>Project Hlep Burma accepting grant application from inside Burma for Charity Works

>

ဆန်ဖရန်ဘေးဧရိယာက Project Help Burma က ပြည်တွင်းကူညီမှု လျှောက်လွှာခေါ်နေပြီ
မိုးမခအထောက်တော် ၀၀၂၊ ဇူလိုင် ၁၂၊ ၂၀၁၁
၂၀၀၉ ခုနှစ်ကတည်းက စတင်ပြီး ဈေးရောင်းပွဲများလုပ်၍ ရန်ပုံငွေရှာနေတဲ့ Project Help Burma မြန်မာလူမှုရေးကူညီမှု ရန်ပုံငွေအဖွဲ့က ၂၀၁၁ အတွက် မြန်မာပြည်တွင်းက အလှူခံလျှောက်လွှာများကို လက်ခံနေပြီဖြစ်တယ်လို့ အကြောင်းကြားထားပါတယ်။ ဒါက ဒုတိယအကြိမ် ကူညီမှုလျှောက်လွှာများကူညီခြင်း ဖြစ်ပါတယ်။
၂၀၀၉ ကတကြိမ်၊ ၂၀၁၀ ယမန်နှစ်မှာ တကြိမ် ဆန်ဖရန်ဘေးဧရိယာမှာ ဈေးရောင်းပွဲများ ကျင်းပပြီး အလှူငွေ စုဆောင်းလို့ မြန်မာပြည်တွင်းက လျှောက်ထားလာသူ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ ကူညီမှုတွေကို လက်ခံစိစစ်ပြီး ထောက်ပံ့မယ်လို့ ဆိုပါတယ်။ အဲသည်အဖွဲ့ကို ဘေးဧရိယာက လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး စိတ်ဝင်စား တက်ကြွလှုပ်ရှားသူအချို့က ကိုယ်ထူကိုယ်ထစုစည်းတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ဖြစ်ပါတယ်။
သည်နေရာမှာ လျှောက်လွှာတွေ ခေါ်ယူနေပါပြီ။ မြန်မာပြည်တွင်းက လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts