>303 Political Prisoners listed from Rangoon Rights Group

>

ရန်ကုန်မြို့ရှိနိုင်ငံရေးအကျဉ်းသားဟောင်းများက နိုင်ကျဉ်း ၃၀၃ ဦး စာရင်း ထုတ်ပြန်
မိုးမခ၊ ဒီဇင်ဘာ၂၆၊ ၂၀၁၁
ရန်ကုန်မြို့တွင်းနိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများကူညီစောင့်ရှောက်ရေး လှုပ်ရှားနေကြသောနိုင်ငံရေးအကျဉ်းသားဟောင်းများ (နိုင်/ကျဉ်း) မှ ပြုစုထားသောအကျဉ်းသားစာရင်းတွင် အကျဉ်းထောင် ၂၃ ထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၀၃ ယောက်ရှိကြောင်း၊ ကျန်အကျဉ်းထောင်များ စာရင်းကို ဆက်လက်ပြုစုဆဲဖြစ်ကြောင်းထုတ်ပြန်လိုက်သည်။
အင်န်အယ်ဒီပါတီ၊ထိုင်းအခြေစိုက် အေအေပီပီအဖွဲ့၊ နောက်ဆုံးလွတ်မြောက်လာသူများ၊နိုင်/ကျဉ်းမိသားစုများနှင့် ဒေသခံများ၏ စုဆောင်းမှု၊ထုတ်ဖော်ပြောဆိုမှုတို့ကို အခြေခံပြီး ပြုစုထားခြင်း ဖြစ်သည်ဟု သိရသည်။
လက်လှမ်းမီသမျှပြုစုထားခြင်းဖြစ်ပြီး၊ ကျန်ရှိနေသူများ၊ လိုအပ်ချက်များ၊ဖြည့်စွက်ပြင်ဆင်ရမည်များကို ဆက်သွယ်ပြောကြားနိုင်သည့်အကြောင်းထုတ်ပြန်ထားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts