>Ashin Sopaka being held under “Village Arrest”

>

မန္တလေးတွင်ဆန္ဒပြသော သံဃာများ ဇာတိကျေးရွာမှ ထွက်ခွာခွင့် မရ
မိုးမခအထောက်တော် အမှတ် ဝဝ၈
ဒီဇင်ဘာ ၂၊ ၂ဝ၁၁

မိတ်ဆွေကောင်း စာကြည့်တိုက် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော အရှင်သောပါက၏ ဓာတ်ပုံ


ပြီးခဲ့သည့်လက မန္တလေးမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် အရှင် သောပါက နှင့် သံဃာတချို့သည် ၎င်းတို့၏ ဇာတိတွင် အကျယ်ချုပ်ကျနေသည်ဟု ဆိုသည်။

အရှင်သောပါက ပြည်ပတွင် တည်ထောင်ခဲ့သော မိတ်ဆွေကောင်း စာကြည့်တိုက် အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။

မန္တလေးမြို့ ဆန္ဒပြမှုအပြီးတွင် သံဃာ့မဟာနာယက အဖွဲ့က အရှင်သောပါကတို့အား နေရပ်ရင်းသို့ ပြန်ရန် မိန့်ကြားခဲ့ကြောင်း၊ ယခုအခါ အရှင်သောပါက နှင့် တခြား ရဟန်း ၃ ပါးသည် စစ်ကိုင်းတိုင်း သပြေအေး ကျေးရွာတွင် ရောက်ရှိနေကြောင်း မိတ်ဆွေကောင်း စာကြည့်တိုက် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

အရှင်သောပါကနှင့် တယ်လီဖုန်း အဆက်အသွယ် ရခဲ့ကြောင်း၊ ယခုအခါ နေရပ်ပြင်ပသို့ ကြွခွင့် မရကြောင်း၊ ၂၄ နာရီ စောင့်ကြည့်ခံနေရကြောင်း၊ မန္တလေးမှ လိုက်လာသည့် အရပ်ဝတ် ရဲများက ထိုဒေသတွင် ရှိနေသည်ဟု အရှင်သောပါကက မိန့်ကြားကြောင်း သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts