြစ်သည်။ ပုံအောက်တွင် Aunty Su and IC Family ဟု ရေးသားထားသည်။

IC မှ တီးခတ်သူများ၊ အဆိုတော်များ ပါဝင်သည်ကို တွေ့ရသည်။

IC ၏ ပရိသတ် တဦးကလည်း “အနုပညာသမားတွေ အမေစုကို လာပြီး ဂါရ၀ပြုတာ IC အဖွဲ့ကိုမတွေ့လို့ စိတ်ထဲးမှာ IC က ဘယ်လိုလဲပေါ့ အခုတော့ ဒီလိုမြင်လိုက်ရတဲ့အတွက် IC ကို ပိုလေးစားသွားပြီ” ဟု မှတ်ချက်ရေးထားသည်ကိုေ တွ့ရသည်။

လူအများ လေးစားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူအများ နှစ်သက်ကြသည့် တေးဂီတအဖွဲ့တို့ တွေ့ဆုံမှု ဖြစ်သောကြောင့် Facebook တွင် လက်ဆင့်ကမ်း ဖော်ပြနေကြသော ဓာတ်ပုံ ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts