>for July 2011 – MoeMaKa rasied charity for Burma – 670 + 1500 US$

>

မိုးမခမိတ်ဆွေများ နိုင်ငံရေးအကျဉ်းသားကူညီမှု ၅ သိန်း ၈ သောင်းနဲ့
မြန်မာပြည်သားချင်း ဒီမိုကရေစီရေးကူညီမှုရန်ပုံငွေ US$ ၁၅၀၀ ဇူလိုင်မှာ လှူ
မိုးမခ၊ ဇူလိုင် ၂၁၊ ၂၀၁၁
မိုးမခမီဒီယာနဲ့ မိုးမခမိတ်ဆွေများရဲ့ မြန်မာ့ဒီမိုကရေစီရေး ကိုယ်ထူကိုယ်ထကူညီမှု ရန်ပုံငွေလှုပ်ရှားမှုရဲ့ ဇူလိုင်လ အလှူငွေတွေကတော့ အထက်ပါအတိုင်းဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
အယ်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်မှုလုပ်ငန်းမှတဆင့် နိုင်ငံရေးအကျဉ်းသား ၅၄ ဦး (အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၄ ဦး ယခုလမှ စတင်ပါတယ်) အတွက် တလလျှင် ကျပ်ငွေ ၁ သောင်းစီ၊ (သီးခြားအလှူရှင် ၂ ဦးက ထပ်ဆောင်းငွေ ၃ သောင်းနဲ့ ၁ သောင်းဖြင့်) ကျပ် ၅ သိန်း ၈ သောင်း လှူပါတယ်။
မိုးမခရဲ့ လစဉ် ဒီမိုကရေစီရေးကူညီမှုရန်ပုံငွေကတော့ မြန်မာပြည်တွင်းက သက်ကြီး နိုင်ငံရေးသမား၊ အကျဉ်းကျ စာနယ်ဇင်းသမား၊ သပိတ်မှောက် စာပေပညာရှင်များ၊ အကျဉ်းကျ သံဃာတော်နဲ့ သက်ဆိုင်ရာမိသားစုများထံ ကောက်ခံရရှိသမျှနဲ့ အမေရိကန်ဒေါ်လာ ၁၅၀၀ ကို လှူဒါန်းခဲ့ပါတယ်။
 (ဓာတ်ပုံ – ၂၀၀၉ ဇွန်လ ၁၉၊ ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့်နေ့၊ အင်န်အယ်ဒီရုံးချုပ် အခမ်းအနားမှာ တွေ့ရတဲ့ မြန်မာကလေးငယ်တဦးရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ မိုးမခ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts