>News & Media

>

အညတရသူရဲကောင်းဆုအတွက် စကားဝိုင်း၊ ဆွေးနွေးဖလှယ်ပွဲနှင့် ဆုများပေးအပ်
ထွန်းဝေ
ဇွန် ၂၇၊ ၂၀၁၁


ဂျပန်ရောက်မြန်မာ့ ဒီမိုကရေစီအင်အားစုများနှင့် အညတရသူရဲကောင်းဆုအတွက် ဒုတိယအကြိမ် ဆုချီးမြှင့်နို င်ရေးအတွက် အညတရ သူရဲကောင်းဆုကျင်းပရေးကော်မတီမှဂျပန်တွင် အစည်းအဝေးနှင့် စကား ၀ိုင်း ဆွေးနွေး ဖလှယ်ပွဲကို တိုကျိုမြို့မီနာမိအိုဆုကာခန်းမ (၃) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မိုးသောက်ကြယ်စာကြည့်တိုက်မှ တာဝန်ခံကိုစိုးဝင်းရှိန်နှင့် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့ဝင်များမှ အလှူငွေ ယန်း (၇) သောင်းတိတိ အား အညတရသူရဲကောင်းဆုကျင်းပရေးကော်မတီ သို့ ပေးအပ်လှူဒါန်းခဲ့ပါ တယ်။

အညတရ သူရဲကောင်းဆု ကျင်းပရေးကော်မတီမှ ကိုမင်းထက်ဇော်က ကျေးဇူးတင်စကားပြောကြားပြီး စာနာ ဂုဏ်ပြုမှုမှသည် တမျိုးသား လုံးလွတ်မြောက်မှုဆီသို့ခေါင်းစဉ်ဖြင့် တက်ရောက်လာသောသူများကို ရှင်းလင်း တင်ပြခဲ့ပါတယ်။

လှူဒါန်းရခြင်း၏ရည်ရွယ်ချက်အား ‘‘ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ သူမရဲ့ဆန္ဒကို ကျနော်တို့ တေ တွ ဖြည့်ဆည်းပေး လိုတဲ့ရည်ရွယ်ချက် ပါ။ ဒေါ်စုက နိုင်ငံရေးအကျဉ်းသားတွေကိုမေ့မ ထား ဖို့၊ ထောက်ပံ့ ကူညီကြဖို့ အမြဲပြောနေတယ်မဟုတ်လား …’’ စသည်ဖြင့် မိုးသောက်ကြယ် စာ ကြည်ည့်တိုက်မှပြောကြားခဲ့ပြီး ဆက်လက်လှူဒါန်းရန်ရည်ရွယ်ချက်များစွာရှိကြောင်း အကျယ်တ၀င့် ဆွေးနွေးအကြံပြုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်မှ ဥက္ကဌ ဦးလှဟန်မှလည်း အညတရသူရဲကောင်း ဆုအတွက် အမြဲဆု ချီးမြှင့်နိုင်ရေးအတွက် လိုအပ်သည်များကို အနီးကပ်အကူအညီပေးသွားမည်ဖြစ်ပြီး အကြံဉာဏ်ကောင်းများ ရှေ့ဆက်လုပ်ရန် မှာကြား ခဲ့ပါတယ်။ တက်ရောက်လာကြသောသူများမှ ဆုငွေများပေး အပ်ခဲ့ပြီး ဒုတိယအကြိမ် ဆုချီးမြှင့်နိုင်ရေးအတွက် အစီအစဉ်များကို အ ညတရသူရဲကောင်းဆုကျင်းပရေး ဆပ်ကော်မတီဝင်များ၏ လုပ်ဆောင်မှုများအပေါ် အလေးထားဂုဏ်ယူကြောင်း ပြောဆိုခဲ့ကြပြီး၊ ပိုမိုကောင်း မွန်သည့် အကြံပြုချက်များနှင့် ဆုချီးမြှင့်နေသည့်လုပ်ငန်းအရှိန်အဟုန်ကြီးစွာ လုပ်ဆောင်နိုင်စေဖို့အတွက် တတ်နိုင်သည့်ဖက်မှ အားဖြည့် ကူညီသွားမည်ဖြစ်ကြောင်း ကတိပေးစကားများ ပြောဆိုခဲ့ကြသည်။

ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုချီးမြှင့်ခြင်းအစီအစဉ်ကို (၅) ဦးအထိပေးအပ်နိုင်ရန် စီစဉ်ထားေ ကြာင်းသိရှိရပြီး တဦးလျှင် ဂျပန်ငွေ ယန်း (၁) သိန်းနှင့်ညီမျှသော မြန်မာကျပ်ငွေ (၁၀) သိန်းနှုန်းဖြင့် သိန်း (၅၀) ပေးပို့ရန် စီစဉ်ထားကြောင်းလည်းသိရှိရသည်။ အညတရ သူရဲကောင်း ဆုချီးမြှင့်ရေးဘဏ္ဍာရေး ဆပ်ကော်မတီ၏စာရင်းထုတ်ပြန်ချက်အရ ယနေ့အချိန်အထိကောက်ခံရရှိငွေမှာ မိုး သောက်ကြယ်စာကြည့် တိုက် အဖွဲ့မှ လှူတန်းငွေအပါအ၀င် ၂၉၆,၅၀၀ + အမေရိကန်ဒေါ်လာ ၂၀ (ဂျပန်ယန်း ၂ သိန်း ၉ သောင်း ၆ ထောင် ငါးရာယန်း) သာရှိသေးပြီး မိမိတို့ရည်မှန်းထားသည့် မြန်မာငွေသိန်း ၅၀ နှင့်ညီမျှေ သာ ငွေပမာဏရရှိပါက ပြည်တွင်းရှိ ဆုချီးမြှင့်ရေးနှင့် ဆုရွေးချယ်ရေးတာဝန်ခံများထံသို့ ချက်ခြင်းလွှဲအပ်ကာ အမြန်ဆုံး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်.

စကားဝိုင်းဆွေးနွေပွဲ ရုပ်သံအား မိုးမခမှတဆင့် အမြန်ဆုံးကြည့်ရှုနိုင်ရန် စီစဉ်လျှက်ရှိကြောင်း အသိပေးအပ် ပါသည်။

အညတရသူရဲကောင်းဆုရွေးချယ်ရေးအတွက် အစည်းအဝေးကျင်းပနေစဉ် မှတ်တမ်းဓာတ်ပုံများ
(ဓာတ်ပုံ ထွန်းဝေ)




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts