>Talks with Zargana – part 4

>

ဇာဂနာနှင့် အင်တာဗျူးများ (အပိုင်း – ၄)
အလင်းတန်း၊ မြန်မာပို့စ်၊ မြန်မာတိုင်းမ် ဂျာနယ်များ
အောက်တိုဘာ ၂၉၊ ၂၀၁၁
အလင်းတန်းဂျာနယ်၊ အောက်တိုဘာ ၁၇

အလင်းတန်းဂျာနယ်များ ဖတ်ရန် လင့် – http://www.shweamyutay.com/


မြန်မာပို့စ် ဂျာနယ်၊ အောက်တိုဘာ ၁၉
လွတ်လာတာလည်း ဝမ်းသာ ပါတယ်၊ သို့သော် သိပ်ကပ်စေး မနှဲပါနဲ့၊ သမ္မတကြီး ထပ်လွှတ်ပေးပါဦး၊ ကျွန်တော် ပြောတာက Free All

မူရင်း မြန်မာပို့စ်ဂျာနယ် လင့် – http://www.themyanmarpost.com/?p=10108

လူမြင်ကွင်းမှ ကာလအတန် ကြာ ပျောက်ကွယ်နေတဲ့ သူတစ်ဦး သီတင်းကျွတ် လပြည့်နေ့မှာ ထွက် ပေါ်လာ ပါတယ်။ သူကတော့ သူ့ဘ၀ သက်တမ်း တစ်လျောက်မှာ ထောင် လေးကြိမ်ကျဖူးတဲ့ အနုပညာရှင် ဦးသူရ (ခ) ဇာဂနာ ပဲဖြစ်ပါတယ်။ အခုလိုထောင်သွင်းအကျဉ်းချခံရ ရာမှ ပြန်လည်လွတ်မြောက်လာတဲ့ စွယ်စုံရ အနုပညာရှင် ဇာဂနာနဲ့ အင်တာဗျူးဖို့ သူ့ရဲ့နေအိမ်ကို ရောက်ခဲ့ပါတယ်။

အနုပညာရှင်ဇာဂနာ က ထောင်ကနေ ထွက်လာပြီး နောက် ပိုင်းမှာတော့ ထူးထူးခြားခြား ပျော် ရွင်မှု မရှိဘူး လို့ စဆိုပါတယ်။ သူနဲ့ တွေ့တဲ့အချိန်မှာ တော့ထောင်ထဲမှာ နေခဲ့ရတဲ့အခြေအနေတွေ၊ အပြင် ကိုပြန်ရောက် လာတဲ့ အချိန်မှာသူ့ရဲ့ လတ်တလော လှုပ်ရှားမှုစတာတွေ ကို မြန်မာပို့စ် သတင်းဂျာနယ်က တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

မြန်မာပို့စ် – ထောင်က ထွက်လာတဲ့အချိန် မှာ ဘယ်လိုများခံစားရပါသလဲ။

ဇာဂနာ – ဒီလိုဗျ၊ ကျွန်တော် ထောင်ကျတာ လေးခါဖြစ်နေပြီ။ တကယ်တော့ ထောင်ကနေထွက်ရ တာပျော်စရာပါ။ တကယ်လည်း ပျော်သင့် ပါတယ်။ဒါပေမယ့်အဲဒီနေ့ ကမပျော်နိုင်ပါဘူး။ မပျော်နိုင်ရခြင်း ကလည်း ကျွန်တော့်သူငယ်ချင်းတွေ ထောင်ထဲမှာ အများကြီးရှိတယ်။ မြစ်ကြီးနား ထောင်မှာကျွန်တော် အပါအ၀င် လွတ်လာ တာကသုံး ယောက်၊ ကျန်ခဲ့တာ ၁၄ ယောက်၊ တစ်နိုင်ငံ လုံး အတိုင်း အတာနဲ့ ဆိုရင် —–။ အဲဒီ လူတွေ မလွတ်သေးမျှ ကျွန်တော် မပျော်နိုင်ဘူး။ ကျွန် တော် လွတ်လာတဲ့အချိန်ကစပြီး ဖုန်းဆက် နေတာ။ဘယ်သူတွေ လွတ် လဲဆိုတာကိုပေါ့။ ဒါကြောင့် ပျော် ချင်တယ်။ ကျန်တဲ့သူငယ်ချင်းတွေ မလွတ်ကြသေး တဲ့အတွက် မပျော် နိုင်ဘူး။

မြန်မာပို့စ် – ကျန်ခဲ့တဲ့အကျဉ်းသားတွေ အတွက်အပြင်မှာ ဘာများလုပ်ဖို့အစီအစဉ်ရှိလဲ။

ဇာဂနာ- နံပါတ်တစ် ကတော့ သူတို့အကုန်ပြန်လွတ်မယ်လို့ ယုံ ကြည်ပါတယ်။ နှစ် အချက်ကတော့ သူတို့ပြန်လွတ် ဖို့လည်း လုံခြုံရေး ကောင်စီ၊ သမ္မတကြီး အပါအ၀င် ပေါ့။ မေတ္တာ ရပ်ခံပါတယ်။ ကျွန် တော်တို့ အမျိုးသား ပြန်လည်သင့် မြတ်ရေးနဲ့ ရင်ကြားစေ့ရေး အတွက် လုပ်နေကြတဲ့ အချိန်မှာဒီလိုလူမျိုး တွေရှိ နေကြတော့ ဘယ်လိုလုပ် အမျိုးသား ပြန်လည်သင့်မြတ်ရေး တွေလုပ် နိုင်မှာလဲ။ အဲဒီအတွက် ကြောင့် အမျိုးသားပြန်လည် သင့် မြတ်ရေး အတွက် ဒီလိုလူမျိုးတွေ ထောင်ထဲမှာ ရှိမနေသင့်ပါဘူး။ ဒီလိုလူမျိုးတင် မဟုတ်ဘူးနော်။ ဗိုလ် ချုပ်ကြီး ခင်ညွှန့်တို့လို၊ ဗိုလ်ချုပ်ကြီး စန်းပွင့် တို့လိုလူမျိုးတွေလည်း မရှိ သင့်ဘူး။ မြစ်ကြီးနား မှာဆိုရင် ဗိုလ် မှူးကြီး ထွန်းလှအောင် တို့လို ပုဂ္ဂိုလ် မျိုးတွေ အများကြီးရှိတယ်။ အကျဉ်း သား အားလုံးအတွက် ပြောနေတာ။ ဘာမှမဖြစ်စေရပါဘူး။ ကျွန်တော် အသက်နဲ့ ထပ်ပြီးအာမခံ နိုင်ပါတယ်။ လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့ လုံးဝ မရှိပါဘူး။ ဒီကိစ္စက လမ်းပေါ်မှာ လုပ်ရမယ့် အလုပ် မဟုတ်ပါဘူး။

မြန်မာပို့စ် – အကျဉ်းသား တွေ လွတ်ပေး တာနဲ့ပတ်သက်ပြီး အဲဒီအပေါ်မှာ ဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဇာဂနာ – ဒါက ပဏာမ အနေ နဲ့ လုပ်တာ လို့မြင်တယ်။ ပြီးခဲ့တဲ့ အ ခေါက်ကတစ်နှစ်လျှော့တယ်ဆိုတာ ဘာမှ မဟုတ်ဘူး။ အခုဒီတစ်ခေါက် ကျတော့ မတူဘူး။ လွတ်လာတဲ့ သူ စာရင်း အတိအကျကို တော့မသိဘူး။ ဒါပေမယ့် ကောင်းပါတယ်။သို့သော် မလုံ လောက်သေးပါဘူး။ လွတ်လာ တဲ့ဟာကို လည်းဝမ်းသာပါတယ်။သို့ သော်သိပ်ကပ်စေး မနဲပါနဲ့။သမ္မတ ကြီးထပ်လွှတ်ပြီးဦး။ ကျွန်တော်ပြော ချင်တာ က Free All အားလုံးကို လွတ်ပေးပါလို့ ပြောချင်ပါတယ်။ အကုန် လွှတ်ရင်တော့ အတိုင်းအထက် အလွန်ပေါ့။

မြန်မာပို့စ် – ရှေ့က လည်းသုံးကြိမ် လောက်ထောင် ကျဖူးတယ်။ အခုနောက်ဆုံးကျ တဲ့အနေအထားမှာ အရင်က ထောင်ကျ တာနဲ့ အထဲမှာနေရထိုင်ရတာ ကွာခြားမှုရှိလား။

ဇာဂနာ – အနေအထားက တော့တော်တော်ပြောင်းသွားပြီ။ အ ရင်ကထက်အများကြီးတိုးတက်သွား ပြီ။ ၁၉၉၄ ခုနှစ် မတိုင်ခင်က ထောင် ထဲမှာ မြေကြီးပေါ်လမ်းလျှောက် ခွင့်မရှိဘူး။ အခုမြေကြီးပေါ်မှာတစ် နေ့ ၁၂ နာရီ လမ်းလျှောက် လို့ရ တယ်။ နောက်တစ်ခုက အဲဒီအချိန် တုန်းက ထောင်ထဲမှာ ဘာစာမှဖတ် ခွင့်မရှိဘူး။ နောက်အိမ်သာ တက်ပြီး ရင်သုံးဖို့ အတွက် စက္ကူတောင် မရှိ ဘူး။ သစ်ရွက် တွေသုံးရတယ်။ ဒါမှ မဟုတ် အိမ်က ပို့ပေးတဲ့ အ၀တ် တွေကို ကတ်ကြေးနဲ့ အပိုင်းလေး တွေဖြစ်အောင် လုပ်ပြီးသုံးရတယ်။ အခုတော့ သီတင်းစာ ဖတ်လို့ရတယ်။ ဂျာနယ် မဂ္ဂဇင်းဖတ် လို့ရတယ်။ အင်္ဂ လိပ် စာအုပ်တွေ လည်းဖတ်လို့ရတယ်။ နောက်ဆုံး NewsWeek ကအစ ဖတ်လို့ရတယ်။ နောက်တစ်ချက်က သိသိသာသာ ဘာ ပြောင်းလဲလာ လည်းဆိုတော့ အဲဒီတုန်း ကဘယ်လို မှတောင် စိတ်ကူးယဉ် လို့မရတဲ့ တီဗီ ကြည့်ရ တယ်။ နောက်ပြီး FM မှာ ပတ္တမြား FM နားထောင်လို့ ရတယ်။ အဲဒီဟာ တွေကိုက တော်တော်ကွာ နေပါပြီ။ ဒါက စိတ်ပိုင်း ဆိုင်ရာအရ အမြတ်ယူ မယ်ဆိုရင် ယူလို့ရနေပြီ။ အခုဆိုရင် SAT တို့၊ TOEFL တို့ လေ့လာ သင်ယူနေတဲ့သူတွေ တောင် အများကြီး ရှိလာပြီ။ အဲဒီလောက် အထိ ကျွန်တော်တို့ ထောင်ထဲမှာကြိုး စားလို့ ရနေပြီ။ ဒီလိုပဲ ကျန်ခဲ့တဲ့အချိန် တွေကိုပြော ရမယ်ဆိုရင် အကုန်လုံး အရင်က နဲ့မတူတော့ဘူး။ တိုးတက် ပြောင်းလဲ လာတယ်။ ဒီထက်ပိုပြီး တိုး တက်ပြောင်း လဲလာဖို့လည်းမျှော်လင့် တယ်။

မြန်မာပို့စ် – လွတ်လာပြီ နောက်ပိုင်း ဒီနှစ်ရက် တာကာလအတွင်း အပြင်လောက ဘယ်လို ပြောင်းလဲလာတာ ကိုတွေ့ရပါသလဲ။

ဇာဂနာ – အခုလတ်တလော နှစ်ရက်ပဲ ရှိသေးတာဆိုတော့ အပြင် မထွက်ဖြစ်သေးဘူး ဆိုတော့အခြေ အနေ ဘယ်လိုရှိမလဲ မသိသေးဘူး။ ကျွန်တော်ထောင်ထဲ မ၀င်ခင်အချိန် တုန်းက Facebook ဆိုတာသုံးလို့ ရပြီ။ အခုမနက်တင်ပဲ ကျွန်တော် အင်တာနက် ၀င်ကြည့်ဖြစ်တယ်။ ကျွန်တော့် အိမ်က ADSL တပ်ထား တော့ DVB တို့၊ VOA တို့ကသတင်း တွေကြည့် လို့ရနေပြီ။ အရင်က အဲ ဒါတွေကြည့် လို့မရခဲ့ဘူး။ ဒါတွေကို အရင်က ဘန်း(အလွယ် တကူဝင် ကြည့်မရအောင် ပိတ်ဆို့ ထားခြင်း) လုပ်ထားတာလေ။ အဲဒါလေးတွေ ပြောင်းလဲ လာတာကိုတော့ လတ်တ လောတွေ့တယ်။

မြန်မာပို့စ် – လွတ်မယ်လို့ ဘယ်အချိန်မှာ စသိခဲ့လဲ။

ဇာဂနာ – လပြည့်နေ့ နံနက် ၅ နာရီခွဲ၊ အဲဒီအချိန်မှာ ထောင်ကျ ရုံးတာဝန်ခံက အစ်ကိုလွတ်ပါတယ် လို့လာ ပြောတယ်။ ဟုတ်ရောဟုတ် ရဲ့လားလို့ပြန မေးရသေးတယ်။ ညွှန် မှူးက ၀မ်းသာကြောင်းပြောချင်လို့ ထွက်ခဲ့ပါဦး ဆိုလို့ ဘောင်းဘီတိုနဲ့ ရောက် သွားတယ်။ ကျွန်တော်က လည်းအကုန် လွတ်တယ်ထင် လို့ညွှန် မှူးက မဟုတ်ဘူး။ အကုန်လွတ်တာ မဟုတ်ဘူး လည်းဆိုရော ဒီမှာ Feel ငုပ်သွားတယ်။ ပြီးတော့ ရေမိုးချိုး အ၀တ်အစား လဲပြီး တခြားကျန်တဲ့ အ၀တ်အစား အသုံးအဆောင် ဘာမှ မယူဘဲ ကျွန်တော့်စာအုပ် တွေပဲယူ ပြီး ထွက်လာခဲ့တာပါ။

မြန်မာပို့စ် – နောက်ပြီးတော့ သီးလေး သီးအဖွဲ့ ၂၉ ရက်နေ့ ကန်တော်ကြီးမှာ ပြန်လည် ကပြ ဖျော်ဖြေမယ်ဆို တော့ ဦးအနေနဲ့ အဲဒီမှာ ရော ပါဝင်ကပြဖျော်ဖြေပေးဖို့ရှိလား။

ဇာဂနာ – မဖျော်ဖြေပါဘူး။ မ ဖျော်ဖြေဘူး ဆိုတာက ကျွန်တော် ဒီ မှာ သီးလေးသီးတော့ မဟုတ်ဘူး။ ဒီ ရောက်နေ တာ နှစ်သီးပေါ့။ အဲဒီ အထဲမှာ ဂေါ်ဇီလာ ကိုလည်းခေါ်ပြီး တွေ့ပြီးပါပြီ။ ကျွန်တော့်အနေနဲ့ လူ စုံပြီးမှ ကစေချင်တယ်။ ကျွန်တော် တားလို့ မရဘူးလို့ သူတို့ဟာ သူတို့ ကမယ်ဆိုရင်လည်း ကျွန်တော့်အ နေနဲ့ ဘာမှ မတတ်နိုင်ဘူး။ သို့ပေ မယ့် မူလ သီးလေးသီးတော့ မတပ် ပါနဲ့။ လေးသီး မရှိဘဲ နှစ်သီးပဲ ရှိတယ် ဆိုတော့ အဲဒါ သူတို့ကို ပြောထား တယ်။ နောက်ပြီး မြပုဏ္ဏမာ ဆိုတဲ့ နာမည်ကိုလည်း မသုံးပါနဲ့။ ဘာလို့ လဲဆိုတော့ မြပုဏ္ဏမာ က သူတို့နဲ့ ဘာမှ မဆိုင်ဘူးလေ။ မြပုဏ္ဏမာ ဆို တာက ဇာဂနာ၊ အရိုင်း၊ ကင်း ကောင်၊ ဖိုးဖြူ၊ ငှက်ပျော်ကြော်၊ ညောင်ညောင် တို့နဲ့ဖွဲ့စည်းထားတာ လေ။ ဒီလူတွေနဲ့ပဲ ဆိုင်တယ်။ ကျွန် တော့် နာမည်လည်း မထည့်ပါနဲ့ လို့ ပြောထားတယ်။ ဘာကြောင့်လဲဆို တော့ ဒီပွဲကို ကျွန်တော်လုပ်တာ လည်းမဟုတ်ဘူး။ ကျွန်တော် လုပ် တာမဟုတ်ဘဲနဲ့ ကျွန်တော့်နာမည် သုံးတာမျိုး တော့မဖြစ်ချင်ဘူး။

မြန်မာပို့စ် – သက်ဆိုင်ရာ အာဏာပိုင် တွေအနေနဲ့ အနုပညာ နဲ့ပတ်သက်ပြီး ပိတ်ပင် တာတွေ ဘာတွေ ရောရှိလား။

ဇာဂနာ – အခုထိ ဘာမှ မပြော သေးဘူး။ ကျွန်တော့်ကို ထောင်ကစ ပြီး ထွက်လာကတည်းက သူတို့ကိုယ် တိုင်ပဲ ဒီအိမ်ပေါ်ေ ရာက်တဲ့အထိ လိုက်ပို့ သွားတာပဲ။ ကျွန်တော့်ကို ဘာ မလုပ်ပါနဲ့။ ညာမလုပ်ပါနဲ့လို့ တားမြစ် ထားခြင်းမရှိပါဘူး။ ကျွန် တော်ထင်ပါတယ်။ အဆင်ပြေပုံရ ပါတယ်။

မြန်မာပို့စ် – မြပုဏ္ဏမာ အနေနဲ့ ထပ်ပြီး တော့ အငြိမ့်ကပြဖျော်ဖြေဖို့ရှိပါသလား။

ဇာဂနာ – လတ်တလော ပြော ရမယ်ဆိုရင်တော့ မရှိဘူးလို့ဘဲ ပြော ရမယ်။ အရင် လူဟောင်းတွေက အ ခုထက်ထိ အတူပဲ။ ကိုအရိုင်း၊ မောင် မေတ္တာ၊ ကိုငှက်ပျောကြော်၊ ကင်း ကောင်တို့ နေ့တိုင်း ကျွန်တော့်အိမ် ကိုလာကြ ပါတယ်။ ဒီလူတွေကအခု မှမဟုတ်ဘူး။ ထောင်ထဲ မရောက်ခင် ကတုန်းကလည်း အတူတူ။ ထောင် ထဲ ရောက်ပြီးတော့လည်း အတူတူပဲ။ ဘာဖြစ်လို့မကဖြစ်တာလဲ ဆိုတော့ မင်းသမီးက ပွင့်လောက ဖြစ်နေပြီ။ တခြားမင်းသမီးအစား ထိုးလိုက်ရင် မြပုဏ္ဏမာ မဟုတ်တော့ ဘူးလေ။ ဒီသဘောပါ။ နောက်ထပ် စိတ်မ ကောင်းစရာတစ်ခုက ကျွန်တော်တို့ အဖွဲ့ဝင် လူရွှင်တော်ဖြစ်တဲ့ ကိုဖိုးဖြူ က အခုအချိန်မှာ ကျန်းမာရေး တော်တော် ချွတ်ယွင်းနေပြီး အိပ်ရာ ထဲမှာ လဲနေတယ်။ လမ်းတောင်မ လျှောက်နိုင်တဲ့ အခြေအနေဆိုတော့ ကျွန်တော်တို့အနေဲ့ မြပုဏ္ဏမာဆို တာက ပိုမသင့်တော်ဘူးလို့ထင်တယ်။ ကိုဖိုးဖြူအနေနဲ့ လည်း သူမပါဝင်ရ တဲ့အတွက် စိတ်မကောင်း ဖြစ်မယ်။ နောက်ထပ်က သူအိပ်ရာ ထဲလဲနေ တဲ့အတွက် သူ့ကိုတော့ ဖယ်ထား လိုက်ပြီဆိုတဲ့ အတွေးမျိုးဝင်သွားမှာ ကို ကျွန်တော်တို့ အားလုံး မလိုလား ပါဘူး။ အဲဒီ အတွက် ကျွန်တော်တို့ မြပုဏ္ဏမာ အနေနဲ့ ကဖို့မဖြစ်နိုင်သေး ပါဘူး။ သို့ပေမယ့် တခြား ဖျော်ဖြေ မှုပုံစံတွေနဲ့ ပရိသတ် ကိုဖျော်ဖြေသွား မှာပါ။

မြန်မာပို့စ် – အရင်တုန်း ကလိုပဲ ပြည် သူ အကျိုးပြုပြက်လုံး တွေနဲ့ ဆက်လက်ဖျော်ဖြေ သွားဖို့ ကောရှိပါသလား။

ဇာဂနာ – ပျက်လုံးနဲ့ သရော် တယ်ဆိုတာကလည်း အချိန်တိုင်း အလကား သရော်လို့ရတာ မဟုတ် ဘူးလေ။ တကယ်သရော်ဖို့ အကြောင်း ရှိလာမှ၊ ကမောက် ကမဖြစ်ရပ်တစ် ခုခုက ရှိမှ ပြောလို့ရမှာလေ။ အဲဒါ ကြောင့် ဒီလို အနေအထားလေး တွေ အပေါ်မှာ မူတည်ပြီး ပြက်လုံးတွေ က ထွက်လာ တာလေ။ ဒီပြက်လုံး တွေကို တော့ ပြက်ဦးမှာပါ။ ကျွန် တော် ကိုယ်တိုင် မပြောဘူးဆိုရင်လည်း ကျွန်တော့်ညီ တွေရှိတယ်။ သူတို့ ပါးစပ်ထဲ ကနေ တစ်နိုင်ငံလုံးကြား ရမှာပါ။

မြန်မာပို့စ် – အသွင်ပြောင်း ထားတဲ့ အစိုး ရသစ်လက်ထက်မှာ ဥပမာ မြစ်ဆုံကိစ္စတွေ၊ အ ကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာ ခွင့်တွေပြုလုပ် ပေးတဲ့အပေါ် ဦးအနေနဲ့အမြင်လေးပြောပေးပါ။

ဇာဂနာ – ကျွန်တော် ထောင်ထဲ မှာ ဒီကိစ္စကိုကြားရတော့ တော်တော် လေးဝမ်းသာပါတယ်။ အဲဒီနေ့က ထောင်ထဲက လူတွေမှာ လူသတ်သ မားတွေ၊ လူမိုက်တွေ၊ သူခိုးတွေ အစုံပေါ့၊ အများကြီး ရှိတာပဲ။ ကျွန် တော်တို့ မြစ်ကြီးနားထောင်မှာ ဆိုရင် စုစုပေါင်းအကျဉ်းသား ၁,၆၁၇ ဦး ရှိတယ်။ အဲဒီ ၁,၆၁၇ ဦးလုံး အဲဒီ ညနေ ၅ နာရီ မှာ MRTV 4 က Breaking News ဆိုပြီး ကြေညာ လိုက်တဲ့အချိန်မှာ ၀ုန်းဆို ထအော်ပြီး ပျော်လိုက်ကြတာ မြစ်ဆုံ ရပ်ပြီဟေး ဆိုပြီး အဲဒီလို အော်ကြတယ်။ ဒါ ကြောင့် သာမန် အရပ်သားတွေတင် မဟုတ်ပြီး။ ထောင်ထဲ ကလူတွေပါ ဒီလို မျှော်လင့်ကြရင် အပြင်လူတွေ ဘယ်လောက်များ ပျော်ကြလဲဆို တာတွေးကြည့် လို့ရပါတယ်။ ဒီကိစ္စ ဆိုရင် အစိုးရ အနေနဲ့ ကောင်းပါ တယ်။ ကောင်းတာ ကိုကောင်းတယ် လို့ပဲ ကျွန်တော့် အနေနဲ့ပြောရမှာပါ။ မကောင်းဘူး ဆိုတဲ့အချက်ကို ကျွန် တော် ပြောပြပါမယ်။ အခုလွှတ်တဲ့ ကိစ္စမှာ ကပ်စေး နှဲပြီး ဒီလောက် နည်းနည်း လေးပဲလွှတ် ပေးတာ။ အ မျိုးသား ပြန်လည်ရင်ကြားစေ့ရေးအ တွက်လွှတ် ပေးလိုက်ပါလို့ ပြောချင် တယ်။ ဒီလိုမျိုး ကျတော့ မကောင်း ဘူးလို့ပြောရမှာပဲ။ တစ်ခုက မော် တော်ကား အဟောင်းပယ်ဖျက်ပြီး ယာဉ် အသစ်တွေ တင်သွင်းတဲ့ကိစ္စ မျိုး ဆိုရင်လည်း တကယ်ကြိုဆိုရ မယ့်ကိစ္စပါ။ ဒီထက်ပိုပြီးထူးခြားတဲ့ ကောင်းတာ တစ်ခုက လွန်ခဲ့တဲ့ ၆ လလောက်က ကျွန်တော် တို့ ဖတ် မရတဲ့ ဆောင်းပါးတွေ ဂျာနယ် ထဲ မှာဖတ်ရတယ်။ ဒီလိုစာမျိုးတွေ ဘယ် တုန်းကမှ မဖတ်ခဲ့ရဘူး။ အဲဒီအခြေ အနေ ကိုလည်း နောက်မဆုတ် သွားရ အောင်လုပ်ရမှာက အားလုံးရဲ့တာ ၀န်ပဲ။ သို့သော် ဒီထက် ပိုပြီးလွတ် လပ်ခွင့် ရဖို့ ပုဂ္ဂလိကသတင်းစာထုတ် ဝေခွင့်တွေဖြစ်လာစေချင်တယ်။ ဒါ ပေမယ့် အစိုးရမှာ ကောင်းတာတစ် ခုရှိသလို မကောင်းတာ လည်းရှိတာ ပဲ။ ကျွန်တော် တို့က ကောင်းတာကို ကောင်းတယ် လို့ ပြောရမှာ ဖြစ်သလို မကောင်းတာ ကိုလည်း မကောင်း ဘူးလို့ပြောခွင့်ရှိရမယ်။

မြန်မာပို့စ် – ဦးအနေနဲ့ ခုနပြောသလို အခုအချိန် မှာ ဘယ်လိုပြက် လုံးမျိုးကို ထုတ်ချင် ပါသလဲ။

ဇာဂနာ – အခုအချိန်မှာဘယ်လို ပြက်လုံးမျိုးကိုထုတ်ချင် လဲဆိုရင်လတ် တလောစဉ်းစားထားတာရှိတယ်။ လှေလှော် မယ်ဆိုပါစို့။ နှစ်ယောက် ပေါ့။ မျက်နှာ ချင်းဆိုင်ပြီးလှော်လို့ မရဘူး။ နှစ်ယောက်စလုံး မျက်နှာ ချင်းဆိုင်ပြီး လှော်မယ်ဆိုရင်လှေက ဘယ်ရှေ့ ရောက်မလဲ။ မျက်နှာချင်း ဆိုင်ရင် အလုပ်မှမဖြစ်တာ။ နောက် တစ်ခုက ဘုရင် လုပ်ရမှာပေါ့။ ဟိုး ဘုရင် လက်ထက်တုန်းက ပုံပြင်တစ် ပုဒ်ရှိတယ်လေ။ ဘုရင်ကို ငါးအကြီး ကြီး လာဆက်တဲ့ သူငယ်ကို တံခါးမှူး ကဘုရင်က ဆုတော် လာဘ်တော် ပေးရင် ငါ့ကို တစ်ဝက်ခွဲ ပေးရမယ် ဆိုပြီးတော့ တောင်းတာ၊ ဘုရင်ကို ဆုလာဘ် အဖြစ် ကျောတစ်ရာ၊ ရင် တစ်ရာ ရိုက်ပါလို့ ပြောပြီး တံခါးမှူး က သူ့ကို တစ်ဝက်ပေးရမယ် လို့ပြော တယ်ဆိုပြီးပြန် လျှောက်တယ်။ အဲဒါ ရှေးတုန်းက ဆိုပေမယ့် အခုဒီမှာ လုပ်နေတဲ့ ပုံစံနဲ့ကိုက်တယ်။ အဲဒါကို ပုံစံအသစ် လေးနဲ့ ပြန်ပျက်ချင် တယ်။ ဒီတစ်ခါတော့ ငါးလောက် တော့မ ဟုတ်တော့ဘူး။ ကြက်ဆင် လောက် တော့ဖြစ်ချင်ဖြစ်မှာပေါ့။ မြန်မာ မီနီဆလွန်း လည်းဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒီမှာ ဘုရင်က သိသွားတဲ့ အခါ ခေါ်မေးတာပေါ့။ ခုနတံခါးမှူး ကို အဲဒီမှာ ကျွန်တော်က ယူချင်လို့ မဟုတ်ပါဘူး။ ကျွန်တော့် မိန်းမက ယူပါဆို လို့ယူတာပါ လို့ပြောမယ်။ အဲ ဒီအခါမှာ ဘုရင်က အဲဒါဆို မင်းရဲ့ မိန်းမကိုပါဖမ်း မယ်လို့ပြောမယ်ပေါ့။ ကျွန်တော် ဒါမျိုးလေးလည်း စဉ်းစား မိတယ်။ သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ ပတ်သက်တဲ့ဟာမျိုး ကျ တော်စဉ်းစားမိတယ်။

မြန်မာပို့စ် – ပြက်လုံး ထဲမှာ ခုနအကျဉ်း သားတွေနဲ့ ပတ်သက်ပြီးတော့ရော ပြက်လုံး ထုတ်ဖို့စဉ်းစား မိတာများရှိလား။

ဇာဂနာ – အဲဒါကိုတော့ မစဉ်း စားမိဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီ ကိစ္စက ပြက်လုံး အနေဲ့ ပြက်လို့မရ ဘူး။ ဒီကိစ္စ အတည်လုပ်ရမယ့် ကိစ္စ ဖြစ်နေတယ်။

မြန်မာပို့စ် – လက်ရှိမီဒီယာ တွေအပေါ် မှာရော ဦးဘယ်လိုမြင်လဲ။

ဇာဂနာ – ကျွန်တော်ပြောပါ တယ်။ မီဒီယာတွေအများကြီး တိုး တက်ပြောင်းလဲလာပါတယ်။ ကျွန် တော်ပြောခဲ့ သလို လွန်ခဲ့တဲ့ ၆ လ လောက်ကစာ တွေနဲ့ ဘာမှမဆိုင် တဲ့ စာတွေတွေ့ရတယ်။ ဒီလိုစာမျိုး တွေဖတ်ရ လိမ့်မယ်လို့ မမျှော်လင့်ဘူး။ ဒါပေမယ့် ဒီထက်ပိုလွတ်လပ်ခွင့်ရ ဖို့ ကောင်းတယ်လို့ ကျွန်တော် ပြောချင် တယ်။ ပုဂ္ဂလိက သတင်းစာထုတ်ဝေ ခွင့်ကိုပေးသင့်တယ်။

မြန်မာပို့စ် – အခုလို အချိန်ပေးပြီး ဖြေ ကြားပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါ တယ်။

ဇာဂနာ – ဟုတ်ကဲ့၊ ကျေးဇူးတင် ပါတယ်။

ဇော်မင်းနိုင်၊ သူရ


မြန်မာတိုင်းမ် ဂျာနယ်၊ အောက်တိုဘာ ၂၁
နိုင်ငံရေးက ဦးစားပေး နံပါတ်တစ်ပါ

မြန်မာတိုင်းမ် ဂျာနယ်များ ဖတ်ရန် လင့် – http://www.myanmar.mmtimes.com/

နိုင်ငံရေးပြက်လုံးများကြောင့် လွန်ခဲ့သည့် နှစ် ၂၀ကျော်ကပင် လူသိများလာခဲ့သည့် လူရွှင်တော် ကိုသူရ (ခ) ဇာဂနာ၊ မြစ်ကြီးနား အကျဉ်းထောင်မှလွတ်မြောက်လာပြီး နှစ်ရက်အကြာတွင် ၎င်းအကျဉ်းကျခဲ့စဉ်ကာလများအကြောင်းနှင့် အနာဂတ်အစီအစဉ်များကို မြန်မာတိုင်း(မ်) ဒုတိယသတင်းစာတည်း ကျော်ဆုမွန်က သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

* အခုလို လွတ်မြောက်လာပြီးနောက်မှာ နိုင်ငံရေးကော၊အနုပညာကော နှစ်ခုစလုံးကို လုပ်သွားမယ်လို့ ပြောတယ်။ ဘယ်လိုမျှမျှတတဖြစ်အောင် လုပ်သွားဖို့ ရှိပါသလဲ။

နိုင်ငံရေးနဲ့ အနုပညာအလုပ်က နဂိုကတည်းက တွဲလုပ်ခဲ့တာကိုး။ ထောင်ထဲမှာနေကတည်းက ဒီနှစ်ခုကို တွဲလုပ်သွား ရမယ်လို့ စဉ်းစားခဲ့ပေမယ့် တကယ်တမ်း ကျတော့ အနုပညာအလုပ်က ကိုယ် မလုပ်လည်း လုပ်မယ့်သူက ရှိသေးတယ်။ နိုင်ငံရေးကျတော့ အရေး ကြီးတဲ့အချိန် ရောက်လာပြီ။ ဒီအချိန်က အပြောင်းအလဲ ကာလအစ ကလေးလို့ ပြောလို့ရပြီ။ ဒီအချိန်မှာ ကျွန်တော့ဘာသာ ဆုံးဖြတ်ခဲ့တယ်။ ၁၉၈၈ အရေးတော်ပုံကာလကလည်း ပါဝင်ခဲ့တယ်။ ဒီမတိုင်မီကာလက လည်း နိုင်ငံရေးပြက်လုံးတွေလုပ်ခဲ့တယ်။ ထားပါ။ ၁၉၈၈ မှာ ပါတီစုံ ဒီမို ကရေစီရရှိရေး တို့အရေးလို့ အော်ခဲ့ကြတယ်။ ဒါဟာ အစ၊ အခု ၂၃ နှစ် အကြာမှာ လွှတ်တော်ကြီးပေါ်လာပြီ၊ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီ ဆိုတာကြီး ပေါ်လာခဲ့ပြီ ဆိုသော်ငြားလည်း လိုချင်တဲ့ Multiparties democracy ဆိုတဲ့ အနေအထားကို ရောက်မလာသေးဘူး။ရှေ့ဆက်ပြီး ကိုယ်စတဲ့လမ်းကို ကိုယ်ဆုံး အောင်ဆက်လျှောက်ဖို့လိုတဲ့အတွက် နိုင်ငံရေးကို ဦးစားပေးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါက ကျွန်တော် လွှတ်တော်ထဲသွားချင်လို့ မဟုတ်ပါဘူး။ ကိုယ်စား လှယ်လုပ်ချင် လို့လည်း မဟုတ်ဘူး။ လွှတ်တော်ထဲကို ကိုယ်စားလှယ်တွေ ပို့ချင်တာ။ ပို့ပေးရမယ့် ကိုယ်စားလှယ်တွေကို ပြည်သူ့ကိုယ်စား လိုက်ရှာချင်တယ်။ အထူးသဖြင့် လူငယ်တွေကို ပို့ချင်တယ်။ ကျွန်တော့ စိတ်ကူးကို ဘယ်လိုတောင်မှန်းထားသလဲဆိုရင် ရည်မှန်းချက်တစ်ခုထားတယ်။ ၂၀၂၀ ပြည့်နှစ်မှာ စီမံချက်ပြည့်စုံရမယ်လို့ ဆုံးဖြတ် ထားတယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ထက်ငယ်တဲ့ လူငယ်တွေကို လွှတ်တော်ထဲ ရောက်စေချင်တယ်။ ဒီလူငယ်တွေကို ရှာဖွေ ဖို့ရှိခဲ့ရင်လည်း ဘယ်လိုပံ့ပိုးရမလဲ၊ ဘာတွေသင်ချင်သလဲ။ ထောင်ထဲမှာလည်း Nursery လိုပဲ သင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ တော်တဲ့ တတ်တဲ့သူတွေ အများကြီးပဲ။ ဒီလူတွေ ဆီကို အပ်ပြီး ဘယ်လိုသင်ပေးရမလဲ။ သူတို့နားလည်လေ တတ်လေ နိုင်ငံရေး ဆိုတာ ပိုလုပ်လို့ကောင်းတာပေါ့။ ဒီလို ဖြစ်အောင်လုပ်ပေးချင်တဲ့ ဆန္ဒက နံပါတ်တစ်ပေါ့။ ဒါကြောင့် နိုင်ငံရေးကို ဦးစားပေး၊ အနုပညာကို ဒုတိယထား ချင်ပါတယ်။ အနုပညာဆိုရာမှာလည်း ညီတွေ၊ သူငယ်ချင်းတွေကို ပံ့ပိုးရုံ၊ နောက်ကနေ အကြံပေးရုံလောက်တော့ လုပ်နိုင်မှာပါ။ လူကိုယ်တိုင် ၀င်ထွက်ပြီးတော့ မလုပ်နိုင်လောက်တော့ဘူး။ နိုင်ငံရေးက ပိုအရေးကြီးနေတာကိုး။

* ဒါဆို နိုင်ငံရေးကို ဘယ်လောက် ရာခိုင်နှုန်းလောက် အားထည့်ပြီး အနု ပညာကို ဘယ်လောက်ပဲရှိမလဲ။

တကယ်တမ်းက နိုင်ငံရေးက ၈၀ ရာခိုင်နှုန်းလို့ သတ်မှတ်တယ်။ အနုပညာ ကတော့ ၂၀ ရာခိုင်နှုန်းလောက်ပဲပေါ့။

* နိုင်ငံရေးကို စတင်ပတ်သက်ကတည်းက ဦးဇာဂနာအနေနဲ့ လွှတ်တော်ထဲမှာ ပါဝင်ပတ်သက်ချင်ခဲ့တာလား။ ဒါမှမဟုတ် လွှတ်တော် အတွက် ပါဝင်မယ့်သူတွေကို မွေးထုတ်ချင်ခဲ့တာလား။

ကျွန်တော် အစတုန်းက ပွင့်ပွင့်လင်း လင်းပြောရရင် လမ်းစဉ်ပါတီခေတ်က စပြောရမယ်။ ဒီတုန်းက အစိုးရကို သရော်ချင်ခဲ့တာ တစ်ခုပဲ။ ဒီကနေ ၈၈ အရေးတော်ပုံမှာပါခဲ့ပြီး ထောင်ထဲလည်း ရောက်သွားပြီ။ ၁၉၉၄ မှာ ထောင်က လွတ်လာတော့ ၃၃ နှစ်ရှိပြီ။ ထောင်ထဲမှာလည်း ငါးနှစ်လောက် ဖြုန်းခဲ့ရပြီးပြီ။ ဒီတော့ ဘယ်လိုစိတ်ကူးရလာလဲဆိုတော့ လူပြက်တစ်ယောက်ရဲ့အမြင်နဲ့ နိုင်ငံရေး ကို စိတ်ဝင်စားသူအမြင် မတူတော့ဘူး။ လူပြက်တစ်ယောက်က ကမောက်ကမ အဖြစ်တစ်ခုကို ဟာသ ရယ်စရာလုပ် လိုက်မှာပဲ။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူ တစ်ယောက်ဆိုရင်တော့ ကမောက်ကမ တစ်ခုကို ဘယ်လိုပြင်ရမလဲဆိုတာပဲ စဉ်းစားမှာ။ ကျွန်တော့ အနေနဲ့ ဒီလို အမြင်ကို ပိုပြီး လက်ခံရတော့မယ်။ သရော်တဲ့စိတ်ကို လူပြက်အနေနဲ့ပဲထားမယ်။ အရင်က အဲဒီလိုအမြင်နဲ့ ကြည့်ပိုင် ခွင့်မရနိုင်ခဲ့ဘူး။ အဲဒီကာလက စစ်အစိုးရလက်အောက်မှာ။ နိုင်ငံရေးနဲ့ လုပ်လိုက်ရင် ကောက်ဖမ်းမှာပဲ။ ကျွန်တော်ဆို ထောက်လှမ်း ရေး(၆)ကို ခဏခဏ သွားနေရတဲ့သူ။ ဒါကြောင့် လေးခါ အဖမ်းခံရတာ။ ကျွန်တော်က လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့မဟုတ်ဘူး။ အဲလိုနဲ့ ကြာလာတော့ နိုင်ငံခြားမှာ နိုင်ငံရေး သိပ္ပံနဲ့ပတ်သက်ပြီး သင်ချင်တယ်။ ကြိမ်ဖန်များစွာ ကြိုးစားခဲ့တယ်၊ ပတ်စ်ပို့ မရလို့ မသွားခဲ့ရဘူး။ ဒီတော့ ကျွန်တော် မသွားရလည်း သင်ရတဲ့သူတွေ သင်ရအောင်လုပ်မယ်ဆိုပြီး လိုက်ပံ့ပိုးခဲ့တယ်။

* အရင်အစိုးရလက်ထက်ကနဲ့စာရင် အခုအစိုးရသစ်လက်ထက်မှာ ပိုပြီးတော့ လုပ်သာကိုင်သာရှိပြီး ပွင့်လင်းလာပြီလို့ မြင်ပါသလား။

လောလောဆယ်မြင်နေရတာက အဓိက သာမိုမီတာလိုပဲ တိုင်းကြည့်နေရတာက ဂျာနယ်တွေကိုပဲ ကြည့်နေရတာပဲ။ ထောင်ထဲဖတ်တဲ့ ၁၃ စောင်၊ ဒီထဲမှာကိုပဲ တော်တော်ပြောင်းလဲတယ်။ ဒီလို တွေ့လာတော့ သူတို့တောင် ဒီလိုရေးလို့ ရလာရင် ငါတို့ကော ပိုပြီးပြောလို့ ရမလာနိုင်ဘူးလားလို့ တွေးလာမိတယ်။ အမြင် နှစ်မျိုး ရလာတယ်။ လူပြက်အမြင်နဲ့ နိုင်ငံကို ပြုပြင်ပြောင်းလဲချင်တဲ့အမြင်၊ လူပြက် အနေနဲ့ သရော်ချင်တယ်။ ရယ်စရာ ပြောချင်တယ်။ ဒါပေမယ့် ဒီအချိန်က သရော်ရမယ့် အချိန်မဟုတ်ဘူး။ ဒါပေမယ့် ပြုပြင်ပြောင်းလဲ ရမှာကို ဘာ မြင်လိုက်သလဲဆိုတော့ ဒီလိုစုစည်းမှုကို ညီညွတ်အောင်လုပ်ကြဖို့ လိုလာတယ်။ ခေါင်းဆောင်တွေ ခေါင်းစဉ်မရှာတတ် လို့ လူတွေက စည်းရုံးချင်လျက်နဲ့ မစည်းရုံးခဲ့ရဘူး။ ခေါင်းစဉ်သာရှာတတ်ရင် စည်းရုံးနိုင်တယ်ဆိုတာ သွားတွေ့တယ်။ ဒါ အမြတ်ပဲ။ လိုအပ်တဲ့နေရာမှာ ပိုပြောလို့ ရလာပြီ။ ထိထိရောက်ရောက် ပြောဖို့ လိုအပ်လာပြီဆိုတာ မြင်လာတယ်။ ပိုပြီး ပြောခွင့်ရလာမယ်။ သိပ် ကွေ့ပတ်နေစရာ မလိုတော့ဘူး။

* ပြန်လွတ်လာချိန်မှာ စီးပွားရေးအနေနဲ့ကော၊ဘာလုပ်ဖို့စိတ်ကူးထားလဲ။

ဘယ်စီးပွားရေးမှ ပြောရရင် မရှိဘူး။ ခေါင်းထဲမှာ အဲဒါကို မတွေးထားမိဘူး။ တကယ်တော့ လိုမှာပါ။ လူတစ်ယောက် ရပ်တည်ဖို့က ငွေကြေးလိုပေမယ့် ကျွန်တော့အတွက်က အထွေအထူး အကုန်အကျနည်းတယ်။ အ၀တ်အစားလည်း သိပ်မကုန်ဘူး။ စွပ်ကျယ် တစ်ထည်၊ ဘောင်းဘီတစ်ထည်နဲ့ လျှောက်သွားနေတာ။ အရင်ရှာထားလို့ နည်းနည်းပါးပါးရှိတဲ့ ပိုက်ဆံလေးတွေ နဲ့ပဲ ဟိုရောင်းဒီချနဲ့ နေလို့ရပါသေးတယ်။ စီးပွားရေးကတော့ လုပ်နိုင်မယ်မထင်ဘူး။ ရုပ်ရှင်ရိုက်ရင်တော့ ပိုက်ဆံရမှာပေါ့။ မရိုက်ချင်ဘူး။ သိပ်အချိန် ကုန်မှာ စိုးရိမ်တယ်။ လူပြက်ကဖို့ကလည်း တစ်ခါလောက် အပျင်းပြေ ကတာလောက်ပဲ လုပ်ချင်တယ်။ စီးပွားရှာဖို့ ပွဲမကချင်တော့ ဘူး။ အခုဆို ကြော်ငြာတွေ လာအပ်နေတယ်။ ရိုက်ပေးချင်ပေမယ့် ဒီထက် အရေးကြီးတဲ့ကိစ္စလေးတွေ ရှိနေတယ်လို့ ယူဆတဲ့ အတွက် အချိန်ပေးနိုင်ရင် တစ်ခုနှစ်ခုလောက်တော့ ရိုက်တာပေါ့လေ။ ဒီလိုရိုက်လို့ ရလာတဲ့ပိုက်ဆံဆိုရင်လည်း ထောင်ကမလွတ် သေးတဲ့ သူငယ်ချင်းတွေဆီကို ထောင်ဝင်စာ ပို့လို့ ရတာပေါ့လေ။ ကြော်ငြာရိုက်လို့ ၁၅ သိန်း ရရင် ခရီးစရိတ်နုတ်ပြီး ၁၀ သိန်း လောက် ပို့နိုင်တာပေါ့။ ကျွန်တော်ရှာလို့ရတဲ့ ပိုက်ဆံ သူငယ်ချင်းတွေဆီ တစ်ထောင်ချင်းစီ လိုက်ပို့ချင်တယ်။ ကိုယ်တိုင် လက်ထိ လက်ရောက် လိုက်ပေးချင်တယ်။ ပိုက်ဆံပေးတာကတော့ ပိုကောင်းတာပေါ့။ ထောင်မှာ ဈေးဘားဆိုတာ ရှိတယ်။ လိုတာမှာလို့ ရတယ်။ ဒီလို စဉ်းစားမိတယ်။

* မှတ်ပုံတင်နဲ့ ပတ်စ်ပို့လျှောက်ပြီး တက်ချင်တဲ့ သင်တန်းကို နိုင်ငံခြား မှာတက်ဖို့ အစီအစဉ်ကော ရှိသေးလား။

အမှန်တိုင်းပြောရရင် ဟိုအရင်ကတည်းက သွားချင်တာ။ ဟိုဘက်ကလည်း ခေါ်တယ်။ ပတ်စ်ပို့တော့ ပေးသင့်ပြီလို့ ထင်တယ်။ သုံးလလောက် ပဲဆိုရင်တော့ သွားချင်တယ်။ သိပ်ကြာရင် မတက်ချင်ဘူး။ ကျွန်တော် တစ်ခု လုပ်ချင်တာရှိတယ်။ မီဒီယာသင်တန်း လည်း တစ်ပတ်တန်သည် သွားတက် ချင်တယ်။ စိတ်ဝင်စားတယ်။ မီဒီယာကို သင်ချင်တယ်။ တပည့်ခံချင်တာ။ အင်တာဗျူးတဲ့ သူလည်း အရမ်းလုပ်ချင်တယ်။ မေးချင်တဲ့ အစီအစဉ်တွေရှိတယ်။ လယ်ရီကင်းလိုပေါ့။ မေးချင်သူတွေရှိတယ်။ အဲလို မေးချင်မြန်း ချင်တာ။

* ထောင်ထဲက အတွေ့အကြုံတွေကို ပြန်ရေးဖို့ ပြန်ထုတ်ဖို့ စိတ်ကူးရှိခဲ့လား။

ရေးပြီးသားရှိခဲ့တယ်။ ပထမအကြိမ် အဖမ်းခံရတုန်းက စအဖမ်းခံရတဲ့ အချိန်ကစပြီး လွတ်လာတဲ့အချိန်ထိ ဒိုင်ယာရီ ရေးခဲ့တယ်။ ခေါင်းထဲ ရေးခဲ့ရတာ။ လွတ်လာတော့ အဲဟာတွေကို မေ့မှာစိုးလို့ ချရေးခဲ့တာ ဗလာစာအုပ်နဲ့ ရှစ်အုပ်ရတယ်။ ဒါကို အရင်က ယူကေ သံအမတ် ဗစ်ကီဘောမန်းက ယူသွားတာ ပါသွားခဲ့တယ်။ အခု သူက အဆင်သင့် သူ့ လက်ထဲမှာ ရှိပါတယ်လို့ ပြောတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts