>Votes rigged by Burmese Regme – voters turn out over 100 percent in Burma

>

စစ်အစိုးရသတင်းပြန်ကြားရေးက ၂၀၁၀ ရွေးကောက်ပွဲ မဲစာရင်းရလဒ်များ ထုတ်ပြန်၊ တောင်ငူတွင် မဲပေးသူ ရာခိုင်နှုန်း ၁၀၀ ကျော်သွားသဖြင့် “အမှန်” ပြင်ဆင်ချက် ထုတ်
မိုးမခ အထောက်တော် ၀၀၃
နိုဝင်ဘာ ၁၇၊ ၂၀၁၀
ယမန်နေ့က ရရှိသည့် သတင်းများအရ စစ်အစိုးရ၏ သတင်းစာများ၏ အချပ်ပိုများတွင် ရွေးကောက်ပွဲရလဒ်များကို ထုတ်ပြန်လိုက်သည်။ ယင်းသို့ ထုတ်ပြန်ရာတွင် တောင်ငူမဲဆန္ဒနယ် အမှတ် ၁ တွင် မဲပေးသူ ရာခိုင်နှုန်း ၁၀၂.၀၉ ဟု မှားယွင်းဖော်ပြမိပါသဖြင့် ပြင်ဆင်ဖတ်ရှူပါရန် နိုဝင်ဘာ ၁၆ သတင်းစာတွင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ၎င်းတို့၏ မဲရလဒ်စာရင်းများကို သည်နေရာမှာ ကြည့်နိုင်သည်။
မြန်မာပြည်က ကာတွန်းဆရာတဦး၏ ဖေ့စ်ဘွတ်တွင် ထိုမဲရလဒ် အမှားကို ကာတွန်းဖြင့် သရော်ထားသည်ကို တွေ့ရသည်။ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲမသမာမှုများ၊ မဲလိမ်မှုများ စသည့် မတရားမှုများနှင့် ပြည့်နှက်နေကြောင်း မြန်မာပြည်သူတို့က ဝေဖန်ရှုတ်ချလျုက်ရှိသည်။ နိုဝင်ဘာ ၁၃ ရက်နေ့က လွတ်မြောက်လာသည့် မြန်မာပြည်၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူတို့နိုင်ငံရေးပါတီက သပိတ်မှောက်ထားသည့်တိုင်၊ ထိုရွေးကောက်ပွဲ၏ မတရားမှုများ၊ မသမာမှုများကို မှတ်တမ်းတင်ပြီး ထုတ်ပြန်နိုင်ရန် ကြိုးစားမည်ဟု သဘောထားပေးထားသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် စစ်အစိုးရဖက်က သတင်းစာများ၊ သတင်းစာရှင်းလင်းပွဲများ၊ ရုပ်သံများနှင့် ၎င်းတို့သဘောထား၊ အာဘော်များနှင့် ထုတ်ဖော်ခြင်း၊ တုန့်ပြန်ခြင်းများ မတွေ့ရသေးပေ။ နိုင်ငံတကာနှင့် မြန်မာပြည်သူတို့ကလည်း စစ်အစိုးရက ၎င်းစိတ်တိုင်းကျချယ်လှယ်ထားသော ရွေးကောက်ပွဲရလဒ်ကို မည်သို့ အသက်သွင်းမည်ကို စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts