>Free Burma from China Colonialism

>

“ဧရာဝတီတော်လှန်ရေး၊ဧရာဝတီကယ်ဆယ်ရေး …
တရုတ်ပြည်ပကျူးကျော်မှုက မြန်မာတမျိုးသားလုံး ဆန့်ကျင်ကန့်ကွက်ကြ”
ကိုမိုက်ခဲစိန်။ မိုးမခ၊စက်တင်ဘာ ၁၅၊ ၂၀၁၁
ပြည်ပက မြန်မာတွေ တရုတ်သံရုံးတွေမှာ ကန့်ကွက်ဆန္ဒြ့ပကြမယ်ဆိုရင် …
လာမယ့် စက်တင်ဘာ ၁၉ ၊ တနင်္လာနေ့၊နေခင်း ၁၂ နာရီလောက်မှာ၊ ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာတွေကဆန္ဒပြကန့်ကွက်မှုတွေ လုပ်ကြမယ်။ မြန်မာပြည်တွင်း ၈၈ မျိုးဆက်တွေရဲ့တိုက်တွန်းချက်အပြင် ပြည်တွင်းက ပညာရှင်၊ စာနယ်ဇင်းသမား၊ မြန်မာပြည်ချစ်သူတွေရဲ့ဆန္ဒသဘောထားတွေကို ထင်ဟတ်နေတယ်လို့ ဆိုပါတယ်။ 

တရုတ်ပြည်က ဧရာဝတီမြစ်ဆုံမှာဆည်ဆောက်နေတာဟာ မြန်မာပြည်ရဲ့ သဘာဝဘေးအန္တရာယ်သာမက တမျိုးသားလုံးရဲ့ လူမှုဘ၀တွေ၊အနာဂတ်တွေပါ ထိခိုက်ပျက်စီးတယ်ဆိုပြီး မြန်မာပြည်သူတို့က အရေးဆိုကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ မြွေပူရာ ကင်းမှောက်ကတော့ ကြံ့ဖွံ့အစိုးရ၀န်ကြီးဦးဇော်မင်းက မြစ်ဆုံစီမံကိန်းတွေကို မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်တဲ့တခဲနက်သဘောထားကို ဥပက္ခာပြုပြီး တရုတ်ပြည်နဲ့ သဘောတူ စီမံချက်များအတိုင်းရှေ့ဆက်တိုးမယ်လို့ အာဏာရှင်ဆန်စွာ စိန်ခေါ်လိုက်တာက ကြောင့်မြန်မာပြည်တွင်းရေးဟာ တရုတ်ပြည်ရဲ့ ကျူးကျော်မှုအရေးအဖြစ်ပါ အရေးပေါ်ဖြစ်လာပါတယ်။

ပြည်ပမှာလည်း တရုတ်ပြည်ဟာလူ့အခွင့်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီးပွားရေး ကုန်သွယ်မှုအရေးတွေမှာနိုင်ငံတကာကွန်မြူနီတီရဲ့ မေးခွန်းတွေ ကန့်ကွက်မှုတွေ ရင်ဆိုင်နေရတာကြောင့်ပြည်ပမှာ မြန်မာကွန်မြူနီတီရဲ့ ဧရာဝတီ လှုပ်ရှားမှုဟာ တရုတ်ပြည်ရဲ့ တတိယနိုင်ငံတွေအပေါ်စီးပွားရေး၊ စွမ်းအင်နဲ့ နိုင်ငံရေးအရ တဖက်သတ် သြဇာလွှမ်းမှု၊ ကျူးကျော်မှုတွေကိုဟန့်တား ဖော်ထုတ် ထင်ရှားစေဖို့ အခွင့်အရေးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

နိုင်ငံတကာကတက်ကြွလှုပ်ရှားတက်ကြွသူ ကွန်မြူနီတီမျိုးစုံကို ပါဝင် လက်တွဲစေချင်ရင်တော့ သူတို့တတွေလက်တွဲနိုင်ဖို့ အဆင်ပြေမယ့် အင်္ဂလိပ်ဘာသာ စာတို ပေစ အညွှန်းများ၊ကြွေးကြော်သံများကို ပြင်ဆင်ပေးတာ၊ လက်ဆင့်ကမ်းတာတွေ လုပ်ကြရင်ကောင်းပေမလားလို့ စဉ်းစားမိပြီး အောက်ပါ ဗိုစာသားများကိုစုဆောင်းပေးလိုက်ပါတယ်။ မိတ်ဆွေတွေက လှမ်းပြီး လက်တို့တဲ့ စာတွေ၊အညွှန်းတွေဖြစ်ပါတယ်။ ကာတွန်းတွေ စုပြီး ပုံနှိပ် ထုတ်ဖော်ကြရင်လည်းကောင်းတဲ့အကွက်ပါပဲ။


The Irrawaddy River is one of the most importantresources to the people of Burma. Indeed it is the lifeblood of the country. The watershed of the Irrawaddy River spans over 60% of the country, andpeople depend on it for the livelihoods, agricultural production,transportation, and much more. This vital river is facing severe risk becauseof plans to build a series of dams in Kachin state, northern Burma where theriver originates. Chinese companies are working with Burma’s military leadersto build the dams, and all the power generated from the dam will go to China.
Therehas bee strong resistance from the people of Kachin state who will bedrastically affected by this dam. More and more people throughout Burma arealso calling out for a stop to this dam as it will affect the socio-economicsituation of the whole country.
Also,a team of scientists from China and Burma, hired and funded by the Chinesecompany, submitted its Environmental Impact Assessment (EIA) to both Chineseand Burmese authorities in October 2009, in which they recommended theabandonment of the largest project, the Myitsone dam. However, the warnings fromthat report have not had any effect on the ongoing construction. 
(brief collected fromUSCB)
“FreeBurma from China”
“Stop China’sDAMS in Burma”
“Stop China’sGreat Wall in Burma”
“Dams forChina, Damned for Burma”
“ChinaChina – Stop Resource Rape in Burma”
“StopChinese Environmental Colonialism” 
 

(Illustration Cartoon – Beruma (MoeMaKa Cartoon Box) – http://beruma.blogspot.com )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts