>Moemaka quotes in June

>

မိုးမခ၏ ဇွန်လ စာကိုး၊ စကားကိုး
ဇူလိုင် ၂၊ ၂၀၁၁


အထူးသဖြင့် အထက်တန်း လွှာနဲ့ အလယ်တန်းလွှာလူတန်းစားတွေ ထဲကပေါ့။ အမျိုးသားရောအမျိုးသမီးရော ပဲ။ ရာခိုင်နှုန်းအရ ဆိုရင် အမျိုးသားက ၈၀လောက်ရှိပြီး အမျိုးသမီးက ၂၀ ရာခိုင် နှုန်းလောက်ရှိလာတယ်။ အထူးသဖြင့် အနုပညာရှင် အမျိုးသမီးတွေကြားမှာလဲ တက်တူးထိုးမှုတွေ များလာပါတယ်။
ကိုနိုင်ကြီး၊ Body Act Ta Too ဆိုင်
yangonmedia.com ဇွန် ၂၂

============================

ယခင်က အသက်ကြီးကြီး လူကြီးများ ကောင်မလေးငယ်ငယ်များနင့် တွဲ့ကာ နေသည်ကို ကန့်ကွန်ချင်သော်ငြား ယခု လက်ခံချင်၏။ အိုကြီးအိုမများကို ကြည့်ရသည်ထက် ချစ်စရာလေးများကို ကြည့်ရသည်မှာ စိတ်မချမ်းမြေ့ပါလော။ မိမိ ကိုယ်မိမိလည်း အိုမည်ကို စိုးရိမ်၏. ရုပ်ပျိုဆေးများ သောက်သည်ကို အားကျ၏. မသောက်ရဲ. ထိုဆေးများ ဖြတ်လိုက်လျင် ရုပ်ရှင်များထဲကသို့ ရွှီ ဟု ဆိုကာ ကျုံ့ဝင်သွားပြီး အဖွားကြီး ဖြစ်သွားမည်ကို စိုးရိမ်၏. ကျန်းမာလျှင် ဝမ်းသာရသောအခြေအနေကို မမေ့စေရန် သူမကိုယ်သူမ သတိပေး၏။ ဤသည်မှာ သူမ၏ လက်ရှိ အခြေအနေ ဖြစ်၏။
ဘလော်ဂါ ခင်ဦးမေ
khinoomay77.blogspot.com ဇွန် ၁၁

============================

သားကြီး၂နှစ် ၃ နှစ်လောက်မှာ ကျမတို့ ဇနီးမောင်နှံနှင့် သား၏အဘိုး၊ အဘွားများ ခေါင်းချင်းဆိုင်ပြီး သားကို ဘာတူရိယာ သင်ပေးမလဲ တိုင်ပင်ကြသည်။ ကျမက သားကို စန္ဒယား တီးစေချင်သည်။ သားအဖေက ဆက်ဆိုဖုန်း မှုတ်သံက အားရှိတာကွ လို့ ပြောသည်။ သားအဘိုးကတော့ မိဘတွေလည်း ခြေနိုင်လက်နိုင် ၀ယ်ပေးနိုင်အောင် တယောပဲ သင်ခိုင်းတာ ကောင်းမယ် ထင်တယ် တဲ့။ စန္ဒယားဆို ဈေးကြီးတယ်လေ။ သားအဘွား ကတော့ သူ အသေအချာ အော်ဒါမှာပြီး လုပ်ထားတဲ့ ပတ္တလား ရှိနေတာပဲ။ အဲဒါကို တီးပစေပေါ့ တဲ့။
ဘလော်ဂါ ခက်မာ

khetmar.blogspot.com Jun 27

============================


(၁၉၈၅ ခုနှစ် တောင်အာဖရိက)မှာ The Sharpeville Massacre နှစ်ဆယ့်ငါးနှစ်မြောက် နှစ်ပတ်လည်ကို လူထုလှုပ်ရှားမှု အသွင်နဲ့ ကျင်းပကြတာကြောင့် အစိုးရက နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေငြာ လိုက်ရပါတော့တယ်။

ဒီအခါမှာ လူပေါင်း နှစ်သန်းကျော်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း ခုနစ်ထောင်ကျော်က နိုင်ငံရေးအန်တုမှု လှုပ်ရှားမှုကြီးကို စတင်ကြပါတော့တယ်။ လှုပ်ရှားမှုတခုမှာ အဖွဲ့အစည်းများတာက အကြောင်းမဟုတ်ပါ။ ဒီအဖွဲ့အစည်းတွေအားလုံးဆီမှာ ခိုင်မာတဲ့ တိုက်ပွဲဝင်စိတ်ဓာတ် ရှိနေဖို့ကသာ အရေးကြီးတာပါ။ ဒီစိတ်ဓာတ်ရှိရင် အရေးကြုံလာချိန်မှာ အလိုအလျောက် ပေါင်းစည်းအား ထွက်သွားစမြဲပါပဲ။ ဒီအဖွဲ့အစည်း ခုနစ်ထောင်ကျော်ဟာ Mass Democratic Movement (MDM) ခေါင်းစီးအောက်မှာ လှုပ်ရှားခဲ့ကြပါတယ်။
ဘလော်ဂါ ခင်မမမျိုး
khinmamamyo.blogspot.com ဇွန် ၁၂

============================


ပစ္စည်းတစ်ခုဝယ်ခါနီးရင် သူ့မှာပါတဲ့ functions, pros and cons တွေ ဖတ်ရတာ အတော်လေး ၀ါသနာပါတယ်။ ၀ယ်မယ့်ပစ္စည်း ဆိုရင် မ၀ယ်ခင် သုံးလေးခါ သွားကြည့်ဖြစ်တာ များတယ်။ ဈေးကြောင့် မဟုတ်ဘူး။ ၀ယ်ပြီးရင် မကြိုက်မှာကို အတော်လေး စိုးရိမ်တတ်တယ်။ ၀ယ်ပြီး မကြိုက်လို့မသုံးရင် ဖြုန်းတီးရာရောက်တယ်လို့ထင်တယ်။ တကယ်လို့ ကိုယ်မလိုတာတစ်ခုခု ရရင်လည်း လိုမယ့်သူ ပေးလိုက်တယ်။ ကိုယ့်မှာ မလိုဘဲ အပိုကြီး ဖြစ်နေတာ ဘာမှ မထားဘူး။
ဘလော်ဂါ the gardener
z-thegardener.com ဇွန် ၂၁

============================


ကျွန်မ၏ဘလော့ဂ်တွင် အလှူခံပို့စ် မကြာခဏ တင်ခြင်းသည် အိမ်တံခါးခေါက်ပြီး တစ်အိမ်တက်ဆင်း အလှူလိုက်ခံနေခြင်း မဟုတ်ပါ။
ဘလော်ဂါ ၀ါဝါခိုင်မင်း
warwarkhaingmin.blogspot.com ဇွန် ၂၆

============================


ဟိုတနေ့က သမီးတို့ဆိုင်ကို လာတဲ့ဧည့်သည်တယောက်နဲ့ စကားပြောဖြစ်တယ်.. သမီးကို ဘာလူမျိုးလဲ တဲ့..၊ သမီးက မြန်မာလူမျိုးပါ လို့ ပြောလိုက်တော့..“Very poor Country” တဲ့လေ..၊ သမီး ရင်နာတယ် ဖေဖေ..။ သမီးတို့နိုင်ငံဟာ Very poor Country တကယ်ပဲဖြစ်နေပြီလား…
သမီးလည်း ပြန်ပြောလိုက်ပါတယ်…ကျမတို့နိုင်ငံဟာ မဆင်းရဲပါဘူး၊ ဆန်၊ ကျွန်း၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပုလဲ၊ ရေနံ၊ သဘာဝဓာတ်ငွေ့ အဲဒါတွေ ထွက်ပါတယ် လို့ပြောတော့.. သူတို့က ပြုံးတယ်.. ဒါဆိုရင် မင်းက ဘာဖြစ်လို့ ကိုယ့်နိုင်ငံမှာ အလုပ် မလုပ်ပဲ တိုင်းတပါးမှာ ဒီလို အလုပ်မျိုး လာလုပ်နေရတာလဲ..တဲ့
ဆိုက်ပရပ်စ်နိုင်ငံရောက် ဘလော်ဂါ အဖြူရောင် နတ်သမီး
seaandangel.blogspot.com ဇွန် ၁၉

============================


ငါးပါးသောသီလထဲမှာ နေ့စဉ်နဲ့အမျှ လိုက်နာကျင့်ကြံဖို့ အခက်ဆုံးကတော့ မုသာဝါဒလို့ ထင်ပါတယ်။ ဇွန့်အဖို့တော့ လုပ်ငန်းခွင်မှာ မကြာခဏ ကြုံရလို့ပါ။ တခါတရံ client တွေ ဖုန်းလှမ်းဆက်လို့ လုပ်ဖော် ကိုင်ဖက် တစ်ယောက်က မဖြေအားတဲ့အခါ၊ ဖုန်းမကိုင်ချင်တဲ့အခါ သူတို့မှာကြားသလို ရှိရဲ့သားနဲ့ မရှိဘူး၊ မအားဘူး စသဖြင့် မုသားပြောပေးရတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ အကျိုးယုတ်စေမယ့် မုသား မဟုတ်ဘူးလို့တော့ ဆင်ခြင် ဖြေသိမ့်မိပါတယ်။
ဘလော်ဂါ ဇွန်မိုးစက်
zunmoesett.blogspot.com ဇွန် ၁၈

============================


ချိုင့်ဆွဲစားသည့် လူတန်းစားကြီးတရပ် ပေါ်ပေါက်လာ၍ထင့်၊ ဤသို့ဤနှယ် မြန်မာ့ဟင်းလျာများကို တစ်ယောက်စာ၊ နှစ်ယောက်စာ၊ နေ့လည်စာ၊ ညစာ စသဖြင့် ချိုင့်များဖြင့် အိမ်တိုင်ရာရောက် လိုက်ပို့ပေးသော ဝန်ဆောင်မှုများလည်း တွေ့ခဲ့ရသည်၊ မည်သို့ မည်ပုံ ပို့ဆောင်သည်ကို စပ်စုကြည့်သည်၊ ဆိုင်မှလွှတ်သော ကားဖြင့်လည်း ပို့တတ်သလို ဘတ်စ်ကား၊ စက်ဘီး စသည့် သယ်ယူ ပို့ဆောင်ရေး ကိရိယာများဖြင့်လည်း ပို့သေးသည်ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးမှ ပြောကြားသွားသည်။ မြန်မာ့ရိုးရာ ဟင်းလျာများသည် ဆီကို နင်းကန်သုံးသဖြင့် နေ့စဉ်ရက်ဆက် မနားမနေ စိုက်လိုက်မတ်တပ် (ဘာတုံးဟ) စားပါများလျှင် ကျန်းမာရေးအတွက် မကောင်းပါ၊ သို့ဖြစ်၍ ကျွန်ုပ်သာ ဆိုလျှင် တစုံတယောက်နှင့် ပူးပေါင်းပြီးမှသာ ဤသို့ ချိုင့်ဆွဲစားခြင်း အမှုကို ပြုရဲမည် ဖြစ်သည်၊ တရက်ခြားစနစ်ဖြင့် သူတလှည့် ကိုယ်တလှည့် အလှည့်ကျ စားမှသာ တနေ့တခြား ဗိုက်ရွှဲလာခြင်း အဆီပိတ်လာခြင်း သွေးတိုးလာခြင်း ဖောရောင်လာခြင်း အစရှိသော ကြည်ညိုချင်စရာ လက္ခဏာများနှင့် ဝေးကွာနိုင်မည် ဖြစ်တော့သည်။
ဘလော်ဂါ ဒီကိုလာ
degolar.info ဇွန် ၂၀



============================

KIA အဖွဲ့သည် ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်း ဆောင်ရွက်မှုများကို တားမြစ်ခြင်း၊ လုပ်ငန်းများ မအောင်မြင်အောင် နှောင့်ယှက်ခြင်း၊ ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် နေသည့် တရုတ်နိုင်ငံသား ဝန်ထမ်း များကို ခြိမ်းခြောက်ခြင်း၊ ဟန့်တား နှောင့်ယှက်ခြင်းများ ပြုလုပ်လျက်
ရှိရာ ဧပြီ ၁၆ ရက်က မလိခမြစ် အရှေ့ဘက်ကမ်းရှိ ကျောက်ဖောက်လုပ်ငန်းများအား ဆက်လက်
ဆောင်ရွက်ခြင်းမပြုဘဲ ရပ်ဆိုင်း ထားရန်၊ ၄င်းတို့၏ ခွင့်ပြုချက် ရရှိမှသာ ဆောင်ရွက်ရန် တားမြစ် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။
ကြေးမုံသတင်းစာ၊ ဇွန် ၁၈

============================


(တာပိန်) ရေအားလျှပ်စစ် လုပ်တဲ့နေရာဟာ KIA တပ်ဖွဲ့တွေက အရင့်အရင် နှစ်ပေါင်း ၃ဝ-၄ဝ ကတည်းက တပ်စွဲထားတဲ့နေရာ။ ကျနော်တို့ နားလည်မှုပေးပါတယ်။ နောက်ပိုင်း တရုတ် အလုပ်သမားတွေ ဝင်လာတော့ စိစစ်ဖို့ဆိုပြီး လဝကတွေ ဝင်လာတယ်။ လဝကကို လုံခြုံရေးပေးဖို့ ဆိုပြီး ရဲကပြန်ဝင်လာတယ်။ နောက်တော့ စစ်တပ် ပြန်ပါလာရော။ ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေကို နယ်ချဲ့လာတဲ့ သဘောလည်းရှိတယ်။ ဒါပေမယ့် ဗမာ့တပ်မတော် ရဲဘော်တွေနဲ့ ကချင် တပ်သားတွေ ပြဿနာ မရှိကြပါဘူး။ တရုတ်အပေါ်မှာ ကျနော်တို့က ပြန်ပေးဆွဲတာမျိုး၊ ခြိမ်းခြောက်တာမျိုး မလုပ်ပါဘူး။
KIA ခေါင်းဆောင် ဦးလနန်
မဇ္ဈိမ သတင်းဌာန၊ ဇွန် ၂၁

photo: khin maung soe / rfa

============================


ဒါရိုက်တာက လုပ်မယ်ဆို လုပ်လို့ ရပါတယ်။ ပင်ပန်းလို့ မလုပ်တာပါ။ ဇာတ်ကား စ ရိုက်ကတည်းက ပြတဲ့အထိ တာဝန် အပြည့်ရှိတာပါ။ ဒါကြောင့် သရုပ်ဆောင်ပဲ လုပ်ဖြစ်နေပါတယ်။
ရန်အောင်၊ သရုပ်ဆောင်
နံနက်ခင်းဂျာနယ်၊ ဇွန် ၈

photo: planet

============================


ရန်ကုန်အစိုးရ အဖွဲ့ထဲမှာတော့ အပြောင်းအလဲ တချို့ တွေ့ရပါတယ်။ ဥပမာ – စည်ပင်ဝန်ကြီး ဆိုရင် အမှိုက်သိမ်းတာတွေ၊ မြောင်းဖောက်တာတွေ ပိုလုပ်လာတယ်။ မြို့တော်ခန်းမကြီးလည်း ပြန်ပြီးတော့ ဆေးသုပ်ထားတာ တွေ့ရတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း

ဧရာဝတီ၊ ဇွန် ၃၀

photo: degolar

============================


ကျမကတော့ ခေတ်မီတာကို ကြိုက်တယ်..။ ကျမ ဆရာမ ဖြစ်တော့ ထမီတိုလို့.. နားကွင်းဝတ်လို့.. ပခုံးသိုင်းအိတ်ကို အ၀တ်စနဲ့ ချုပ်တဲ့ အိတ်ပျောပျော့ အကြီးကြီးတွေ သုံးလို့ အဆူလည်း ခံရတယ်။ ခါးတိုအင်္ကျီက ခါးနည်းနည်းရှည်ပြီး အင်္ကျီက ပွပွမို့ မသပ်ယပ်ဘူး တဲ့။ အကဲ့ရဲ့လည်း ခံရပါတယ်။ (အင်္ကျီပါးပါးဝတ်တဲ့ ဆရာမတွေကျတော့ အဆူ မခံရဘူး..)။
ဘလော်ဂါ မေငြိမ်း
maynyane.blogspot.com ဇွန် ၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts