>Third Hunger Strike in Insein Prison under new Regime

>

သမ္မတဦးသိန်းစိန် အစိုးရအာဏာရယူပြီးနောက် အင်းစိန်အကျဉ်းထောင်တွင်း၌တတိယအကြိမ်မြောက် အစာငတ်ခံဆန္ဒပြမှုနဲ့ အချက်အလက်များ
မြန်မာနှိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်ထုတ်ပြန်ချက်
မိုးမခ၊နိုဝင်ဘာ ၁၊ ၂၀၁၁
(အစာငတ်ခံဆန္ဒပြမှု၃ ကြိမ်)
      အင်စိန်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏၂၆.၁၀.၂၀၁၁နေ့ မှစတင်သည့် အစာငတ်ခံဆန္ဒ ပြမှုသည်သမ္မတဦးသိန်းစိန်အစိုးရ အာဏာရယူပြီးနောက်ပိုင်း တတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
              ပထမအကြိမ်ဆန္ဒပြမှုကို (မေ၁၇၊ ၂၀၁၁) တွင် နိုင်ငံရေးအကျဉ်းသူ မသန္တာ၊ မခင်ခင်နု၊ ဒေါ်ယဉ်ကြည် စသည်တို့ပါဝင်ခဲ့သည်။ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အပေါ် အစာငတ်ခံ၍ ဝေဖန်ဆန္ဒပြခဲ့ခြင်းဖြစ်ပါသည်။
              ဒုတိယအကြိမ်ဆန္ဒပြမှုသည်(မေ ၂၂၊ ၂၀၁၁) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ကိုဥာဏ်ထွန်းလင်း၊  ကိုညီညီထွန်း၊ ကိုအောင်ကျော်စိုးအပါအ၀င် ၁၇ ဦးက အကျဉ်းသားတို့၏ စာရေး စာဖတ်၊ စားသောက်နေထိုင် မှုများနှင့်ဆိုင်သော၊အကျဉ်းထောင်လက်စွဲဥပဒေပါ အခြေခံရပိုင်ခွင့်များ () ချက်ကို တောင်းဆိုဆန္ဒပြခဲ့ခြင်းဖြစ်ပါသည်။
              ယခု တတိယအကြိမ်ဆန္ဒပြမှုကို(အောက်တိုဘာ ၂၆၊ ၂၀၁၁) (ဗုဒ္ဓဟူး) နေ့ တွင်နိုင်ငံရေးအကျဉ်းသား ကိုဥာဏ်ထွန်းလင်း၊ ကိုသော်ဇင်၊ ကိုကောင်းမြတ်လှိုင် တို့အပါအ၀င်(၁၅) ဦးက၊ အကျဉ်းထောင်လက်စွဲဥပဒေပါ “လျှော့ရက်ခံစားခွင့်များပြန်လည်ရရှိရေး”()ချက်တည်းကို အစာငတ်ခံဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်ပါသည်။
              ၂၆.၁၀.၂၀၁၁ ရက်နေ့ ဆန္ဒပြမှု၏ တောင်းဆိုချက်ဖြစ်သောလျှော့ပေါ့ရက်များခံစားခွင့်ရရေးအစာငတ်ခံဆန္ဒပြမှုသည် ပထမဦးဆုံးအကြိမ်ဆန္ဒပြမှု မဟုတ်ဘဲ ဒုတိယအကြိမ် မြောက်ဖြစ်သည်ဟုသိရှိရသည်။
(လျှော့ပေါ့ရက်များခံစားခွင့်ရရှိရေး ဆန္ဒပြပွဲများ)
              လျှော့ပေါ့ရက်များခံစားခွင့်ရရှိရေးပထမအကြိမ်ဆန္ဒပြမှုမှာ ၁၉၉၈ ခုနှစ်တွင် သာယာဝတီထောင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်းဆိုလှုပ်ရှားမှုဖြစ်ပေါ်လာရသည့်အကြောင်းအရင်းမှာ စစ်အာဏာရှင်တို့၏ အကြွင်းမဲ့ဖိနှိပ်မှုကြောင့်ဖြစ်ပါ သည်။
              ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ၁၈ ရက်နေ့တွင် ပြည်သူ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို လက်နှက်ဖြင့်အကြမ်းဖက်ဖြိုခွဲခဲ့ပြီး၊စစ်ခေါင်းဆောင်တို့မှ အာဏာ သိမ်းပိုက်ခဲ့ပါသည်။ ရေရှည်အာဏာထိန်းချုပ်နိုင်ရေးအတွက်နိုင်ငံရေး၊ စစ်ရေး နည်းတွေနှင့် ဆက်လက် တိုက်ခိုက်ဖိနှိပ်ခဲ့ပြီး အထူးသဖြင့်မြို့ပြနိုင်ငံရေးလှုပ်ရှားမှုများကိုဖြိုခွဲရာ၌ အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်း၊ နှစ်ရှည်ထောင်သွင်း အကျဉ်းချထားခြင်း စသည့်နည်းလမ်းများကိုအဓိက ထားကျင့်သုံးခဲ့ပါသည်။
              ၁၉၈၈ အာဏာသိမ်းပြီးချိန်မှစတင်၍ဒီမိုကရေစီရေးလှုပ်ရှားသူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးပြီး ယနေ့အချိန်ထိ နှစ်ရှည်ထောင်ဒဏ်များနှင့်အကျဉ်းချထားခဲ့ပါသည်။၁၉၉၈ ခုနှစ် ကာလများ အထိ နိုင်ငံရေး အကျဉ်းသားများအား ( ) အဆင့် ထောင်လျှော့ပေါ့ရက်များကို ခံစားခွင့်ပေးခဲ့ပါသည်။
              နိုင်ငံရေးအကျဉ်းသားများသည်ထောင်မှပြန်လည်လွတ်မြောက်ပြီးနောက်ပိုင်း ဒီမိုကရေစီရေးလှုပ်ရှား မှုများတွင် ဆက်လက်ပါဝင်ခဲ့ကြပြီး ၁၉၉၆ ခုနှစ် ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုအပါအ၀င် စစ်အာဏာ ရှင်တော်လှန်ရေးကိုအဆင့်တိုင်းနေရာတိုင်းတွင် ဆင်နွှဲနိုင်ခဲ့ခြင်းတို့ကြောင့် အာဏာပိုင်တို့အနေဖြင့် ဒီမိုကရေစီလှုပ်ရှားမှုအားဟန့်တားနိုင်ရန်နှစ်ရှည်ထောင်ဒဏ်အပြင် ထောင်လက်စွဲဥပဒေပါ လျှော့ရက်ခံ စားခွင့်များဖြတ်တောက်ခြင်းဖြင့်နိုင်ငံရေးအကျဉ်းသားများမလွတ်မြောက်စေရန် အဆင့်တိုးဖိနှိပ်ခဲ့ပါသည်။
              လျှော့ရက်ခံစားခွင့်များမရရှိတော့သဖြင့်ကျနှစ်အတိုင်း ၁၀ နှစ်ကျလျှင် ၁၀ နှစ်အပြည့်၊ ထောင်တွင်း အကျဉ်းချထားရေးပေါ်လစီကို စတင်ကျင့်သုံးခဲ့ပါသည်။
              ၁၉၈၉ ခုနှစ် ဇူလိုင်လတွင်ဖမ်းဆီး ထောင်ချခံရသည့် ( ၄၈/ ၂၈) ယူဂျီ အမှုတွဲများအပါအ၀င် မြေအောက်လှုပ်ရှားသူများအား ပထမဦးဆုံး လျှော့ရက်ခံစားခွင့်များကိုပိတ်ပင်ရာ၌ စတင်ကျင့်သုံးခဲ့ပါသည်။ ၎င်းအမှုတွဲများထဲမှ ၁၀ နှစ်ပြစ်ဒဏ်        ( ပြောင်းလဲ ) ကျခံနေရသူများသည်။ ပုံမှန်လျှော့ပေါ့ရက်များကိုရရှိပါက ၁၉၉၆ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်လွတ်မြောက်ရမည်ဖြစ်ပါသည်။ သို့သော်လည်း အကျဉ်းအာဏာပိုင်တို့ မှ ၁၉၉၆ ခုနှစ်သြဂုတ်လတွင် လာရောက်တွေ့ဆုံ၍ ထောင်ကျရုံး၏စာရင်းအရ ၁၉၉၆ ခုနှစ် အောက်တိုဘာလတွင် လျှော့ပေါ့ရက်များနှင့်အညီပြန်လည်လွတ်မြောက်မည်ကိုသိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများအား လက်မှတ်ထိုးခိုင်းခဲ့ပါသည်။
              ၁၉၉၆ ခုနှစ် အောက်တိုဘာလသို့ရောက်သောအခါ စာရင်းအရ ပထမဦးဆုံး လွတ်မြောက်မည့်သူဖြစ်သည့် ဦးဝင်းကြည် မှ ဘာကြောင့်မလွှတ်ပေးသလဲဟုတင်ပြမေးမြန်းခဲ့ပါသည်။ထိုအချိန်မှစ၍ အာဏာပိုင်တို့သည် တိကျသည့်အဖြေမပေးဘဲ အချိန်ဆွဲထားခဲ့ပြီး ၁၉၉၇ ခုနှစ်တစ်နှစ်လုံး ထောင် လက်စွဲဥပဒေကိုချိုးဖောက်၍ အကျဉ်းချထားခဲ့ပါသည်။
              အကြိမ်ကြိမ်တင်ပြတောင်းဆိုမှုများကြောင့်ထောင်ပိုင် ကြီးဦးဝင်းမြင့် မှ လျှော့ရက်ခံစားခွင့်များကို မပေးတော့ကြောင်း တရားဝင်ပြောကြားခဲ့ပြီးမိမိတို့ အကျဉ်းဦးစီး ဌာနအနေဖြင့် လွှတ်ပေးရန် စာရင်းတင်ပြီးဖြစ်သောကြောင့် ယခုလိုမလွတ်သေးသည်မှာမိမိတို့တာဝန်မဟုတ် တားမြစ်မိန့်ညွှန်ကြားထားသည့် စစ်ထောက်လှမ်းရေးအဖွဲ့နှင့်သာ အဓိကသက်ဆိုင်ကြောင်း ပြောကြားခဲ့ပြီး တင်ပြမှုများကို လစ်လျှူရှုထားခဲ့ပါသည်။
(လျှော့ရက်ခံစားခွင့်၊အစာငတ်ခံဆန္ဒပြပွဲ၊ သာယာဝတီထောင်)
              ထိုကဲ့သို့ စစ်အာဏာပိုင်တို့၏ ဖိနှိပ်ယုတ်မာမှုများကို တုန့်ပြန်ရန်အတွက် ၁၉၉၈ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ( အကျဉ်းသား ရပိုင်ခွင့်လျှော့ရက်များရရှိရေး ) တောင်းဆိုချက်() ချက်တည်းကို ကိုအောင်ကျော်မိုး၊ ကိုသိန်းဇော်၊ကိုခင်မောင်ကြည်၊ ကိုသိန်းထူး၊ ကိုမြင့်ရီ၊ ကိုကျော်ဦးညို၊ ဦးအောင်သန်း တို့ အစာငတ်ခံဆန္ဒပြတောင်းဆိုခဲ့ကြပါသည်။
              ထိုသို့ကြေညာလိုက်သည်နှင့်တပြိုင်နက်အကျဉ်းထောင်လုပ်ထုံး လုပ်နည်းပုံစံများတွင် လက်မှတ်ထိုးခိုင်းပြီး တစ်ဦးချင်းစီခွဲထုတ်တိုက်ပြောင်းခဲ့ပါသည်။ရန်ကုန်ထောင်အုပ်စု မှူးဦးရွှေကျော်မှ လာရောက်ချိမ်းခြောက်ဟန့်တားခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား() ယောက်မှ ဆက်လက်ဆန္ဒပြခဲ့ကြပါသည်။ ထိုအချိန်တွင်အပူလှိုင်းဖြတ်နေသည့်ကာလဖြစ်ပြီး အလွန်နေပူပြင်း ချိန်တို့တွင် ဆန္ဒပြနိုင်ငံရေးအကျဉ်းသားများအားရည်ရွယ်ချက်ရှိရှိဖြင့် အားနည်းချိနဲ့သွားစေရန် ထောင်တွင်းတစ်နေရာမှတစ်နေရာသို့ မေးမြန်းစစ်ဆေးရန်အကြောင်းပြကာမကြာခဏခေါ်ထုတ်ခဲ့ပါသည်။
              ဆာလောင် မွတ်သိပ်မှုဒဏ်၊ရေငတ်ပင်ပန်းသည့်ဝေဒနာများ ခံစားနေရသော နှစ်ရှည် နိုင်ငံရေးအကျဉ်းသားများ ကို(၂၅ CC) ဆေးထိုးပြွန်ဖြင့်၊ တစ်နေ့လျှင်() ကြိမ်၊ စုစုပေါင်း (၇၅CC) ရေပမာဏသာ သောက်ခဲ့ရပါ သည်။ မည်သည့်အရာဝတ္ထု မည်သည့်အကျဉ်းသားမှမရှိသောတိုက်ခန်းထဲတွင် ၀ါဒါအစောင့် ၂ယောက် စောင့်ကြည့် မှုဖြင့်ထားရှိခဲ့ပါသည်။
              ဆန္ဒပြတောင်းဆိုသူများသည်အာဟာရပြတ်အားနည်း၍ သတိလစ်မေ့မျှော ကုန်ပါသည်။ ထိုအချိန်ကျမှသာ အာဏာပိုင်တို့မှ ထောင်တွင်းဆေးရုံသို့ပို့ဆောင်ခဲ့ကြပြီး၊ ဆန္ဒပြမှုအားရပ် တန့်စေခဲ့ပါသည်။ ၁၉၉၈ ခုနှစ် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင်အစာငတ်ခံတိုက်ပွဲတွင်ကျန်ရှိနေသူ ကိုအောင်ကျော်မိုး သည် တိုက်ပွဲဝင်လျှက်ကျဆုံးသွားပြီဖြစ်ကြောင်း၎င်း၏ရဲဘော်များမှ ကြားသိခဲ့ရပါသည်။
              အသက်မသေဘဲ ကျန်ရစ်သူများကို၁၉၉၈ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ဝေးလံလှသောထောင်များသို့ တစ်ဦး ချင်းစီခွဲထုတ်ထောင်ပြောင်းခဲ့ပါသည်။ထိုအချိန်မှစ၍ ထောင်လက်စွဲဥပဒေပါ လျှော့ပေါ့ရက်များကို အမှုတွဲ၊ ဖြစ်စဉ် အဖွဲ့အစည်းအလိုက်တစ်ဆင့်ချင်းစီ ယနေ့အချိန်အထိ ပိတ်ပင်ခဲ့ပါသည်။
              အင်းစိန်အကျဉ်း ထောင်၌လည်း၁၉၉၈ ခုနှစ်  အောက်တိုဘာလတွင်ထောင်ပိုင် ဦးလူလှ ၏ခွင့်ပြုချက်အရ အကျဉ်းတိုက်ကြီး အရာရှိ ဦးမြသိန်း မှ လျှော့ပေါ့ရက်များကိုအထက်မှဖြတ်ခိုင်း၍ မပေးတော့ကြောင်း နိုင်ငံရေးအကျဉ်းသားများအားတရား ၀င်ပြောကြားခဲ့ပါသည်။ 
(သူရဲကောင်းအောင်ကျော်မိုးအသက်စွန့်ခဲ့သည့် လက်ဆင့်ကမ်းတိုက်ပွဲ )
              န၀တ/ နအဖ အစိုးရလက်ထက် ကျင့်သုံးခဲ့သော နိုင်ငံရေးအကျဉ်းသားများ ကိုသာလျှော့ပေါ့ရက်ဖြတ်တောက်ခြင်း ပေါ်လစီကို ယနေ့ ဦးသိန်စိန်အစိုးရလက်ထက် ဆက်လက်ကျင့်သုံးနေ ပါသဖြင့်တိုင်း ပြည်နှင့်လူထုအပေါ်တကယ်ကောင်းကျိုးလိုလားပါသည်ဆိုသော စကားကိုယုံကြည်ရန်မဖြစ်  နိုင်တော့ပါ။
              အာဏာသိမ်းစစ်အာဏာရှင်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအာဏာအလွဲသုံးစားမှုများ နိုင်ငံရေး အကျဉ်းသားများ ပြန်လည်မလွတ်မြောက်နိုင်စေရန် နည်းအမျိုးမျိုးနှင့်တားဆီးခြင်း စသည့်ဖိနှိပ်မှု တို့ကို နိုင်ငံ ရေးအကျဉ်းသားများသည် ဂုဏ်သိက္ခာနှင့်အညီအသက်စွန့်ခုခံတိုက်ပွဲဝင်ခဲ့ကြပါသည်။
              ကိုအောင်ကျော်မိုး သည်  ၁၉၈၈ ခုနှစ်မှသည် ယနေ့အချိန်အထိ တရားမျှတသောအခွင့်အရေးအတွက် ရန်သူ့ အကျဉ်းထောင် အတွင်း အစာငတ်ခံတိုက်ပွဲဝင်လျှက် ပထမဦးဆုံးနှင့်တစ်ဦးတည်းသော ကျဆုံးခဲ့သည့် သူရဲကောင်းဖြစ်ပါ သည်။
              ယနေ့ ဦးသိန်းစိန် အစိုးရလက်ထက် ၂၆.၁၀.၂၀၁၁ ရက် အင်းစိန်အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြတိုက်ပွဲဝင်မှုသည် လွတ်လပ်မှုတရားမျှတမှု တို့အတွက် ဂုဏ်သိက္ခာမြင့်မားသော သူရဲကောင်းတို့၏ လက်ဆင့်ကမ်းတိုက်ပွဲဝင်မှုအဖြစ်နိုင်ငံရေး အကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts