>Burmese Children Poem Recital & Essay Contests – Video

>

ကလေး လူငယ်များရဲ့ကဗျာနဲ့ စာစီစာကုံးပြိုင်ပွဲ မြင်ကွင်း
ဆန်ဖရန်ဘေးဧရိယာ၁၂ကြိမ်မြောက် စာပေဟောပြောပွဲ
မိုးမခ ရုပ်သံ၊အောက်တိုဘာ ၁၉ ၊ ၂၀၁၁
ဘေးဧရိယာရဲ့ စာပေချစ်သူများနဲ့(BADA) အဖွဲ့တို့ ပူးပေါင်းကျင်းပတဲ့ ၁၂ကြိမ်မြောက် စာပေဟောပြောပွဲမှာမြန်မာတိုင်းရင်းသားပေါင်းစုံရဲ့ ကလေးသူငယ်များနဲ့ လူငယ်တွေကကဗျာရွတ်ဆိုပြိုင်ပွဲနဲ့ အလွတ်တန်း စာစီစာကုံးပြိုင်ပွဲ မှာဝင်ရောက်ဆင်နွှဲခဲ့ကြပါတယ်။ အဲသည်က မြင်ကွင်းကို တင်ဆက်လိုက်ပါတယ်။
ရေခြား မြေခြားမှာမိဘတွေကိုယ်တိုင် သင်ကြားပေးတဲ့ မြန်မာစာနဲ့ မြန်မာစကားကို ကြိုးစားပြီးပြောဆို ပြိုင်ပွဲဝင်နေကြတာဟာ ကြည်နူးစရာမြင်ကွင်းပါ။ အထူးသဖြင့်ကတော့ တိုင်းရင်းသားမြန်မာမိသားစုတွေစုဝေးနေထိုင်တဲ့ ဥက္ကလံမြို့က ကလေးသူငယ်တွေအတွက် စုဝေး စည်းရုံးလုပ်ဆောင်ပေးခဲ့တဲ့ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်းကိုလည်းက ဆရာ၊ ဒကာ မိသားစုများကိုလည်းကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts