>Freedom for All Political Prisoners – the ultimate goal of democracy lovers

>

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးသည်ဒီမိုကရေစီ လိုလားသူများရဲ့ ရည်မှန်းချက် ဖြစ်
ခင်နှင်းလွင် ၊ ရန်ကုန်
နိုဝင်ဘာ ၁၄၊ ၂၀၁၁
ယနေ့ ကျင်းပပြုလုပ်သည့်နေအိမ်အကျယ်ချူပ်မှ လွတ်မြောက်ခြင်း တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်သာမက ဒီမိုကရေစီလိုလားသူများရဲ့ရည်မှန်းချက်လဲ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ နိုင်ငံရေးအကျဉ်းသားဆိုတာဥပဒေစိုးမိုးတဲ့ နိုင်ငံမှာ ရှိလေ့ရှိထ မရှိပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သတ်ပြီး လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် ပေါ်ပေါက်သင့်ကြောင်း ပြောသွားသည်။
နိုင်ငံရေးအကျဉ်းသားများ မကြာမှီလွတ်မြောက်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယခုချိန်ထိ ထူးခြားမှု မရှိသေးကြောင်းသိရသည်။ နိုင်ငံရေး အကျဉ်းသားများ ယနေ့လွတ်မည်ဆိုသော သတင်းများကြောင့် သတင်းထောက် တစ်ချို့နှင့်နိုင်ငံရေးအကျဉ်းသား မိသားစု တစ်ချို့ အင်းစိန် အကျဉ်းထောင်ရှေ့တွင် သွားရောက် စောင့်ဆိုင်းနေခဲ့သည်ဟုအင်းစိန်ထောင် ရှေ့တွင် သတင်းယူရန် သွားစောင့်သော သတင်းထောက် တစ်ဦးက ပြောသည်။ ထို့အပြင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်၏ ကောက်ယူထားသည့် စာရင်းများအရ နိုင်ငံရေး အကျဉ်းသား၅၉၁ယောက် ရှိကြောင်းသိရသည်။
“ ကျမတို့အားလုံးတော့ တိတိကျကျမစုံစမ်းနိုင်သေးပါဘူး။ ကျွန်မတို့ ၅၉၁ယောက်လို့ သတ်မှတ်ထားတာ သေသေချာချာ အကျဉ်းထောင်တွေထဲမှာရှိသေးတဲ့ လူတွေဖြစ်ပါတယ် ” ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင် ပြောပြသည်။ 
နိုင်ငံရေးနှင့် ပတ်သတ်ပြီးအနှစ်နှစ်ဆယ်ကျော် ကာလအတွင်း အကြမ်းမဖက်တဲ့ လမ်းစဉ်နှင့် ဒီမိုကရေစီရရှိရေးအတွက် ဆွေးနွေးညှိုနှိုင်းမှု လမ်းစဉ်ကို ချမှတ်ခဲ့သဖြင့် ယခုနှစ်တွင် ထူးထူးခြားခြား နိုင်ငံရေး ဖြစ်စဉ်အရသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုရလဒ်အရ အပြောင်းအလဲတွေ ရှိခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကမှတ်ချက်ချ ပြောဆိုသည်။
 “ကျွန်မရဲ့ အမြင်တော့ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုတာပြည်သူတွေ ယုံကြည်လာပြီဆိုရင်တော့ ဒီမိုကရေစီ လမ်းကြီးဟာ ကောင်းကောင်းပွင့်သွားပြီလို့ကျွန်မတို့ ပြောနိုင်မှာ ဖြစ်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းစဉ် ပြောင်းလဲမှုရှိမရှိနှင့် ပတ်သတ်ပြီး သတင်းထောက်၏ အမေးကို ဖြေကြားသွားသည်။
တိုင်းရင်းသားများ အရေးတွင်ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဘယ်နေရာမဆို ကူညီပါဝင်ရန် သူမအနေနဲ့ အဆင်သင့်ရှိကြောင်းအိတ်ဖွင့်ပေးစာ ပေးခဲ့ကြောင်း ပြောသည်။
“ငြိမ်းချမ်းဖို့ဆိုရင် တန်းတူညီတူရေးဆိုတာရှိရမယ်။ အပြန်အလှန်လေးစားချက် အပြန်အလှန်ယုံကြည်ချက်ရှိရမယ်။ ဒါတွေဟာ နေ့ချင်းညချင်းဖြစ်နိုင်တဲ့ ကိစ္စတွေ မဟုတ်ပါဘူး။”လို့ တိုင်းရင်းသား အရေးနှင့် ပတ်သတ်ပြီးပြောခဲ့သည်။တိုင်းရင်းသားတွေထဲမှာ မြန်မာတွေလဲ ပါသလို တယောက်နဲ့ တယောက် သမိုင်းအဆက်ဆက် သံသယတွေကြောင့်စည်းလုံးညီညွှတ်ရေး တည်ဆောက်ဖို့ ဆိုတာမှာ အများကြီးကြိုပမ်းရမဲ့ ကိစ္စဖြစ်သည်ဟု ရှင်းပြသွားသည်။

(Photos – ဒီမိုဝေယံဘလောက်က ယူပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts