>Former Politcal Prisoners pay respect to opposition leaders

>

 နိုင်ငံရေးအကျဉ်းသားဟောင်းများကန်တော့ပွဲကျင်းပ
တာရာဝေယံ၊အောက်တိုဘာ ၁၃၊ ၂၀၁၁
ယမန်နေ့ မနက်ပိုင်းရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ သီရိခန်းမမှာနိုင်ငံရေးအကျဉ်းသားများရဲ့ ပထမဆုံးအကြိမ် ကန်တော့ပွဲကို ကျင်းပခဲ့ပါတယ်။
 အဲသည် ဂါရ၀ပြုပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦး၊ ဦးဝင်းတင်တို့ကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေက စုဝေးပြီးကန်တော့ခဲ့ကြရာမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ၆၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ 
  အခမ်းအနားမှူးအဖြစ်ကိုဘိုဘိုဦးက ဆောင်ရွက်ပြီး ကိုကျော်ထွေးက အစီအစဉ်များကို ကြေညာခဲ့ပါတယ်။ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်တို့က သြ၀ါဒစကားများပြောကြားခဲ့ပါတယ်။
ထိုနေ့တရက်တွင်ပင် လက်ရှိအစိုးရကလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပြီး နိုင်ငံရေးအကျဉ်းသားအချို့အပါအ၀င်အခြားအကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးခဲ့သည်။