>8888 Day in Japan.

>

၂၃ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့ ချီတက်လှုပ်ရှားမှုများ
ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများမှ ပြုလုပ်

ထွန်းဝေ
သြဂုတ် ၉၊ ၂၀၁၁


၂၃ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်နေ့ ချီတက်ဆန္ဒပြပွဲအခမ်းအနားကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင် အားစုများဦးစီး၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ မြန်မာ့အရေးကို ကူညီဆောင်ရွက်ပေးကြသည့် ဂျပန်အလုပ်သမား သမဂ္ဂများနှင့် ဂျပန်လူမျိုးများ၊ NGO အဖွဲ့များ နှင့် ABSDF ကျောင်းသားများဟောင်းများတို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါသည်။ ဒီနေ့ (၂၃) နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအပါအဝင် မြန်မာ့ဒီမိုကရေစီအင် အားစုများပါဝင်တဲ့ စီတန်းလှည့်လည်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့Gotanda အရပ်ရှိ Minami Gotanda ပန်းခြံတွင် စုရပ်လုပ်ကာ၊ နေ့ လည် ၂း ၃ဝ တွင် အခမ်းအနားကိုစတင်ကာ နေ့လည် ၃ နာရီတွင် အတုအယောင် စစ်အုပ်စု အခွန်ရုံးသို့ စီတန်းလှည့်လည် ဆန္ဒပြ ခဲ့ကြပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ လူထုအုံကြွမှုမှာ စွန့်လွတ်စွန့်စား အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာ နည် သူရဲကောင်းအပေါင်းတို့ကို အလေးပြုခြင်း၊မိမိတို့၏ နိုင်ငံရေး ယုံကြည်ချက်များကြောင့် အကျဉ်းထောင်များအတွင်း မတရား ဖမ်းဆီးခံနေကြရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးတို့ကို ဦးညွတ်ဂုဏ်ပြု ပြီးသည့်နောက် ကျင်းပရေးကော်မတီကိုယ်စား ဦးဘုန်းမြင့် ထွန်းမှ ၁၉၈၈ ခုနှစ်မှာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးနှင့်ပတ်သက်သည့် နောက်ခံသမိုင်းများကို ရှင်းလင်းပြောကြားးခဲ့ပါသည်။

ရဲဘော်ထွန်းဝေမှ ရှစ်လေးလုံးသွေးကြွေးများ ကဗျာနှင့် ABSDFကျောင်းသားများဟောင်း ကိုညီညီလွင်မှ ABSDF မှပေးပို့သော သ၀ဏ် လွှာကိုဖတ်ကြားခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးသောင်းလှိုင်က မြန်မာပြည်ရဲ့စီးပွားရေးချွတ်ခြုံကျမှု၊ အုပ်ချုပ်သူများရဲ့ အာဏာရှင်ဆန်မှုတို့ကြောင့် ဖြစ်ပွားလာခဲ့ရတဲ့ ၁၃၅ဝ ပြည့် အရေးတော်ပုံလို့ခေါ်ဆိုနိုင်တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဟာ ဒီနေ့ ဆိုရင် (၂၃) နှစ်ပြည့်ခဲ့ပါပြီ။ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို စတင်ဦးဆောင်ခဲ့သူတွေဟာလည်း မြန်မာပြည်ရဲ့ကျောင်းသား တွေဖြစ်ခဲ့သလို ပြည်သူတရပ်လုံးရဲ့ ပါဝင်ပူးပေါင်းမှုကြောင့်လည်း မြန်မာ့သမိုင်းမှာ မော်ကွန်းတင်နိုင်ခဲ့သလို၊ ကမ္ဘာကပင် အသိအမှတ်ပြုခံ ခဲ့ရတဲ့ အရေးတော်ပုံကြီးလည်းဖြစ်ခဲ့ကြောင်း ကျောင်းသားနဲ့ပြည်သူတွေကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် ခွပ်ဒေါင်းသွေးတွေနဲ့အတူ ပြည်သူ့သွေးတွေပါ မြေကျခဲ့ကြရကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ပူးပေါင်းပါဝင်ကြသည့် အဖွဲ့ အစည်းအသီးသီး တာဝန်ရှိသူများတို့မှ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ မပြီးဆုံးသေးသည့် ဒီမိုကရေစီ အဆုံး သတ်တိုက်ပွဲကြီးကို ဆင်နွှဲကြဖို့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ မဆလတပါတီ အာဏာရှင်စနစ်ကိုဖျက်သိမ်း အဆုံးသတ်နိုင်ခဲ့ပေမယ့် အာဏာရှင်စနစ်၏ ဖိနှိပ်ရက်စက်မှုအောက်တွင် ယနေ့ချိန်ထိ ဆက်လက်တိုက်ပွဲဝင်နေကြရဆဲဖြစ်ကြောင်း ရှစ်လေးလုံးအရေးတော်ပုံ စိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်းတိုက်ပွဲဝင် ဆင်နွှဲကြဖို့ တိုက်တွန်းပြောကြားသွားခဲ့ကြပါသည်။ ဂျပန်နိုင်ငံရဲ့ လူစည်ကားရာ မြို့လယ် လမ်းမကြီးများအတိုင်း ချီတက်လာကြပြီး ချီတက်သွားရာ လမ်းတလျှောက်တွင်လည်း မတရား အဖမ်းဆီခံ နိုင်ငံရေးအကျဉ်းသားများအားလုံး “ချက်ချင်းလွတ်” ၊ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ၊ တိုင်းရင်းသားဒေသများအတွင်း အကြမ်းဖက်စစ်ဆင်နေမှုတွေ “ချက်ချင်းရပ်” ၊ စစ်မှန်သည့် တွေ့ဆုံဆွေးနွေးရေး “ချက်ချင်းလုပ်” စသည့် ဂျပန်နှင့် မြန်မာ နှစ်ဘာသာ ကြွေးကြော်သံများဖြစ် ချီတက်ဆန္ဒပြတောင်းဆို ခဲ့ကြပါသည်။

ကျင်းပရေးကော်မတီကိုယ်စား ဦးကျော်ကျော်စိုးမှ ချီတက်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ဒီမိုကရေစီအင်အားစုများကို ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ညနေ ၄း ၀၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ ချီတက်ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာလှုပ်ရှားသူ စုစုပေါင်း အင်အား (၈၀၀) ခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံရောက် ဒီမိုကရေစီအင်အားစုများ၏ ရှစ်လေးလုံးအထိမ်းအမှတ် လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ
ဓာတ်ပုံ -ဦးသန်းဝင်း








ဂျပန်ရောက် အင်အားစုတို့၏ ၈၈၈၈ နေ့ လှုပ်ရှားမှုမှတ်တမ်း ရုပ်သံအား ဒီနေရာတွင် ကြည့်နိုင်ပါသည်။
ဗွီဒီယို – ဇေယျာအောင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts