>Burmese in Los Angelese marked 23rd 88 Anniversary

>

၂၃ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် Los Angeles တွင်ကျင်းပ
မိုးမခအထောက်တော် အယ်လ်အေ၊ သြဂုတ် ၁၀၊ ၂၀၁၁
၂၃ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အခန်းအနားကို သြဂုတ်လ (၇)ရက်နေ့ နံနက် ၁၀ နာရီက Grand View မြန်မာဘုန်းတော်ကြီးကျောင်းတွင် 8888 L.A Organizer for Burma အဖွဲ့ က ဦးဆောင်ကျင်းပခဲ့သည်။ အခမ်းအနားကို “တရားမျှတ.. လွတ်လပ်ခြင်းနှင့်မသွေ” ကမ္ဘာမကြေသီချင်းနှင့် ဖွင့်လှစ်ခဲ့သည်။

 

 ထို့နောက် “ဒို့ အရေး”  Documentry ရုပ်သံမှတ်တမ်းကို တက်ရောက်လာသည့် ဧည့်ပရိသတ်များအား တင်ဆက်ခဲ့သည်။ ရုပ်သံမှတ်တမ်းတင်ဆက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်ထွန်းရဲ့ ရှစ်လေးလုံး ကိုယ်တွေ့အတွေ့အကြုံ၊ အယ်လ်အေနဲ့ အာရီဇိုးနား မျိုးဆက်သစ်လူငယ်များရဲ့ နိုင်ငံရေးသီချင်းများ သီဆိုဖျော်ဖြေမှုအစီအစဉ်၊ Barefoot Student Army အမည်ရှိ ရုပ်သံမှတ်တမ်း           တို့ တင်ဆက်ပြသခဲ့သည်။ ဧည့်ပရိသတ် ၃၀၀ ခန့် တက်ရောက်ခဲ့ကြပြီး နေ့ခင်း ၂ နာရီတွင် အခမ်းအနားပြီးဆုံးသည်။ 
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts