>Helicopter crashes in sea off Burma, killing 3 ‎

>

မြန်မာ့ပင်လယ်ပြင်တွင် ရဟတ်ယာဉ်ပျက်ကျ၊ ၃ ဦး သေဆုံး
မိုးမခအထောက်တော် အမှတ် ၀၀၆
ဇူလိုင် ၁၂၊ ၂၀၁၁

ရန်ကုန်လေဆိပ်တွင် တွေ့ရသည့် Sikorsky SK-76 အမျိုးအစား ရဟတ်ယာဉ်တစီး (ဓာတ်ပုံ – Mahathir Mohamed Salleh)


မြန်မာ့ပင်လယ်ပြင်တွင် ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က ရဟတ်ယာဉ်တစီးပျက်ကျသဖြင့် ၃ ဦး သေဆုံးသွားကြောင်း ဆင်ဟွာသတင်းတပုဒ်တွင် ရေးထားသည်။

တနင်္သာရီတိုင်း ရဲတခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းအနီး ပင်လယ်ပြင်တွင် ပျက်ကျသွားသော ရဟတ်ယာဉ်မှာ ပြင်သစ်နိုင်ငံလုပ် Sikorsky SK-76 အမျိုးအစား ရဟတ်ယာဉ် ဖြစ်သည်ဟု ဆိုသည်

စက်ပိုင်းဆိုင်ရာ ချို့ယွင်းသဖြင့် ပျက်ကျရခြင်း ဖြစ်မည်ဟု ယူဆနေကြသည်။

သေဆုံးသူထဲတွင် ရဟတ်ယာဉ်မှူးတဦးဖြစ်သည့် လေတပ်အရာရှိဟောင်း ဦးအုန်းသိန်းလည်း ပါဝင်သည်ဟု
ရန်ကုန်မြို့တော်မှ လာသည့် DPA နှင့်
AP သတင်းများတွင် ဖော်ပြထားသည်။

ပြင်သစ်အခြေစိုက် Heli Union ကုမ္ပဏီက စီမံခန့်ခွဲသော ရဟတ်ယာဉ် ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံပေါင်း ၄၀ ကျော်တွင် ဖြန့်ကျက် လုပ်ဆောင်နေသော Heli Union ရဟတ်ယာဉ် ကုမ္ပဏီ အင်တာနက် စာမျက်နှာတွင် တွေ့ရသော ကမ်းလွန်ရေနံတူးစင် နှင့် ရဟတ်ယာဉ်တစီး





သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts