>U Thein Sein tells army to stop attacks on KIA


>

KIA အား ထပ်မံ တိုက်ခိုက်မှု မပြုရန် ဦးသိန်းစိန် ညွှန်ကြားချက်ထုတ်ပြန်
AFP သတင်းဌာန
ဒီဇင်ဘာ ၁၂၊ ၂ဝ၁၁


KIA နယ်မြေဖြစ်သည့် တရုတ်မြန်မာနယ်စပ်မှ လိုင်ဇာမြို့ ( – Khin Maung Soe / RFA)

ပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းရေးအတွက် ကချင်လက်နက်ကိုင်အဖွဲ့အား တိုက်ခိုက်နေခြင်းအား ရပ်ဆိုင်းရန် သမ္မတဦးသိန်းစိန်က မြန်မာ့တပ်မတော်ကို ညွှန်ကြားလိုက်သည်ဟု
သမ္မတရုံးထံမှ တနင်္လာနေ့တွင် သိရသည်။

လွန်ခဲ့သည့် ၂ ရက်က ထိုသို့ ညွှန်ကြားခြင်း ဖြစ်သည်ဟု ဆိုသည်။

သမ္မတဦးသိန်းစိန်သည် နှစ်ပေါင်းများစွာ အထီးကျန်နေသည့် နိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် သန္နိဋ္ဌာန်ချထားသူ ဖြစ်သည်။

ကချင်ဒေသတွင် လပေါင်း အတန်ကြာကပင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

“သမ္မတက KIA (ကချင် လွတ်လပ်ရေး တပ်မတော်) ကို ထပ်မတိုက်ဖို့ စနေနေ့မှာ ညွှန်ကြားလိုက်တာပါ။ ကိုယ့်ကိုယ်ကိုယ် ခုခံတာက လွဲလို့ပေါလေ။ စစ်တိုင်းအားလုံးကို ညွှန်ကြားလိုက်ပါပြီ”
ဟု နေပြည်တော် သမ္မတရုံးက AFP သတင်းဌာနကို ပြောသည်။

တရားဝင်ကြေညာချက်ကို လာမည့်ရက်အတွင်း ထုတ်ပြန်မည်ဟု သိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts