>Thee Lay Thee, WLB & DVB laud at Regime’s Congress

>

 အမျိုးသမီးတွေက လွှတ်တော်ကို ချွတ်ပြီ
မိုးမခအထောက်တော် မဲဆောက်၊ ဇူလိုင် ၂၃၊ ၂၀၁၁
အမျိုးသမီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ (WLB) စီစဉ်ရိုက်ကူးသော  “ချွတ်ချော်တဲ့လွှတ်တော်”လို့ အမည်ပေးထားတဲ့ ဟာသသရုပ်ဖေါ်ဇာတ်လမ်းကို DVB ကထုတ်လွှင့်ပြသတော့မှမယ်လို့ ဆိုပါတယ်။ 
မြန်မာနိုင်ငံမှာ အသစ်ပေါ်လာတဲ့ ကြံ့ဖွံ့လွှတ်တော်ကို လှောင်ပြောင်၊ သရုပ်ဖေါ်ထားတဲ့ ဇာတ်လမ်းတပုဒ်ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ကြယ်သီး၊ ပန်းသီး၊ ဇီးသီး စတဲ့ သီးလေးသီး – သီးညီနောင်အဖွဲ့သားများနဲ့အတူ ချင်းမိုင်က မြန်မာအနုပညာရှင်များ ပူးပေါင်းပါဝင်ထားကြပါတယ်။
 
“စစ်အာဏာရှင်တွေလက်အောက်ရောက် မြန်မာပြည်ကအတုအယောင်လွှတ်တော်တွင်းမှာ အမတ်ဆိုသူတွေ တိုင်းပြည်အတွက် လွတ်လပ်စွာ လူထုအကျိုးမဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို  ဖော်ထုတ် သရော်ထားတာဖြစ်တယ်။ နိုင်ငံရေးလွတ်လပ်ခွင့် မပြောနဲ့ဦး၊ အနုပညာလွတ်လပ်စွာ တင်ပြခွင့်မရှိသေးတဲ့ မြန်မာပြည်တွင်းမှာ ယခုကဲ့သို့ တင်ဆက်မှုတွေ ပေါ်ထွန်းလာဖို့ မျှော်လင့်မိတယ်” လို့ သီးလေးသီး – သီးညီနောင်အဖွဲ့က ကိုပန်းသီးမှ မိုးမခကို ပြောကြားခဲ့ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts