>
တာရာဝေယံ၊ရန်ကုန်၊ အောက်တိုဘာ ၁၃၊ ၂၀၁၁
လက်ရှိအစိုးရရဲ့ အောက်တိုဘာ ၁၂နေ့လည် ၁ နာရီက ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ အမိန့်အရ အကျဉ်းသား၆၃၅၉ ဦးကို အကျဉ်းထောင်အသီးသီးက ဒီနေ့ မနက်ပိုင်းကစပြီး လွှတ်ပေးခဲ့ပါတယ်။ အဲသည်မှာနိုင်ငံရေးအကျဉ်းသား ၃၀၀ နီးပါး ပါဝင်ကြောင်း သိရပါတယ်။
မသန်းသန်းဋ္ဌေး၊ ကိုအောင်ကျော်မိုး
အင်းစိန်ထောင်၊ အမျိုးသမီးအကျဉ်းသားများ စုဝေးနေစဉ်
ရန်ကုန်မြို့ အင်းစိန်ထောင်ကအကျဉ်းသား ၄၀၀ ကျော် လွှတ်ပေးလိုက်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀ကျော်ပါဝင်ပါတယ်။ မနက် ၉ နာရီမှာသတင်းမီဒီယာသမားများကို အင်းစိန်ထောင်တွင်း ၀င်ခွင့်ပေးပြီး အသုတ်လိုက်လွှတ်ပေးနေတဲ့အကျဉ်းသားတွေနဲ့ တွေ့ဆုံပေးပါတယ်။ အကျဉ်းသားအများစုဟာ ရာဇ၀တ်မှုတွေဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားတွေကို သိးခြား လွှတ်ပေးတာမျိုး မဟုတ်ဘူးလို့ သိရပါတယ်။
အင်းစိန်အကျဉ်းထောင်ရှေ့မှာနံနက်မိုးလင်းကတည်းက လူစုလူဝေးနဲ့ စောင့်နေခဲ့ကြသူများဟာ ညနေစောင်းသည်အထိ ဆက်လက်စောင့်ဆိုင်းနေခဲ့ကြပါတယ်။ မလွှတ်သေးတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဟာဘယ်ကို စုံစမ်းရမှန်းမသိဘဲ စောင့်ဆိုင်းနေရပြီး ညနေစောင်းခါမှစိတ်ပျက်လက်ပျက်နဲ့ ပြန်သွားကြတာကို တွေ့နေရပါတယ်။
ဦးဝင်းဇော်၊ လွတ်မြောက်လာသူများနှင့် ၂၀၁၀အမတ် ဦးသိန်းညွန့်
အင်းစိန်ထောင်ရှေ့ စုဝေးနေသူများ၊ မီဒီယာမေးခွန်းဖြေနေသူတဦး
အမျိုးသားအကျဉ်းသားများ စုဝေးနေစဉ်၊ အာဏာပိုင်တို့၏ သြ၀ါဒအစီအစဉ်
နိုင်ငံရေးအကျဉ်းသားမိသားစုများနဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ အခုလွတ်ငြိမ်းချမ်းသာခွင့်ဟာကျေနပ်စရာမကောင်းဘဲ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဋ္ဌေးကြွယ်၊ ကိုမင်းဇေယျာအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေ အားလုံးခြွင်းချက်မရှိ လွှတ်ပေးမှသာ လက်ရှိအစိုးရရဲ့ သဘောထားကြီးမှုကိုတွေ့မြင်ရမှာဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို အကောင်အထည် ဖော်နိုင်မှာဖြစ်တယ် လို့သုံးသပ်ကြပါတယ်။
ထောင်ထွက်လက်မှတ်၊ အင်းစိန်ထောင်ခန်းမတွင် စုဝေးနေသူများ
ကြိုဆိုနေကြသူ မြန်မာပြည်သူနှင့် လက်ရေးဆိုင်းဘုတ်များ
လွတ်ငြိမ်းချမ်းသာခွင့်ကို စောင့်ကြည့်နေသူ မြန်မာပြည်သူလူထု
လတ်တလော လက်ခံရရှိတဲ့နိုင်ငံရေးအကျဉ်းသားလွတ်မြောက်လာသူစာရင်းတွေကတော့
သာယာဝတီ
ကိုမောင်မောင်အေး (ခ) သန်းအေး
ကိုကျော်ဆန်း
ကိုလတ် (ခ) မောင်မောင်လတ်
ကိုပေါ်လွင်
ရှင်နန္ဒတင်သ (ခ) နိုင်ဝင်း
အရှင်သိကိဒြ (ခ) နေလင်းအောင်
ကိုကြည်လွင်
ကိုစိုးမြင့်
ကိုစောသက်ထွန်း
ကိုစိုးညွန့်ဇော်
ကိုကျော်သူရ (ခ) အသေးလေး
မငယ်
ကိုလှဝင်း
မဇံဇံ
ကိုမြင့်ဦး (ခ) ကူးမား
အရှင်နန္ဒ၀ံသ
ကိုမျိုးခိုင် (ခ) ကုလားလေး
အရှင်ကိစံဒြရ
ကိုအောင်နိုင် (ခ) မောင်စန်း
ကိုရှမ်းပု
ကိုမောင်ဇော်
ကိုကျော်မျိုးဝင်း
အင်းစိန်
ဖိုးခွား (ခ) အောက်ကျော်စိုး
ကျော်လင်းထွန်း (ဆေးရုံ)
ကိုဝင်းဇော် (ခ) ကိုလတ်
ကိုထွန်းထွန်းဦး (လှိုင်သာယာ)
ကိုဝင်းဋ္ဌေး
ကိုဘတင်
မသန်းသန်းဋ္ဌေး (ခ) မကြည်ဋ္ဌေး
ကိုရင်ထွန်း (ခ) အတာ
ကိုဝင်းနေထူး
ကိုစောဆိုင်းရွှေ
ကိုစောစကလူး
ကိုထန်ခွန်ထောင်
ကိုစောနိုင် (ပန်းတနော်)
ကိုမိုက်ကယ် (ခ) မိုးအောင်
ကိုထွန်းလင်းဥိး (ခ) ဒိုးလေး
ကိုကျော်ဇောအောင် (ခ) စံနီ
ဦးတင်လှ
ဦးဝင်းမြင့် (ခ) ဘာဘူ
မယဉ်ကြည် (ဆရာမ၊ ပန်းတနော်)
ကိုတင်ကြည်
မကေသီခိုင် (ခ) နှင်းဆီခိုင်
ကိုနိုင်ဝင်း (ခ) ဘောလေး
မအေးချမ်း (ခ) မမြင့်မြင့်စိန်
ကိုတွင်းခန့်အောင်
အာရန (ခ) ရတနာ (အိန္ဒိယ)
ကိုဝိုင်ရွှေ
ကိုရာမဇာဏီ (တာမွေ)
ကိုဇော်ဇော်အောင်
ကိုစောတခူး
ဗန်းမော်
ဗန်းမော်မှ ၁ ဦး
ကျိုင်းတုံ
ကိုဝင်းစိန် (ခ) စိန်ဝင်းမောင်
ငွေကြာရံဆရာတော် ၁ပါး
မြစ်ကြီးနား
ကိုသူရ (ခ) ဇာဂနာ
မန္တလေး
ဦးလှစိုး
ကိုရဲထွန်းမင်း
ဦးသန်းအောင် (ခ) ဦးဖုံးသုမ်
ကိုဇော်မင်းနိုင်
ကိုမောင်မောင်
ဦးမြင့်လွင်
ဦးကျော်ညွန့်
ဦးတင်ဥိး (တမူး)
မောင်မြတ် (တမူး)
ဦးသန်းဝင်း
ကိုသန်းဝင်း
မြင်းခြံ
ကိုနန်းဝေ
ဗိုလ်မှူးဇော်မင်း
ကိုမိုးထက်နေ (ခ အောင်ကျော်မိုး
ကိုသီဟ၀င်းတင်
ကိုမင်းသိုက်
ပူတာအို
ဘိုဘိုဝင်းလှိုင်
မထက်ထက်ဦးဝေ
မမြမြသိန်း
စစ်တွေ
ကိုဇော်မင်း
ဦးထောင်
ဦးကိုကိုကြီး (စမ်းချောင်း)
လာရှိုး
ဦးအုန်းကျော်
ကိုအောင်ကျော်မိုး
ကျောက်ဖြူ
ကိုဇော်ထက်ကို
ကိုအာကာကို
ကိုကိုလွင်
အခြား နိုင်ငံရေးအကျဉ်းသား (၂) ဦး
ရွှေဘို
မယဉ်ယဉ်ဝိုင်း
မလေးလေးမွန်
ဦးဝင်းအောင်
မသီတာထွန်း
ကိုကျော်လှိုင်
ကိုဇော်မင်းသန့်
ဘုန်းကြီး ၂ ပါး
ကိုနေထွန်းနိုင်
ဘူးသီးတောင်
ကိုကိုကြီး (စမ်းချောင်း)
ကိုသန်းထွန်းစဉ်
အောင်စိုး (ဘုန်းတော်ကြီး)
မအူပင်
နွယ်နှင်းရီ (ခ) နိုနို
ခန္တီး
မစုစုနွေး
ကိုမျိုးမင်းဝေ
ကိုမြင့်နိုင်
တင်အောင်
ဦးပါသထ
ဦးကြည်လွင်
ပခုက္ကူ
ကိုချစ်ကိုသွေး
တောင်ကြီး
ဦးကျော်ဇင်
ကလေး
ကိုမင်းအောင်
ကိုအေးချို
ကိုအောင်
ကိုမျိုးကြီး
ကိုမြင့်လှိုင်
ကိုသန်းလွင်ဦး
မော်လမြိုင်
ကိုသက်ဦး
မဖြိုးဖြိုးအောင်
မိုထက်လျှမ်း (ဦးဂမ္ဘီရ ယောက္ခ)
သရက်
မနီမိုလှိုင်



























