>Har Ju Li – kathar

>

ကျနော်ဖတ်လိုက်ရသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အင်းတော်အမတ်
ကိုစောလှိုင်၏ စာ
(ဟာကျူလီ (ကသာ) ၏ ဖေ့ဘွတ်မှ ခွင့်မတောင်းပဲ ကူးယူဖော်ပြပါသည်။)
နိုဝင်ဘာ ၁၄၊ ၂၀၁၁


သေချာတာတခုက ကျနော် NLD မဟုတ်ပါ၊ နောက်ပြီး နိုင်ငံရေးသမားလည်းမဟုတ်ပါ၊ သောင်းကျန်းသူလည်း မဟုတ်ပါ။ နောက်ပြီး ဖေါက်ခွဲရေးသမားလည်း မဟုတ်ပါ။

သာမာန် ကာတွန်းဆရာတယောက် ရိုးရိုးသတင်းသမား တယောက်ရယ်ပါ၊ သို့သော် ရယ်စရာလို့ပြောရမလား၊ မောစရာလို့ပဲ ပြောရ မလား မသိ။ န၀တခေတ် တခေတ်လုံး သွားလေရာ တကောက်ကောက်လိုက်ခံခဲ့ရသူတော့ ဖြစ်ခဲ့ရပါသည်။

အာဏာပိုင်တွေကလည်း မေတ္တာထားကြပါသည်။ မကြာခဏ တောခြောက်ခံခဲ့သည်။ ဒီတော့ ကိုယ့်အိမ်နှင့်ကိုယ် အေး အေး နေရသည်ကို မရှိလှ၊ မန္တလေးပြေးရ၊ ရန်ကုန်ပြေးရ၊ နည်းနည်း တည်ငြိမ်ပြီဆိုသည့် ကသာပြန်နေလိုက်ရနဲ့ အတော်ပင် ခြေကုန်လက်ပန်းကျခဲ့ရပါသည်။

အစစ်အဆေး အမေးအမြန်းကလည်း စုံနေအောင်ခံရဖူးသည်။ ထောက်လှန်းရေးခေတ်ကဆို ရယ်သလို မောသလိုနှင့် တညလုံး ငရုတ်မှုန့် ညှော်တိုက်ခါ အစစ်ဆေးခံခဲ့ရဖူးပါသည်။ သေနတ်ဒင်နဲ့ ရိုက်တာ ခံခဲ့ရဖူးသည်။ (အရှောင်ကောင်းလို့ မထိခဲ့)

ကျနော်ကလည်း ကျနော်ပင်.. ဟာသဓါတ်ခံကြောင့်လား မသိ၊ လူမသိ သူမသိ လမ်းနဘေးကနေ ခေါ်ယူခံရပြီး ငရုပ် သီးညှော်တွေ ထောင်းထောင်းထအောင် အစစ်ခံနေရသည်ကိုပင် စကားလုံး အသစ်အဆန်းများနှင့် ဖြေနိုင်ခဲ့သေးသည်။ မှတ်မိတာလေး ပြန်ရေးပြ ပါဦးမည်။

ထောက်…. ခင်ဗျားကို UG (ထိုအချိန်က ထိုစကားလုံးရေပန်းစားသည်) လို့ စွတ်စွဲရင် ဘာပြောမလဲ။
ဖြေ … ခင်ဗျားတို့ အဲဒီလိုစွတ်စွဲမှာစိုးလို့ ကျွန်းပင်တွေစုစုရှိတဲ့အောက်တောင် ဖြတ်မလျှောက်ပါဘူး။

ထောက်….. ခင်ဗျား ကျနော်တို့စစ်တပ် အုပ်ချုပ်တာကြိုက်လား။
ဖြေ… မကြိုက်ပါဘူး။

ထောက်…. ဘာဖြစ်လို့လဲ။
ဖြေ……. ရှင်းပါတယ်။ စစ်တပ် အုပ်ချုပ်တာမကြိုက်လို့ စစ်ထဲ မ၀င်တာပေါ့ဗျာ။ အရပ်သား အုပ်ချုပ်တာ ခံချင်လို့ အရပ် ထဲ နေတာပေါ့။
…. စသဖြင့် ကျန်တာတွေလည်း အများကြီးမေးပါတယ်။ ၁၉၈၉ ခုနှစ်လောက်ကဆိုတော့ ကျနော်ကို စစ်တဲ့ စစ်ချက်တွေ အသိမ်းအဆည်း ကောင်းရင် သူတို့ဆီမှာ ရှိဦးမှာပါ။

ကျနော် မလိမ်ဘူး၊ အဲဒီအတိုင်းဖြေခဲ့တာ၊ နောက်နေ့လင်းအားကြီးတွင် ကျနော့်ကို ပြန်လွတ်ပေးခဲ့သည်။ အကျယ်ချုပ်အနေဖြင့် ကသာ မြို့လည်ရှိ ကွက်ကဲရေးစခန်း (စစ်တပ်က ဖွင့်ထားသည်) မှာ ခြောက်လလောက် နေ့စဉ် လက်မှတ်သွားထိုးလိုက်ရသည်။

ထိုသို့ အပြောအဆို ဆန်းသစ်လို့လားတော့မသိ၊ ကသာမြို့မှာ နာမည်စာရင်းနဲ့ ပေါ်တာဆွဲတော့ ကျနော့်နာမည်က နံပါတ် (၂)၊ အိမ်တိုင်ယာ ရောက် (အိပ်ခန်းထဲအထိ) လာဆွဲသည်၊ ကံကောင်းချင်တော့ ကျနော်က ခရီးထွက်နေသည့် အချိန်၊ ကျနော့်ကို မမိသဖြင့် အစ်ကိုအကြီးဆုံး (နိုင်ငံတကာဓါတ်ပုံဆုရ) မာဃစန်ဝင်း (ကသာ) ကို ဆွဲခေါ်သွားသည်။ နေမကောင်းလို့ အိပ်ယာထဲက မထနိုင်သူ အစ်ကိုစန်ဝင်းမှာ စစ်တပ်မှာ ညအိပ်လိုက်ရသည်။ နောက် လမ်းတ၀က်ရောက်မှ လူစားလဲပြီး ထွက်ပြေးခဲ့ရသည်။ ထားပါတော့။

လွန်ခဲ့တဲ့ လေးနှစ်ခန့်ကတော့ မန္တလေးမှာ (၂) နှစ်လောက်နေပြီး မိသားစုရှိရာ ကသာကို ပြန်ရောက်တော့ နယ်မြေတာ ၀န်ခံနယ်ထိန်း ရဲကြပ် ဇော်ဇော်ဆိုသူ အိမ်ရောက်လာသည်။

သူနှင့် ကျနော် ပြောကြပုံကလည်း …

မေး… ဦးဂျူ ကသာကို ဘာလာလုပ်တာလဲ။
ဖြေ… ဟ ဒါငါ့အိမ်လေ၊ ဒါက ငါ့မိန်းမ ဒါငါ့သားသမီးတွေ၊ နောက် ကသာဆိုတာ ငါ့ဇာတိမြို့လေ။ ဒီတော့ ဘာလာလုပ်ရ မှာလဲကွ။ ကိုယ်အိမ် ကိုယ်ပြန်လာတာပေါ့၊

မေး…ဒါဆို ဘယ်နှရက် နေမှာလဲ။
ဖြေ…. ရော်..ခက်တော့နေပါပြီကွာ၊ ငါ့အိမ်မှာ ငါဘယ်နှရက်နေမယ် ဘယ်သိတတ်ပါ့မလဲ၊

မေး… နောက်ထပ်သိချင်တာက (သူ့ရဲ့မှတ်စုစာအုပ်ကလေးထုတ်ပြီး ပြန်ကြည့်သည်) နယ်တွေဆင်းဦးမှာလား၊
ဖြေ….. ဒုက္ခပါပဲကွာ။ ဘာတွေလာမေးနေတာလဲဟ မောင်ဇော်ရ..။ ငါလည်း မှုခင်းသတင်းထောက် လုပ်ခဲ့တဲ့ကောင်ပါကွာ။ မင်းမေးတဲ့ မေးခွန်းတွေက နိုင်ငံရေးသမားကို မေးရမှာတွေ၊ နယ်ဆင်းတယ်ဆိုတာ နိုင်ငံရေး သမားတွေမှ လုပ် တာဟ၊

မေး… စိတ်မဆိုးပါနဲ့ ဦးဂျူရာ၊ ကျနော့်ကိုလည်း အထက်ကမေးခိုင်းလို့ပါ။ နယ်ဆင်းတယ်ဆိုတာ သတင်းကိစ္စ သွားရင် လာရင် ကူညီရအောင်မေးတာပါ..ဆိုပြီး ပြန်သွားပါသည်။

နောက်တလခန့်ကြာသောအခါ မြို့နယ်ရဲတပ်ဖွဲ့အကြီးအကဲတဦးနှင့် စကားပြောဖြစ်သည်၊ သူက ကျနော်ကို ပြောသည်၊
“အစ်ကို၊ ကျနော် တပည့်တွေမေးမြန်းထောက်လှမ်းတာတွေနဲ့ ပါတ်သက်ပြီး စိတ်မဆိုးပါနဲ့၊ ကျနော် ခိုင်းတာပါ၊ ကျနော့် ကိုလည်း အထက် ကခိုင်းလို့ပါ။ အစ်ကိုကို အထက်က အတော်စိတ်ဝင်စားကြတယ်”

“အေးဗျ၊ ခင်ဗျားက ဗြောင်ပြောတော့ ကျနော်ကလည်း ဗြောင်မေးရတော့မှာပဲ၊ ခင်ဗျားတို့အထက်က လူကြီးတွေက ကျနော့်ကို ဘာဖြစ် လို့စိတ်ဝင်စားကြတာတဲ့လဲ။ ကျနော်ဟာ နိုင်ငံရေးပါတီဝင်လည်း မဟုတ်ဘူး၊ ဖေါက်ခွဲရေးသမားလည်း မဟုတ်ဘူးဗျာ”

“ကျနော်လည်း ကျနော်အထက်လူကြီးတွေကိုမေးပါတယ်၊ သူတို့က ပြောတယ်၊ အစ်ကိုက နှိုက်နှိုက်ချွတ်ချွတ်တွေရေးတဲ့ သတင်းသမားမို့ တဲ့”

ကျနော် အစမှာပြောခဲ့သလိုပါပဲ၊ ကျနော် နိုင်ငံရေးသမားတော့မဟုတ်ပါဘူး၊ ဒါပေမယ့် နိုင်ငံရေးလုပ်သူ (အထူးသဖြင့် NLD) တွေနဲ့တော့ ခင်မင်လှပါတယ်၊ သူတို့ကလည်း ခင်စရာကိုးဗျ။ ကိုယ့်ရဲ့ကိုယ်ကျိုးမငဲ့ဘဲ ထောင်အကျခံလုပ်နေသူတွေဆိုတော့ လေးစားခင်မင်မိတာပေါ့။ သူတို့တတွေထဲက ကိုစောလှိုင်အကြောင်းလေး အရင်ပြောပြချင်ပါတယ်။

ဆရာဟာဂျူလီဖတ်ခဲ့ရတဲ့ ကိုစောလှိုင်ရဲ့စာ


ကိုစောလှိုင် ဆိုတာ အင်းတော်မြို့က NLD အမတ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အမတ်ပေါ့၊ ဦးသန့်အရေး အခင်း ကာလကတည်းက အခုအထိ ထောင်ထဲ ၀င်လိုက်ထွက်လိုက်နဲ့ပေါ့၊ ထောင်က တခါထွက်လာလိုက် နိုင်ငံချစ်စိတ် ပိုပြင်းထန်လာလိုက်နဲ့ အတော်ကို ထုသားပေသား ကျနေတဲ့ ပုဂ္ဂိုလ်ပါ၊သူက သိပ်ထက်တော့ ထစ်ကနဲဆို ဒီမောင်ဆိုသလိုပါပဲ။ သူနောက်ဆုံးထောင်ကျတော့ ပုံနှိပ်ဥပဒေဆိုတာကြီးနဲ့ ကျသွားတာ။ သူ့အိမ်မှာ ကွန်ပျူတာ ပရင့်တာတွေ့လို့တဲ့။ ထောင်ဒါဏ် (၁၂) နှစ်၊ ကသာထောင်မှာကျသွားတာ။

သူထောင်ကျနေတဲ့အချိန်မှာ သူချစ်တဲ့ အဖေအိုကြီးဆုံးသွားရှာတယ်။ ကိုစောလှိုင် အလောင်းတောင် မမြင်လိုက်ရ။

နောက်မကြာခင် သူ့ရဲ့ တဦးတည်းသော သမီးလေး မင်္ဂလာဆောင်တယ်။ သူ့သားမက် ဘယ်လိုရုပ်ရည်ရှိမှန်း မသိလိုက်ရ။ ဒါတွေက ထားပါတော့၊ ပြောချင်တာက သူ့ဇနီးအကြောင်း၊ ကိုစောလှိုင်ထောင်သက် (၆) နှစ်လောက်မှာ သူအမျိုးသမီးက သားအိမ်ကင်ဆာ ဝေဒနာ ခံစားရတယ်။ သူ့ဇနီးရဲ့ နောက်ဆုံးဝေဒနာခံစားနေရချိန်မှာ သူအနားမှာ ရှိမနေပေးနိုင်ခဲ့ဘူး။ ဒါနဲ့ သူ့ဇနီး မကွယ်လွန်ခင် (၇) ရက်လောက် အလိုမှာ ထောင်ထဲကနေ နောက်ဆုံးအနေနဲ့ စာတစောင်ရေးပြီး ပို့ လိုက်တယ်။ အဲဒီစာကလေးဟာ ရင်နင့်စရာကောင်းလွန်းလို့ မူယင်း အတိုင်းပဲ တင်ပေးလိုက်ပါတယ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အမြန်လွှတ်မြောက်ပါစေ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts