>staire, Moe Nat Thar

>

ကျေးဇူးဆပ်ချိန်
မိုးနတ်သား

သြဂုတ် ၉၊ ၂၀၁၁


ကိုကိုမောင်ကြီး (ဦးချစ်လှိုင်) စကားအတိုင်းဆိုရင် ဦးနေဝင်းသည် ဘာမှ မယ်မယ်ရရအကြောင်းပြစရာမရှိဘဲ အာဏာသိမ်းကာ ၁၉၆၂ တွင် စစ်အာဏာရှင်စနစ်၊ ထိုမှသည် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့သည်။ ၁၉၈၈ ရောက်သောအခါ တိုင်းပြည်က ဝန်ထုပ်ဝန်ပိုး ဖြစ်လာသော တပါတီအာဏာရှင်စနစ်နှင့် ဆိုရှယ်လစ်အစိုးရကို ဖြုပ်ချခဲ့သည်။ ထိုတော်လှန်ရေးသည် ဂဂဂဂ ရှစ်လေးလုံး ပြည်သူ့အရေး တော်ပုံကြီးဖြစ်သည်။ ထိုတော်လှန်ရေးကြောင့် ၉၀ တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပေါ်ခဲ့သည်။ ဂဂ စစ်အာဏာသိမ်းအစိုးရ၊ စစ်အာ ဏာ ရှင်အသစ်က ရွေးကောက်ပွဲပြီးလျှင် နိုင်သည့်ပါတီအာဏာအပ်ပြီး စစ်တန်းလျားပြန်မည်ဆိုသည့်ကတိနှင့် ကျင်းပခဲ့သည်။

ယခု စစ်အစိုးရသည် ထိုစဉ်က အနိုင်ရပါတီကပြောသည့် နုရင်ဘတ်ကို ကြားမိသဖြင့် အာဏာမလွဲခဲ့ဟု ဆိုချေပြီ။

လာပြန်ပြီ။ ဗိုလ်နေဝင်းထက်ဆိုးသည့် အကြောင်းပြချက်။ ဘာမှမဟုတ်သည့်အကြောင်းပြချက်တစ်ခုဖြင့် အသက်ပေါင်းများစွာ စတေး ခဲ့ရသည်။ တပ်မတော်သားများ၊ တိုင်းပြည်ကို တကယ်ချစ်ကြသူများ၊ သံဃာတော်များ၊ ကျောင်းသားလူငယ်များစသဖြင့် အသက်ပေါင်း များစွာ၊ ယဉ်ကျေးမှုပေါင်းများစွာ၊ ဖွံ့ဖြိုးတိုးတက်မှုပေါင်းများစွာ၊ အချိန်ပေါင်းများစွာ၊ စိတ်ကောင်း စေတနာကောင်းများစွာ စတေးခဲ့ရသည်။ အထူးသဖြင့် တတိုင်းပြည်လုံး စိတ်ဆင်းရဲခြင်းကြီးစွာ၊ ကောက်ကျစ်စဉ်းလဲခြင်းများစွာဖြင့် ဖြတ်သန်းကြီးပြင်းခဲ့ကြရသည်။

တတိုင်းပြည်လုံး မခိုးဖူး၊ မလိမ်ဖူးသူပင် မရှိသလောက်နီးပါးဖြစ်သွားတော့သည်။ NLDပြတ်ပြတ်သားသားအနိုင်ရခဲ့သော ထိုရွှေးကောက်ပွဲ၏ ရလာဘ်ကို စစ်အာဏာရှင်များသည် လွှဲပြောင်းပေးခြင်းမရှိဘဲ ၁၈ နှစ်ကြာ ဈေးညစ်ရင်း ဈေးဆစ်ရင်းပင် ဘယ်သူမှ လက်မခံနိုင်သည့်၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဖြင့် အဆုံးသတ်ခဲ့သည်။

၂၀၁၀ ရောက်သောအခါ ထိုဥပဒေနှင့်အညီ အညစ်အထေးပေါင်းများစွာဖြင့် နိုင်ငံရေးအစိုးရ၊ အရပ်သားအစိုးရပေါ်ထွက်လာသည်။

သို့သော် ထိုအစိုးရသည် သူ့ကို အစိုးရဖြစ်အောင်လုပ်ပေးသောနိုင်ငံရေးကို အမျိုးမျိုးစော်ကားပြစ်မှားခဲ့ရုံမက နိုင်ငံရေးသမားများကို မလွတ်ပေးသေးဘဲ ထောင်ဆက်ချထားသည်။ သူတို့လက်ဆုပ်လက်ကိုင်ပြုထားရသော ၂၀၀၈ ဥပဒေကြီးပေါ်ပေါက်လာစေသည့် နိုင်ငံရေး ပါတီ NLD ကိုလည်း ပါတီရပ်တည်ခွင့် ပိတ်ပင်ဖို့ ကြိုးစားနေပြန်သည်။

ကျေးဇူးသိခြင်းသည် မင်္ဂလာ။

ကျေးဇူးမသိခြင်းသည် အမင်္ဂလာ။

ညစ်ပတ်မှုများ၊ သတ်ဖြတ်မှုများ၊ လုပ်ကြံမှုများ၊ ကျဆုံးသူများ၊ ထောင်ကျသူများ၊ ပြုတ်ကျသူများ၊ များ၊ များ၊ များ၊ များပေါင်းများစွာ။

တကယ်တော့ ကျေးဇူးကန်းခြင်းသည် သွေးရူးသွေးတန်း အကန်းအရမ်း အဖြစ်အပျက်များကိုသာ ဖြစ်ထွန်းစေခဲ့သည်မဟုတ်ပါလား။

တလုပ်စားဖူး သူ့ကျေးဇူးဟုဆို၏။ တသက်စားရေး ကျေးဇူးကြွေးများကား တောင်လိုပုံနေတော့သည်သာတကား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts