>Biographies of Burmese Presients and PM (1948-1988)

>

နိုင်ငံတော် သမ္မတနှင့် ဝန်ကြီးချုပ်များ အတ္ထုပ္ပတ္တိ (၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ) အီးဘုတ် ရနိုင်ပြီ
မြန်မာအိုင်အက်စ်ပီ၊ သြဂုတ် ၁၀၊ ၂၀၁၁
လွတ်လပ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ ပထမဆုံး သမ္မတကြီး ဖြစ်တဲ့ စဝ်ရွှေသိုက် (၁၈၉၆-၁၉၆၂) ကနေ ၁၉၈၈ ခုနှစ်မှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အမည်နဲ့ စစ်အာဏာသိမ်းပြီး နိုင်ငံတော် သမ္မတ အဖြစ် မိမိကိုယ့်ကို ခန့်အပ်ကြေညာခဲ့သူ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး (နောင်-ဗိုလ်ချုပ်မှူးကြီး) ဦးစောမောင် (၁၉၂၈-၁၉၉၇) အထိ နိုင်ငံတော် သမ္မတတွေရဲ့ အကြောင်းကို ဖော်ထုတ်ရေးသားထားပါတယ်
ဒါ့အပြင် ပထမဆုံး ဝန်ကြီးချုပ် ဖြစ်တဲ့ ဦးနု (၁၉ဝ၇-၁၉၉၅) ကနေ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှာ မဆလရဲ့ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးက နောက်ဆုံးခန့်အပ် တာဝန်ပေးခဲ့တဲ့ သူရဦးထွန်းတင် (၁၉၂၃) အထိ နိုင်ငံတော် ဝန်ကြီးချုပ်တွေရဲ့ အတ္ထုပ္ပတ္တိတွေ (၁၉၄၈ မှ ၁၉၈၈ ခုနှစ်ထိ) တွေ ပါဝင်တဲ့ ကျမ်းစာဖြစ်ပါတယ်။
အဆိုပါ တက္ကသိုလ်ကျမ်းစာအုပ်ကတော့ ၂ဝဝ၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုတပညာ ဌာန၊ စာကြည့်တိုက်နှင့် သုတပညာ ဒီပလိုမာဘွဲ့အတွက် လိုအပ်ချက်များ၏ တစိတ်တဒေသ အဖြစ်၊ မောင်မင်းမင်းစိုး၊ ဝိဇ္ဇာဘွဲ့ (ဥပဒေ)၊ ခုံအမှတ် – ၂ ဒီ စသ ၁၃၊ ပြုစုတင်ပြတဲ့ “ပြည်ထောင်စု မြန်မာနိုင်ငံ၊ နိုင်ငံတော် သမ္မတနှင့် ဝန်ကြီးချုပ်များ အတ္ထုပ္ပတ္တိ (၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ)” ကျမ်းငယ် ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts