>Book on U Maung Ko

>

“မုန်တိုင်း​မှာ ​ကြွေတဲ့​ ကြယ်တပွင့်​” စာအုပ် ထုတ်​ဝေ
ဒီဗွီဘီ
နိုဝင်ဘာ ၉၊ ၂၀၁၁
ထောက်လှမ်းရေးစခန်းတွင် ကွယ်လွန်ခဲ့သည့် ဦးမောင်ကိုအကြောင်းသည် သူကွယ်လွန်ပြီး ၂၁ နှစ် ပြည့်ချိန်တွင် ထွက်ပေါ်လာသည် (ဓာတ်ပုံ – DVB)


စစ်အစိုး​ရလက်ထက် ​ရေကြည်အိုင် စစ်​ကြော​ရေး​စခန်း​မှာ ညှဉ်း​ပန်း​ နှိပ်စက်မှု​ကြောင့်​ အမျိုး​သား​ ဒီမိုက​ရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်သမား​လုပ်ငန်း​အဖွဲ့ဝင် ဦး​မောင်ကို ကွယ်လွန်တာ ၂၁ နှစ် ပြည့်​မြောက်ပြီဖြစ်ပါတယ်။

ဦး​မောင်ကိုကို အမှတ်ရတဲ့​အ​နေနဲ့ ဦး​မောင်ကိုရဲ့​သမီး​ထွေး​ မ​ဆွေ​ဆွေက “မုန်တိုင်း​မှာ ​ကြွေတဲ့​ ကြယ်တပွင့်​” အမည်နဲ့ ဖခင်ရဲ့​ နိုင်ငံ​ရေး​ဖြတ်သန်း​မှု​တွေကို စာအုပ်အဖြစ် ထုတ်​ဝေလိုက်ပါတယ်။

ဒီစာအုပ်ထဲမှာ စစ်အစိုး​ရရဲ့​ စစ်​ကြော​ရေး​စခန်း​မှာ အသက် ဆုံး​ခဲ့​ရတဲ့​ ဦး​မောင်ကိုရဲ့​ ဖြစ်ရပ်​တွေ အပါအဝင် နှစ် ၂၀ ​ကျော်ကာလမှာ နည်း​အမျိုး​မျိုး​နဲ့​ ဖိနှိပ်ခံခဲ့​ရတဲ့​ မြန်မာ့​နိုင်ငံ​ရေး​လောက အ​ခြေအ​နေ​တွေကိုပါ ​ဖော်ထုတ်ထား​ပါတယ်။

စာအုပ် ထုတ်​ဝေရတဲ့​ ရည်ရွယ်ချက်ကို စာ​ရေး​သူ မ​ဆွေ​ဆွေက “ကျမတို့ မိသား​စု အခု ခံစား​ခဲ့​ရတယ်​နော်။ ဒီလို အဖြစ်မျိုး​ ဖြစ်ခဲ့​တယ်ဆိုတာ ဗမာပြည်ထဲမှာ ဥပမာ တခုအ​နေနဲ့လို့ပဲ ကျမက ရည်ရွယ်တာ။ ကျမတို့ မိသားစုလို အဖြစ်မျိုး​တွေ၊​ ဒီ့​ထက်ဆိုး​တဲ့​ အဖြစ်​တွေ၊​ နိုင်ငံ​ရေး​ပြဿနာ​တွေနဲ့​ ပတ်သက်ပြီး​ ဗမာပြည်မှာ ဖြစ်တဲ့​ ပြဿနာ​တွေနဲ့​ ပတ်သက်ပြီး​တော့​ မိသား​စု​တွေက ​သေကွဲ ရှင်ကွဲ အမျိုး​မျိုး​နဲ့​ ကွဲခဲ့​ရတယ်။ အဲဒီ​တော့​ အဲဒီ ဒီခံစား​ခဲ့​ရတဲ့​ လူ​တွေ အား​လုံး​ရဲ့ ဒုက္ခ​တွေ အား​လုံး​ကို ဒီစာအုပ်​လေး​ တအုပ်က ကိုယ်စား​ပြုမယ်လို့ ကျမ ​မျှော်လင့်​ပြီး​တော့​ ဒီဟာ​လေး​ကို ​ရေး​တယ်။ ကျမရဲ့ ပုဂ္ဂလိက ခံစားချက် တခုတည်း​ကို တင်ပြချင်တာထက် ဒါမျိုး​ဟာ တကယ်ဖြစ်ခဲ့​တယ်၊​ ဒါမျိုး​ အဖြစ်​တွေဟာ ​ဖေ​ဖေ့​ ကိစ္စတင် မဟုတ်ဘူး​ အများ​ကြီး​ ရှိ​နေ​သေး​တယ် ဆိုတာကို ကျမ ရည်ညွှန်း​ပြီး​တော့​ ဒီစာအုပ်​လေး​ကို ​ရေး​ဖြစ်ဖို့ ဖြစ်လာတာပါ။”

စာမျက်နှာ ၂၀၀ ပါဝင်တဲ့​ ဒီစာအုပ်မှာ မြန်မာ့​ ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦး​တင်ဦး​တို့က အမှာစာ ​ရေး​သား​ပေး​ထား​ကြပါတယ်။

ဒါ့​အပြင် ဦး​မောင်ကိုရဲ့ နိုင်ငံ​ရေး​ လုပ်​ဖော်ကိုင်ဘက်​တွေဖြစ်တဲ့​ ​ဒေါက်တာတင်မျိုး​ဝင်း​၊​ ဦး​ဇင်လင်း​နဲ့ ​ဒေါ်ခင်မိုး​မိုး​တို့လည်း​ ​အောက်​မေ့​ဖွယ် ​ဆောင်း​ပါး​တွေ ​ရေး​သား​ထား​ကြပါတယ်။

ဦး​မောင်ကိုဟာ မြန်မာ့​ဆိပ်ကမ်း​မှာ မန်​နေဂျာအဖြစ် ၁၉၈၈ ခုနှစ်အထိ တာဝန် ထမ်း​ခဲ့​ပြီး​ ၁၉၈၈ ခုနှစ် မြန်မာ့​ဒီမိုက​ရေစီ​ရေး​ လှုပ်ရှား​မှုမှာ ပါဝင်မှု​ကြောင့်​ သူ့​ကို အာဏာပိုင်​တွေက အငြိမ်း​စား​ပေး​လိုက်ပါတယ်။

ဒီ​နောက် ဦး​မောင်ကိုဟာ စစ်အစိုး​ရရဲ့​ စစ်​ကြော​ရေး​စခန်း​မှာ ကွယ်လွန်တဲ့​ ​နောက်ဆုံး​အချိန် ၁၉၉၀ ပြည့်​နှစ် အထိ အမျိုး​သား​ ဒီမိုက​ရေစီ အဖွဲ့ချုပ်ရဲ့​ ဗဟို အလုပ်သမား​ လုပ်ငန်း​ အဖွဲ့ဝင်အဖြစ် တာဝန် ထမ်း​ဆောင်သွားပါတယ်။

ဦး​မောင်ကိုရဲ့ အ​လောင်း​ကို ရန်ကုန်​ဆေး​ရုံကြီး​မှာ ​တွေ့​ရှိသူ​တွေက အ​ကြောင်း​ကြား​မှ မိသား​စုက သိရသလို သူ့​ခန္ဓာကိုယ်မှာလည်း​ ပြင်း​ထန်တဲ့​ ဒဏ်ရာ အများ​အပြား​ကို ​တွေ့​ခဲ့​ကြရပါတယ်။

ဦး​မောင်ကို ကျဆုံး​ခြင်း​ ၂၁ နှစ်ပြည့်​မှာ ​အောက်​မေ့​ဖွယ်အဖြစ် မိသား​စုက ဒီ​နေ့ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း​၊​ အင်း​လျား​ကန်ဖျား​ ​ကျောင်း​တိုက်မှာ ကျင်း​ပပြီး​ သံဃာ​တော်​တွေကို ဆွမ်း​ဆက်ကပ် လှူဒါန်း​သွား​ပါတယ်။

မူရင်း – ဒီမိုကရက်တစ်မြန်မာ့အသံ http://burmese.dvb.no/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts