>Article , U Ohm Kyaw – Self – Portrait (Stamp)

>

ကိုယ်တိုင်ရေး ပုံတူများ (တံဆိပ်ခေါင်း)
ဦးအုန်းကျော်
ဇွန် ၂၂၊ ၂၀၁၀

”ဦလေးရေ … ဟောဒီတံဆိပ်ခေါင်းကလေးကို ကြည့်ပါဦး။ ကျနော်တော့ သိပ်ကြိုက်တာဘဲ။ ကျနော့်သူ ငယ် ချင်းတယောက် အမေရိကက ခဏလာလည်တုန်း ကျနော့်အတွက် အမှတ်တရပေးခဲ့တာ။ ဦးလေးကို ပြ ရေ အာင် ယူလာတာ။


”အော် … အေး ..အေး .. သူ့နာမည်က Norman Rockwell တဲ့ကွ။ ဒီမှာရေးထားတယ်လေကွာ။ ငါ့တူတို့ လူငယ်တွေကတော့ မမှီလိုက်၊ မသိလိုက်ဘူးပေါ့ကွာ။ ဦးလေးတို့အရွယ်တွေ အနောက်နိုင်ငံက အထူးသဖြင့် အမေရိကပန်းချီအကြောင်း နဲနဲပါးပါးလေ့လာဖူး၊ ဖတ်ဖူးတဲ့သူတွေဆိုရင်တော့ သူ့ကိုသိကြပါတယ်။ နာ မည်ကြီးေ ပါ့ကွာ။ ဦးလေးလဲ သူ့လက်ရာတွေကိုကြိုက်တယ်ကွ။ သူ့အကြောင်း ရေးထားတဲ့ စာအုပ် (၂) အုပ်ရယ်၊ တံဆိပ်ခေါင်းတွေရယ်တောင် ဦးမှာရှိသေးတယ်။ ဟဲ .. ဟဲ .. ငါ့တူလိုပါဘဲကွာ။ ဦးလေးရဲ့ အမေရိက က မိတ်ဆွေတယောက်လာလည်တုန်း လက်ဆောင်ပေးခဲ့တာဘဲကွ။ ကြာပါပြီ။ ဒါနဲ့ ဆက်စပ်ပြီး မင်းကိုပြော ရဦးမယ်။ မင်းတို့၊ ငါတို့မလဲ ခေတ်တွေသာပြောင်းတယ်။ အစိုးရတွေသာ ပြောင်းတယ်။ ဒီနိုင်ငံခြားဆိုတာကြီး ကို အားကိုးလို့ မပြီးနိုင်တော့ဘူးလား။ မေးစမ်းပါရစေဦး”
” ဘာဆိုင်လို့လဲ ဦးလေးရ။ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်နေပါလား”

”ဟ .. ဆိုင်ပါပြီကော ငါ့တူရ။ အခုဘဲကြည့်လေ။ တံဆိပ်ခေါင်ေးတွ၊ ဒီစာအုပ်တွေဟာ နိုင်ငံခြားကလူတွေ ယူ လာမှ၊ ပြမှ၊ ပေးမှ မင်းတို့ ငါတို့တတွေမြင်ဘူး၊ တွေ့ဘူး၊ ဖတ်ဘူးရတော့မလိုဖြစ်နေတာ မဟုတ်လား။ ဒီမှာ အလွယ်တကူရတာ ဘာရှိလဲ။ စာအုပ်စာတမ်းတွေ ဘယ်နားသွားဖတ်ရမလဲ။ ဘယ်မှာသွားဝယ်ရမလဲ။ ဦးလေး ကို ပြောစမ်းပါဦး။ မင်းတို့ပြောတော့ ”အိုင်တီ IT ခေတ်ရောက်ပြီဆို။ ကမ္ဘာကြီး ပြားပြီဆို။ ကမ္ဘာ့ဒီဘက်ခြမ်းနဲ့ ဟိုဘက်ခြမ်း အိမ်းဦးနဲ့ ကြမ်းပြင်ဖြစ်ပြီဆို၊ ဘယ်မှာလဲ”

”ဟာ ဦးလေးကလဲ။ ကမ္ဘာမှာဖြစ်နေတာကို ပြောတာပါ။ ကျနော်တို့ဆီမှာ ဖြစ်နေတယ်လို့ ပြောတာ မဟုတ်ပါ ဘူး။ ဟဲဟဲ။ ဦးလေးလဲ သိရဲ့သားနဲ့။ နောက်တော့ တဖြည်းဖြည်း ဖြစ်လာမှာပေါ့လေ။

”ဘာနောက်တော့ တဖြည်းဖြည်းလဲ။ ဒီလိုနဲ့ဘဲ မင်းလဲ မိန်းမရလာတော့မယ်။ ငါလဲ ရေဝေးကို ဒိုးရတော့မယ်။ မင်းတို့လူငယ်တွေ အဲဒီလို သက်ပြင်းကလေးတွေချပြီး လမ်းပျောက်နေတာကို ဦးလေးက ရင်ထုမနာ ဖြစ်ေ န တာကွ”

”ဟိုတလောက သတင်းတွေထဲမှာ တွေ့လိုက်တာကတော့ စာပေစိစစ်ရေးက အရင်လို မတင်းကြပ်တော့ဘဲ ခွင့်ပြုသင့်တာတွေ လွယ်လွယ် ကူကူ ခွင့်ပြုတတော့မယ်တဲ့”

”အေး ကောင်းပါလေရဲ့ကွာ။ အပေါစားတွေကို ဗုံးပေါလအော ခွင့်ပြုပြီး၊ အဘိုးတန်စာ တအုပ်၊ တပုဒ်ကို ပိတ် ပင်ထားလို့ကတော့ မင်းတို့ ငါတို့အတွက် ဘာမှ ထူးမှာမဟုတ်ပါဘူး။ ကဲပါကွာ အဲဒါတွေထားလိုက်ပါတော့။ ဒီတံခေါင်းလေးအကြောင်း ဆက်ရမယ်ဆိုရင် ….

သူ့နာမည်က Norman Rockwell (1894 – 1978)၊ အသက် (၈၄) မှာ ဆုံးရှာတယ်။ အမေရိကန်ပြည်သူပြည် သား တွေရဲ့ နေ့စဉ်ဘ၀၊ လူနေမှုပုံရိပ်တွေကို ခံစားချက်မိမိရရနဲ့ ပီပီပြင်ပြင် အသေးစိတ်ချယ်မှုန်းရေးဆွဲခဲ့တဲ့ အတွက် အမေရိကန်တပြည်လုံးက သူ့ကိုသိကြတယ်။ ချစ်ကြတယ်။ အခု ငါ့တူပြတဲ့ တံဆိပ်ခေါင်းကလေး ကတော့ သူ့ရဲ့မွေးနေ့ နှစ် ၁၀၀ ပြည့်တဲ့အထိမ်းအမှတ်အဖြစ် ၁၉၉၄ မှာ ထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်း (၅) လုံးထဲက တလုံးဘဲ။ Triple Self – Portrait (ကိုယ်တိုင်ရေးပုံတူ (၃) မျိုး) လို့ နာမည်ပေးတယ်။ အဲဒီပန်းချီ ကားကို တံဆိပ်ခေါင်းလုပ်ထားတာပေါ့ကွာ။

၁၉၄၇ ထုတ် Stamp Folio

Triple Self- Portrait
ပုံကြမ်း

”ဒီမှာကြည့်။ မင်းက ပန်းချီမျက်စိလေးရှိတော့ မင်းမြင်တာလေးတွေကို ပြောစမ်းပါဦးကွာ”
”Triple Self-Portrait ဆိုတဲ့နာမည်အတိုင်းဘဲ။ ပန်းချီဆရာက သူ့ပုံကို နောက်ကျောဘက်ကတမျိုး၊ အခုတ ကယ် ရှိနေတဲ့ မျက်နှာပုံနဲ့တမျိုး၊ ငယ်ငယ်တုန်းက မျက်နှာပုံနဲ့တမျိုး (၃) မျိုးဆွဲပြထားတာပါဘဲ”

”ဟုတ်ပါပြီကွာ။ တခြားကော ဘာတွေမြင်သေးလဲ။ ဒီဆွဲလက်စ ပန်းချီကားချပ်ရဲ့ ဒေါင့်တွေကို သေသေချာချာ ကြည့်ပါဦး”



”သူ့ကိုယ်သူ စမ်းဆွဲထားတဲ့ sketch ကောက်ကြောင်းလေးတွေနဲ့ပုံတွေပါ ဦးလေး”

”အေး … ဒီဘက်ဒေါင့်မှာတော့ သူကြိုက်နှစ်သကတဲ့ ပန်းချီဆရာကျော်ကြီးတွေရဲ့ ကိုယ်တိုင်ရေးပုံတူလေးေ တွေ ပါ့ကွာ။ အဲဒီ ပန်းချီကျော်ကြီးတွေကတော့ …

၁။ ဒိုးရား (Durer) (၁၄၇၁ – ၁၅၂၈)
၂။ ရမ်းဘရန့် (Rembrandt) (၁၆၀၆ – ၁၆၆၉)
၃။ ပီကာဆို (Picasso) (၁၈၈၁ – ၁၉၇၃)
၎။ ဗင်ဂိုး (Van Gogh) (၁၈၅၃ – ၁၈၉၀)

”ဒီပုံတူကိုဆွဲတဲ့နေရာမှာ သူ့ကိုယ်တိုင်လဲ အထပ်ထပ်လေ့ကျင့်ပြီးမှ ဆွဲပါတယ်။ ဒါတင်မက ဆရာ့ ဆရာ ကြီးတွေရဲ့ ကိုယ်တိုင်ရေးပုံတူတွေ ကိုလဲ သေသေချာချာလေ့လာပြီးမှ ဆွဲပါတယ်လို့ ပြောချင်တဲ့ သဘောေ ပါ့နော်ဦးလေး။ ”

”အေး ဟုတ်တယ်ကွ။ ဒီစာအုပ်ထဲမှာ အဲဒီလိုဘဲ ရေးထားတယ်။ ပြီးတော့ကော”
” နောက်ပြီးတော့ ဒီမှာ သောက်လက်စဖန်ခွက်ကို စာအုပ်ပေါ်မှာ (မှောက်ကျတော့မလို – အသဲယားစရာ) တင်ထားတဲ့ပုံကလေးကတော့ ပန်းချီဆွဲနေရရင် လောကကြီးကို မေ့နေတယ်ဆိုတဲ့ အနုပညာသမားေ တွရဲ့ စရိုက် (တနည်းအားဖြင့်) သူ့ရဲ့ အကျင့်ကို ပေါ်လွင်အောင် ဖော်ပြထားတာပေါ့နော်။ ပြီးတော့ အောက် ကကြ မ်းေ ပ်ါမှာ စုတ်တံတွေ၊ ဆေးဗူးတွေ ဖရိုဖရဲပြန့်ကြဲနေတာကိုလဲ ထည့်ဆွဲထားသေးတယ်။ အမှိုက်ပုံးထဲကလဲ ဘာတွေလော င်နေမှန်းမသိဘူး။ မီးခိုးတွေအူထွက်နေတာလဲ ပါသေးတယ်”

”ဟုတ်တယ်ကွ။ သူ့ရဲ့အကျင့်စရိုက်တွေကို သူ့ရဲ့ ပုံတူကားထဲမှာပါအောင်ထည့်ထားတာပေါ့ကွာ။ ဦးလေးက ဒီစာအုပ်ထဲမှာ သူ့အကြောင်း ဖတ်ထားတော့ ဒီပုံနဲ့ ဆက်စပ်တာလေးတွေကို ပြောပြရဦးမယ်။ သူမတော်တဆ အမှိုက်ပုံးထဲပစ်မိခဲ့တဲ့ မီးမသေသေးတဲ့ ဆေးတံက ပြာတွေကြောင့် သူ့ရဲ့ စတူဒီယိုတခုလုံး မီးထဲပါသွားဘူး တယ်။ အဲဒါလေးကို အမှတ်တရနဲ့ ဒီပုံထဲမှာ ထည့်ဆွဲထားတာတဲ့ကွ။”
”ဟုတ်လား”

”နောက်ပြီး ပန်းချီဘောင်ထိပ်ပေါ်မှာတင်ထားတာက လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) လောက်က ပြင်သစ်ကို အလည်အပတ်သွားတုန်းဝယ်လာခဲ့တဲ့ ရှေးခေတ် မီးသတ်သမားတွေဆောင်းတဲံ ဦးထုတ်ကလေးတဲ့ ကွ။ ရှေးေ ဟာင်း ပစ္စည်းဆိုပြီး အမြတ် တနိုးသယ်လာခဲ့တာ အတုကြီးဖြစ်နေတယ်ဆိုဘဲ။ အဲ့ဒီအဖြစ်အပျက်ကလေး ကို ထဲ့ပြီး ဆွဲထားတာတဲ့ကွ။”

”သူ့ပုံက ရိုးပုံပေါ်တယ်နော်”
”အေး သူရဲ့ရိုးသား နှိမ့်ချတတ်မှု (Humble) ကို သူ့ရဲ့အထုပ္ပတ္တိရေးတဲ့သူတွေ၊ ပန်းချီဝေဖန်တဲ့သူတွေက အထူးတလည်ဖော်ပြကြတယ် ဆိုဘဲ။ သူပန်းချီဆွဲရင် လက်တင်ပါတဲ့ ထိုင်ခုံ (Windsor Chair) နဲ့ အမြဲ ထိုင်သတဲ့။ ဒါပေမယ့် ပုံတူကားထဲမှာ ရိုးရိုးခွေးခြေခုံကလေး (Stool) ကိုဘဲ ထည့်ဆွဲထားတယ်။ ဒီမှာကြည့် သူ့ ဓာတ်ပုံတွေ။ သူ့ကိုယ်တိုင်ရေး ပုံတူကားတွေ”

အခြားကိုယ်တိုင်ရေး ပုံတူများ



”ဟော ဒါတွေကတော့ ဦးလေးမှာ စုထားတဲ့ တံဆိပ်ခေါင်းတွေဘဲ။ Norman Rockwell ရဲ့ ထင်ရှားတဲ့ ပန်းချီ ကား (၄) ချပ်ကို Stamp ထုတ်ထားတာပေါ့ကွာ။ အဲ့ဒီ (၄) ချပ်ကို ပေါင်းပြီး 4 Freedoms လို့ခေါ်သကွ။ Series အနေနဲ့ ၁၉၄၃ မှာ ဆွဲခဲ့တာဘဲ။

4 Freedoms (1943)

အမေရိကန်နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ရေးမဏ္ဍိုင် (၄) ချက်ကို ဖော်ဆောင်ထားတာပေါ့။ အဲဒါတွေ ကတော့ …
၁။ မရှိဆင်းရဲမှုမှ လွတ်မြောက်ရေး (Freedom From Want)
၂။ လွတ်လပ်စွာ ကိုးကွယ်ခွင့် (Freedom of Worship)
၃။ လွတ်လပ်စွာ ပြောဆိုခွင့် (Freedom of Speech)
၎။ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်မှု (Freedom From Fear)

အဲ့ဒီတုန်းက အမေရိကန်သမတ ရို့စဘဲ့ (Roosevelt) ရဲ့ ၁၉၄၁ ခုနှစ် မိန့်ခွန်းပါအချက်အလက်တွေကို အြေ ခခံပြီးဆွဲခဲ့တာတွေကွ။

နောက် ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ပေါ်ထွက်လာတဲ့ United Nations (ကမ္ဘာ့ကုလသမဂ္ဂ) ရဲ့ လူ့အခွင့် အေ ရးကြေညာစာတမ်း (The Universal Declaration of Human Rights) အခြေခံ အုတ်မြစ်လို့လဲ ဆိုနိုင် တယ်ကွ။”

Freedom of Speech (1943)

Freedom From Fear (1943)

”ဟင် .. Freedom from Fear ဆိုတာ ဒေါ်စုစာအုပ်အမည်မဟုတ်လား”
”အေး မင်းမဆိုးဘူး၊ မှတ်မိသားဘဲ။ ဟုတ်တယ်ကွ။ ဒေါ်စု ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရတဲ့ ၁၉၉၁ (လွန်ခဲ့တဲ့ အနှစ် ၂၀) က ထုတ်ဝေခဲ့တဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ်ရဲ့အမည်ကွ။ မင်းဖတ်ပြီးပြီလား”

”ဟုတ်ကဲ့ ဖတ်ပြီးပါပြီ ဦးလေး၊ ဒေါ်စု ၆၆ နှစ်မွေးနေ့ကတောင် အမှတ်တရ ထပ်ဖတ်လိုက်ပါသေးတယ်။ စာတကြောင်းတောင် ကြိုက်လို့ အလွတ်ကျက်ထားလိုက်သေးတယ်။ fear is not the Natural state of civilized man တဲ့။ (ကြောက်နေတာဟာ သိက္ခာရှိ လူယဉ်ကျေးတို့ရဲ့ သဘောသဘာဝမဟုတ်” တဲ့)။ ပြောရ မယ်ဆိုရင် အဲ့ဒီစာအုပ်ကလဲ နိုင်ငံခြားက သူငယ်ချင်းက ယူလာပြီး လက်ဆောင်ပေးလို့ဘဲ။ ဟဲဟဲ ။ ဒါနဲ့ ဒီနိုင်ငံ က ပန်းချီဆရာကြီးတွေရဲ့ ကိုယ်တိုင်ရေးပုံတူတွေလဲ ကျနော်ကြည့်ချင်လိုက်တာ”

”ကောင်းပါလေရဲ့ကွာ။ အဲဒီလိုကြည့်ရင် မူရင်း ပန်းချီဆရာရဲ့ ရုပ်လက္ခဏာနဲ့လဲတွဲပြီး ကြည့်ပေးကွ။ ဦးလေးဆီမှာတော့ ကွယ်လွန်သွားရှာ ပြီဖြစ်တဲ့ ဦးလေကြိုက်တဲ့ ”ဗဂျီအောင်စိုး” ရဲ့ ဓာတ်ပုံနဲ့ သူရဲ့ Self Portrait ကား (၂) ချပ် ပုံတွေရှတယ်။ ဒီမှာကြည့်

ဗဂျီအာင်စိုး (၁၉၂၃ – ၁၉၉၀)
ကိုယ်တိုင်ရေး ပုံတူပန်းချီကား





”ဦးလေးတောင် မနှစ်က ဒီဇင်ဘာမှာ ပန်းချီဆရာကြီး ဦးဘဉာဏ်ရဲ့ ရှားပါးတဲ့ ပန်းချီတွေပြထားလို့ သွားကြည့် လိုက်သေးတယ်။ သူ့ရဲ့ Self – Portrait တခုလဲ တွေ့ခဲ့တယ်။ အဲ့ဒီလို ရှားရှားပါးပါးပြပွဲတွေ သတင်းရရင် ဦးေ လးကို ပြောပါဦးဦးလေးလဲ ပြောပါ့မယ်။ တို့တူဝရီး နှစ်ယောက် အတူတူသွားကြတာပေါ့”

”ဟုတ်ကဲ့ပါ ဦးလေး”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts