>ကချင်ဒုက္ခသည်များကူညီရေး ရန်ပုံငွေဈေးရောင်းပွဲ ဆိုင်အလှူရှင် ၂၀ ကျော်ပြီ

>

ကချင်ဒုက္ခသည်များကူညီရေး ရန်ပုံငွေဈေးရောင်းပွဲ ဆိုင်အလှူရှင် ၂၀ ကျော်ပြီ
မိုးမခရွာဆော်ကြီး၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၁

လာမယ့် ဒီဇင်ဘာ ၁၇၊ ဆန်ဖရန်ဘေးဧရိယာ၊ ဒေလီးစီးတီး၊ LIttle Theater မှာ နေ့ခင်း ၁ နာရီမှာ စတင်ကျင်းပမယ့် မြန်မာပြည်က ကချင်ဒုက္ခသည်များကူညီရေး ရန်ပုံငွေဈေးရောင်းပွဲမှာ ၀ိုင်းဝန်းရောင်းချပြီး ရောင်းရငွေ အရင်းအမြတ်လှူကြမယ့် အဟာရအလှူရှင်ပေါင်း ၂၀ ကျော်သွားပြီလို့ သိရပါတယ်။ ကချင်တိုင်းရင်းသား အဖွဲ့အစည်းများစုပေါင်းပြုလုပ်တဲ့ပွဲကို မြန်မာတိုင်းရင်းသားတို့ကလည်း ၀ိုင်းဝန်းလက်တွဲဆောင်ရွက်ကြတာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ ကချင်ပြည်နယ်အတွင်း လက်ရှိကြံ့ဖွံ့အစိုးရရဲ့ လက်နက်ကိုင်တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ကချင်ဒေသခံ တိုင်းရင်းသားပြည်သူတွေက နေရပ်တွေ စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ပြည်တွင်းစစ်ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ကြဖို့၊ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေများကို တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ တိုင်းရင်းသားပေါင်းစုံနဲ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်က တခဲနက်တောင်းဆိုလျက်ရှိပါတယ်။ ယခုတပတ်မှာ ကြံ့ဖွံ့အစိုးရခေါင်းဆောင် သမ္မတဦးသိန်းစိန်က အပစ်အခတ်တွေ ရပ်ထားဖို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တရုတ်ပြည် ယူနန်ဒေသက တရုတ်အာဏာပိုင်တွေကလည်း စစ်ပြေးကချင်တိုင်းရင်းသားတွေ နေရပ်ပြန်ခိုင်းနေတယ်လို့ ဆိုပါတယ်။
လက်ရှိစာရင်းအရ ကောက်ခံရတဲ့ စားသောက်ဖွယ်ရာများနဲ့ အလှူရှင်တွေကတော့
၁။ Save Irrawaddy SF – ကြက်သားဒန်ပေါက်
၂။ Sarama Htu Nan, Lu Tawng and Kitchen Group – ပုဇွန်ခွက်ကြော်နဲ့ အကြော်စုံ
၃။ မြန်မာအမေရိကန်အမျိုးသမီးအဖွဲ့ (bawa) – ကြက်သားဆာတေး

၎။ Sarama Ja Seng – အမဲအူပြုတ်နဲ့ ၀က်သားတုတ်ထိုး
၅။ ဒေါ်ခင်ကြည် – မုန့်ဟင်းခါးနဲ့ ဗူးသီးကြော်
၆။ ဦးအေးကိုကို၊ ဇနီး ဒေါ်ဝင်းဝါဦး နဲ့ ဒေါ်ဝင်းမာဦး – အုန်းနို့ခေါက်ဆွဲ

၇။ မအိပပနဲ့ မအေးအေးအောင် – စမူဆာသုတ်
၈။ Maran Htu Seng – သဘောင်္သီးသုတ်
၉။ Ko Charles & Ma Sailna Chu Family – ကြက်သားပန်းသေးခေါက်ဆွဲ

၁၀။ Bawk Mai Than – ဆီချက်ခေါက်ဆွဲ
၁၁။ Sarama Htu Nan, Lu Tawng and Kitchen Group- ရှမ်းခေါက်ဆွဲ၊ မြီးရှည်
၁၂။ Ko Aung Min & Ma Sandar – မြန်မာခေါက်ဆွဲလက်သုတ်

၁၃။ Sarama Htu Nan, Lu Tawng and Kitchen Group – ကြာဇံဟင်းခါး
၁၄။ Sarama Htu Nan, Lu Tawng and Kitchen Group – ကြေးအိုး
၁၅။ Rodney Liu Family – မြန်မာတို့ဖူးသုတ်

၁၆။ Deborah – ကချင်တို့ဖူုးသုတ်
၁၇။ Saw Khin Hlaing & Merry Chaung – မြန်မာလဘက်ရည်
၁၈။ မမီးမီးနဲ့ မိတ်ဆွေများ (ဥက္ကလံမြို့) – မုန့်ဖက်ထုပ်နဲ့ ကရင်ရိုးရာစားစရာ

၁၉။ Sarama Bawm Win – ဖာလူဒါ
၂၀။ Steven Chin Family- မြန်မာအချိုပွဲ
၂၁။ စေတနာရှင်များ – ငှက်ပြောသီးနဲ့ ရေခဲမုန့်
၂၂။ မနွေဦးနဲ့ ရခိုင်အမျိုးသမီးများသမဂ္ဂ – ရခိုင်မုန့်တီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts