>Maung Swan Yi – Article

>

ပြည်သူတွေအောင်ပန်း မြဲဆင်းမြန်းသူ
မောင်စွမ်းရည်
ဇွန် ၂၂၊ ၂၀၁၁


လေးစားအပ်သော မိတ်ဆွေများခင်ဗျား …
ကျနော်ဟာ စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ဆန့်ကျင်ပြီး ဒီမိုကရေစီရေးကို ထောက်ခံလိုလားသူ ကဗျာဆရာ တဦးဖြစ်ပါတယ်။ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ကဗျာဆရာကြီးများဖြစ်ကြတဲ့ ဆရာမင်းသုဝဏ်၊ ဆရာ ဒဂုန်တာရာအစ၊ တင်မိုး၊ ကြည်အောင် အလယ်၊ အောင်ဝေး၊ အောင်ပွင့်အဆုံး အားလုံးကဗျာ ဆရာတွေ က ထောက်ခံပါဝင်ခဲ့ကြပါတယ်။ စာရေးဆရာ၊ ကဗျာဆရာအားလုံးဟာ အမြဲတမ်း ဒီမိုကရေစီဘက်မှာ စွဲစွဲမြဲမြဲ ရပ်တည်နေကြပါတယ်။ ဒါကြောင့် စာရေးဆရာ၊ ကဗျာဆရာအားလုံးဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့အတူ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်လျှက်ရှိကြပါတယ်။ ဒါကြောင့် ဒီနေ့ မိတ်ဆွေတို့နဲ့အတူ ဒေါ်စု ၆၆ နှစ်မြောက်မွေးနေ့ပွဲမှာ အတူနွှဲခွင့်ရတာ ကျေးဇူးတင်ပါတယ်။ ဒေါ်စုကိုယ်တိုင်ကလည်း စာပေ၀ါသနာ ကြီးလှပါတယ်။ အရေးတော်ပုံမတိုင် ခင်ကဆိုရင် မကျန်းမာတဲ့မိခင်ကြီး ကို စောင့်ရှောက်ပြုစုနေရင်းက အချိ န်လေးနည်းနည်းရရင်ကိုပဲ တက္ကသိုလ်စာကြည့်တိုက်ကို ရောက်လာ လေ့ရှိလို့ ကျနော်တို့နဲ့ ဆုံရတတ်ပါတယ်။ ရန်ကုန်လမ်းဘေး စာအုပ်ဟောင်းဆိုင်တွေကိုလဲ သူ့အကိုသဖွယ် ချစ်ခင်ရတဲ့ ကဗျာဆရာတင်မိုးနဲ့အတူ သွားရောက်မွှေနှောက်ဖူးပါတယ်။ သူကျောင်းသူဘ၀ကတည်းက ဖတ်ရှု့လေ့လာဖို့ စိတ်ဝင်စားတဲ့စာအုပ်တွေ ကေ တာ့ ဒဿနိကဗေဒ၊ နိုင်ငံရေးဗေဒ စတဲ့ စာပေကျမ်းဂန်တွေနဲ့ အတ္ထုပတ္တိစာပေတွေ ဖြစ်ပါတယ်။ စာရေး ဆရာတွေနဲ့တွေ့ရင်တော့ ရသမျှအချိန်အတွင်းမှာ စာကြောင်းပေေ ကြာင်း တွေကိုပဲ ဆွေးနွေးလေ့ရှိပါ တယ်။ ဒီမိုကရေစီအရေးတော်ပုံကြီးထဲကို ခုန်ဆင်းလာပြီး အချိန်ပြည့်ဆိုသလို နိုင်ငံရေးကိစ္စတွေနဲ့ နပန်းလုံးနေ ရတဲ့ကြားက သာရေးနာရေးကိစ္စတွေကို သွားရတယ်ဆိုရင်ပဲ စာရေးဆရွာေနဲ့ ၀ိုင်းဖွဲ့ပြီး စာကြောင်း ပေကြော င်းတွေ ကို ပြောဆိုလေ့ရှိပါတယ်။ ဒေါ်စုဟာ ကမ္ဘာ့စာပေ၊ မြန်မာ့စာပေကို အမြဲထိတွေ့လျှက်ရှိ တာ တွေ့ရတတ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်မှာ မူလတန်းနဲ့ အလယ်တန်း (စိန့်ဖရန်စစ်ကွန်ဗင့်ကျောင်း) တို့မှာ စာသင်ခဲ့ပါတယ်။ နယူယောက်မှာ သူနဲ့ကျောင်းနေဖက်တဦးက သူဟာ စာတော်သူတဦးဖြစ်တယ်လို့ပြောပြပါ တယ်။ ဗမာပြည်မှာ စာသင်နေရင်းက မိခင်ကြီး ဒေါ်ခင်ကြည် က သံအမတ်ကြီးအဖြစ်နဲ့ အိန္ဒိယပြည်ကို သွားရတော့ အိန္ဒိယပြည်မှာ တက္ကသိုလ်ရောက်တဲ့အထိ အောင်အောင်မြင်မြင် ပညာသင်ခဲ့ ပါတယ်။ အဲဒီက တက္ကသိုလ်မှာ ဒဿနိကဗေဒ၊ နိုင်ငံရေးသိပ္ပံတို့ကို (၂) နှစ် လေ့လာဆည်းပးပြီးမှ အင်္ဂလန်ကိုကူးပြီး ၀ိဇ္ဇာဘွဲ့ ရသည်အထိ ပညာသင်ပါတယ်။ အိန္ဒိယ၊ ဘူတန်၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန် တက္ကသိုလ်များမှာ နိုင်ငံတကာ စာပေလောက၊ နိုင်ငံတကာ ပညာရေးလောကမှာ ၀င်ထွက်သွားလာ (ကျိုတိုမှာ ဒေါ်စုအခန်းပြခန်းလုပ်ထား) လုပ်နေရင်းက မြန်မာလို ၀တ်စားဆင်ယင်ပြီး၊ မြန်မာမှု၊ မြန်မာစာပေကို အမြဲမကင်းမကွာရှိနေခဲ့ပါတယ်။ မိခင်ကြီးရဲ့ ပြုစုပျိုးထောင်မှုကြောင့် စာပေအနုပညာ မြတ်နိုးခြင်း၊ သူတပါးကို စာနာကူညီတတ်ခြင်း၊ ရဲရင့်တည်ကြည်ပွင့်လင်းခြင်း စတဲ့ မြင့်မြတ်တဲ့ ဂုဏ်ရည်များဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ရည်များ အဖြစ် ဖြစ်ထွန်း ထင်ပေါ်နေတတ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယပြည်မှာ ကျောင်းနေရတော့ လူမျိုးခြား၊ ဘာသာခြား လူတန်းစားအမျိုးမျိုးနဲ့ ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံရပြီး တက္ကသိုလ်ရောက်တဲ့အခါမှာပဲ ဘာသာစကားမတူပေမယ့် ပညာရေး မှာ အောက်တန်းမကျခဲ့ပါဘူး။ မိခင်ကြီးရဲ့ ပြုစုပျိုးထောင်မှုနဲ့ မြင်းစီးတာ၊ စန္ဒယားတီးတာ၊ ပန်းအလှပြင်တာ တို့ကိုလဲ သင်ယူလေ့ကျင့်ခဲ့ရဖူးပါတယ်။

ပြည်ပရောက်ရှိနေတဲ့အခါ ဒေါ်ခင်ကြည်နဲ့ ညီအမလို ခင်မင်ရင်းနှီးတဲ့ အဆိုကျော် ဘိလပ်ပြန်သန်း ခေါ် ဒေါ် သန်းအေး (Dora Than Aye) ကလဲ ဒေါ်စုကို သမီးအရင်းသဖွယ် စောင့်ရှောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်သွားတုန်းက ဒေါ်သန်းအေးက ဘိလပ်မှာ ပညာသင်နေဆဲပါ။ အဲ့ဒီကတည်းက ဗိုလ်ချုပ်အောင် ဆန်းနဲ့ ဒေါ်သန်းအေးတို့က ရင်းနှီးခဲ့ကြပြီး အောင်ဆန်းမိသားစုရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်ခဲ့ပါ တယ်။ ဒေါ်သန်းအေး အယ်လ်ဂျီးယားစ်မှာ အလုပ်လုပ်နေစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ကျောင်းအား ရက် ကြုံလို့ သွားရောက်နေခဲ့ဖူးပါတယ်။ ဒေါ်သန်းအေး ကုလသမဂ္ဂမှာ အမှုထမ်းနေတော့ လဲ ဒေါ်စုက ဒေါ်သ န်းအေး နဲ့ လိုက်နေရင်းက နယူးယောက်တက္ကသိုလ်မှာ ဆက်လက်ပညာဆည်းပူးခဲ့ပါတယ်။ ဒီလိုနေရင်း က ဒေါ်စုလဲ ကုလသမဂ္ဂရဲ့ ဘတ်ဂျက်ဌာနတခုမှာ အလုပ်လုပ်ခဲ့ရဖူးပါတယ်။ ဒီလိုအတွေ့အကြုံတွေကြောင့် လဲ နိုင်ငံတကာ အတွေ့အကြုံ၊ သံတမန်အတွေ့အကြုံတွေ ရရှိခဲ့တဲ့အပြင် ကမ္ဘာ့စာပေနဲ့တကွ နိုင်ငံခြားဘာ သာစကားတချို့ကိုလဲ လေ့လာတတ်ကျွမ်းခွင့်တွေ ရရှိခဲ့ပါတယ်။ ဒီလိုအတွေ့အကြုံအမျိုးမျိုး ကြောင့် ဗမာပြည်မှာ ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာတော့ သတ္တိ၊ ဗျတ္တိ စွယ်စုံအရည်အချင်းတွေနဲ့ ဗမာပြည်သူတွေကလဲ လေးစားလောက်အောင် ကမ္ဘာ့ပြည်သူတွေကလဲ အာရုံထားလောက်အောင် သစ္စာ ပညာ ပြည့်စုံစွာနဲ့ ရုတ်ချည်းပါဝင် ဦးဆောင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီအရေးတော်ပုံကြီးကို ဒေါ်စုက ဒုတိယလွတ်လပ်ရေးတိုက်ပွဲလို့ မော်ကွန်းတင်ခဲ့ပါတယ်။ မှန်ပါပေ တယ်။ ဖခင်ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်ကို တိုင်းတပါးကျွန်ဘ၀က လွတ်မြောက်အောင် ဦးဆောင်တိုက်ပွဲ ၀င်ခဲ့ပါတယ်။ ခုလဲ ဒေါ်အောင် ဆန်းစုကြည်က ဗမာပြည်ကို စစ်ကျွန်ဘ၀က လွတ်မြောက်အောင် ဦးဆောင် တိုက်ပွဲဝင်နေရပါတယ်။ ခု ပြည်သူလူထုကလဲ သူ့ကို အမျိုးသား ခေါင်းဆောင်လို့၊ သူ့ဖခင်ကြီးကို ဟိုတုန်းက ပြည်သူတွေက ခေါ်ကြသလိုပဲ ခေါ်တွင်နေကြပါတယ်။ အမျိုးသားခေါင်းဆောင်ဆို တာက လဲ ရွေးကောက်ပွဲနဲ့ ရွေးလို့ရတာမျိုး မဟုတ်ပါဘူး။ မိဘအမွေလို စာချုပ်စာတမ်းတွေနဲ့ လွှဲယူလို့လဲ ရတာမျိုး မဟုတ် ပါ ဘူး။ ဇာတ်ပွဲထဲက သိကြားမင်းကြီး မိုးပေါ်ကဆင်းလာသလို ဘွားကနဲ ဆင်းလာလို့လဲ ရတာမျိုးမ ဟုတ်ပါ ဘူး။ အရေးတော်ပုံကြီးတခုမှာ လူထုနဲ့အတူ တိုက်ပွဲဝင်ရင်းက ပေါ်ထွန်းလာရတာမျိုးဖြစ်ပါတယ်။ တိုက်ပွဲဝင်လူထုကြီးက တခုတည်းသော နှလုံးသား ဆန္ဒအဖြစ်နဲ့ ပေါင်းစည်းဂုဏ်တင် ဘွဲ့တံဆိပ်ဆင် လိုက် တာ မျိုး ဖြစ်ပါတယ်။ ဒီအတွက် ကျနော်တို့ ဗမာလူမျိုးတွေ ကံကောင်းပါ တယ်။ နှစ်ရှည်လများ ခံစားနေရတဲ့ စစ်ကျွန်ဘ၀သက လွတ်မြောက်ရေးတိုက်ပွဲမှာ တကယ့်ကို သတ္တိ၊ ဗျတ္တိနဲ့ ပြည့်စုံတဲ့ စွယ်စုံအရည်အချင်းရှိသူ ပညာတတ် ခေါင်းဆောင်တဦး ရရှိထားခဲ့ပြီ မဟုတ်ပါလား။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဖမ်းအဆီအချုပ်အနှောင် မခံရလို့ လွတ်လပ်ခွင့်ရနေတဲ့အခါမျိုးေ တွ မြန်မာနိုင်ငံ အနှံ့ လှည့်လည်ပြီး ပြည်သူလူထုနဲ့ မပြတ်တမ်းဟောပြော ဆွေးနွေးစည်းရုံးလှုံ့ဆော်နေလေ့ရှိပါ တယ်။ သူ့ရဲ့ ဟာပြောဆွေးနွေးချက်တွေရော၊ သူ့ရဲ့ ရေးသားချက်တွေဟာ အတွေးအခေါ်အဆင့်အတန်း လဲ မြင့်ပြီး ပြည် သူလူထုလူ တန်းစားမရွေး နားဝင်နိုင်တဲ့ ပြောဆိုရေးသားချက်တွေ ဖြစ်ပါ တယ်။ နိုင်ငံရေးဝေါဟာရ အဆန်းတကြယ်တွေနဲ့ လေလုံးထွားတဲ့ ဟောပြေားရေးသားမှုမျိုး မရှိပါဘူး။ လူကိုယ်တိုင်လဲ လူထုကြားကို တိုးဝင်ရောနှောနေထိုင်တတ်ပြီး လူကြား၊ သူကြားသွားလာနေထိုင် စားသောက်ရတာကို စက်ဆုပ်စရာ လို့လဲ နောက်တွန့်နေတတ်တာမျိုး မဟုတ်ပါဘူး။ ကြောက်ရွံ့စရာလို့လဲ နောက်တွန့်တတ်တာမျိုး မရှိပါဘူး။

တနေ့တော့ မောင်မိုးသူတို့နဲ့ သန်လျင်ဘက်ကို သွားရောက်ဆွေးနွေးဟောပြောပြီး ရန်ကုန်- သန်လျင်ကူး သီတာသင်္ဘောနဲ့ ပြန်လာကြသတဲ့။ သင်္ဘောပေါ်မှာ ခရီးသည်တွေကြားထဲကို တိုးဝင်ပြီး ဇင်ယော်ငှက်တွေကို ကုလားပဲနဲ့လုပ်တဲ့ စာလေးခွေဆိုတဲ့ မုန့် လေးတွေ ၀ယ်ပြီး အစာကျွေးသတဲ့။ ကျွေးရင်းက ကျမလဲဆာလာပြီး ”ဒါတွေ လူလဲစားလို့ရတယ်မဟုတ်လား” ဆိုပြီး ဖဲ့စားသတဲ့။ တခါ တော့ ရန်ကုန်မြို့ထဲက လမ်းဘေးစာ အုပ်အဟောင်းဆိုင်တွေကိုသွားပြီး ကဗျာဆရာတင်မိုးနဲ့ အတူ မွှေကြသတဲ့။ အချိန်လင့်လာတော့ ”ကျမဆာပြီ ဆရာမိုး” လို့ပြောပြီး လမ်းဘေးက ခေါက်ဆွဲသုပ်ဆိုင်မှာ လမ်းဘေးကလူတွေနဲ့ဘဲ အတဆူစားခဲ့ဖူးပါ သတဲ့။ နိုင်ငံရေးလောကထဲ ရောက်လာတော့လဲ ပြည်သူလူထုက ချစ်ကြခင်ကြတယ်။ အညာမှာ ဖုန်း တထောင်းထောင်းနဲ့ ခရီးသွားကြရင်း လမ်းဘေးရွာတွေက အဖိုးကြီးအို၊ အဖွားကြီးအို ခါးကုန်းကုန်းတွေရော၊ ကလေးတွေကရော ၀မ်းသားအယ်လဲ ထွက်တွေ့ကြတယ်။ ပန်းစည်းတွေ၊ သနပ်ခါးတုံးတွေလဲ လက်ဆော င်ပေးကြပါ တယ်။ စစ်သားလေး တယောက်ကဆိုရင် တောင့်တောင့်မားမားရပ်နေရင်း က ဒေါ်စုအနား ကို ရောက်လာေ တာ့ သေနတ်ကို ပေါင်ကြားညှပ်ပြီး မတ်တပ်ရပ်ကန်တော့ရှာပါတယ်။ ဒါကတာ့ သာမန်ပြည်သူတွေကြားကို သွားတာကိုး။ အာဏာရူးစစ်ဗိုလ်ချုပ်တွေ ရဲ့ နောက်လိုက်က်ပါးစေတွေ က သေနတ်တွေ တချိန်ချိန်နဲ့ပေါ့။ ဒီလိုအန္တရာယ်ကြားကိုလဲ ဒေါ်စု က မျက်နှာတစက်မပျက်ဘဲ ရင်ဆိုင်တိုး ၀င်သွားခဲ့တာပါပဲ။ ဒီပဲယင်းလို လူမိုက်အုပ်စုနဲ့ ဗြောင်လုပ်ကြံမှုတွေကြားကိုလဲ ဇွတ်တိုးဝင် သွားခဲ့ရဖူး ပါတယ်။ ပြည်သူ့မေတ္တာကြောင့် သေဘေးက လွတ်ခဲ့ရတယ်လို့ ဆိုရပါမယ်။ အကျဉ်းချ၊ အချုပ်အချယ်ခံ ရတာတွေဆိုရင် အားလုံးသိကြတဲ့အတိုင်း စုစုပေါင်း (၁၅) နှစ် မျှ ကြာခဲ့ပါတယ်။ ဒီကာလတွေမှာ သံဃာတွေ၊ သက်ကြီးဝါကြီးတွေကို ကန်တော့ပြီး မွေးနေ့အခမ်းအနား အနည်းအပါးလေးမျှ ကျင်းပခွင့် မရခဲ့ရှာပါဘူး။ ခု ဒါက အချုပ်ကလွတ်ပြီး ပထမဆုံးအကြိမ် လူနဲ့သူနဲ့ ကျင်းပခွင့်ရတဲ့ မွေးနေ့ပွဲဖြစ်လို့ ထူးခြားပါတယ်။ လွတ် လပ်ခွင့်ရတာနဲ့ ခရီးထွက်ပြီး လူထုနဲ့ တွေ့ဆုံဖို့ ကြိုးစားစီစဉ်နေပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယပြည်မှာ ကျောင်းနေခိုက် ငယ်စဉ်တောင်ကျင်း ကလေးဘ၀ကပဲ မဟတ္တမ ဂန္ဒီကြီးရဲ့ အကြမ်းမဖက် ”အဟိံသ၀ါဒ” ကို ကောင်းကောင်းကြီး လေ့လာဆည်းပူးခဲ့ရပါတယ်။ အမေရိကား ကိုရောက်တော့လဲ လူမဲခေါင်းဆောင် မာတင်လူသာကင်းရဲ့ ”အိပ်မက်” တရားကို နားရည်ဝခဲ့ ပါတယ်။ ချက်ကို စလိုဗက်က ပြဇာတ်ဆရာ၊ နိုင်ငံရေးခေါင်းဆောင် ဗက်စ်လက်ဟားဗက်ရဲ့ ”အာဏာမဲ့သူတို့ရဲ့ တန်းခိုးအာ ဏာ”စာတမ်းကိုလဲ ကျွမ်းဝင်ရင်းနှီးခဲ့ပါတယ်။ ဒီလိုကမ္ဘာကျော် အဟိံသတရားတွေနဲ့ မွှမ်းထုံးကြီးပြင်း လာရသူဖြစ်လို့လဲ ဗမာပြည်သူတွေရဲ့ ဒီမိုကရေစီတိုက်ပွဲကို အကြမ်းမဖက်တဲ့ လူထုနည်း၊ အာဏာရှင် တို့က ဖိနှိပ်တာကို ငုံ့ခံရင်း တုံ့ပြန်အာခံတဲ့နည်းတွေနဲ့ မှန်မှန်ကန်ကန် ရဲရဲရင့်ရင့် ဦးဆောင်နိုင်ခဲ့လို့ပဲ ဗမာပြည်သူလူ ထုက လေးစားလိုက်နာ ချစ်ခင်ကြည်ညိုကြသလို၊ ကမ္ဘာ့ပြည်သူလူထုကလဲ အသိအမှတ်ပြုပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုကြီးကို ချီးမြင့်ခံရတာ ဖြစ်ပါတယ်။ ဒီလို ဗမာ့ပြည်သူ၊ ကမ္ဘာ့ပြည်သူတွေ က လေးစာြး မတ်နိုးတာကြောင့် ဒီနှစ် ဒီလ ဒီရက်မှာ တဖန်ပြန်ပြီး ကျင်းပခွင့်ရတဲ့ ဒေါ်စုရဲ့ ၆၆ နှစ်မြောက်မွေးနေ့ကို အထူးေ မွးနေ့ပွဲတရပ်အဖြစ် ကျနော်တတွေလဲ ပါဝင်ဆင်နွှဲကြတာဖြစ်ပါတယ်။ ဒီမွေးနေ့မှာ ကျနော်တို့ ခေါင်းဆောင်၊ ကျနော်တို့ရဲ့ နှမငယ်၊ အမောင်တို့ အမိတို့ရဲ့ အဒေါ်အမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်စွာ အနာမဲ့လျက် ဆက်လက်ပြီး ဗမာပြည်ဒီမိုကရေစီရအောင်၊ ရပြီးတော့လဲ အဓွန့်ရှည်တည်တံ့ေ အာင် ခေါင်းေ ဆာင်နေပါစေလို့ ဆုတောင်းလိုက်ရပါတယ်။ နိဂုံးချုပ်မှာတော့ ဒေါ်စု အသက် (၄၅) နှစ်ရောက်တုန်းမှာ တခေတ်တယောက်ထွန်းပေါက်ကျော်ကြားခဲ့သူ စာဆိုကြီး ဆရာမင်းသုဝဏ်က သူ့တပည့် သူ့မိတ်ဆွေ ဗိုလ်ချုပ်အောင်ဆန်းရ့ သမီးအတွက် အထူးရေးဖွဲ့ ဂုဏ်ပြုခဲ့တဲ့ ကဗျာတေးတပုဒ်ကို ဖတ်ရှုရွတ်ဆိုပြချင် ပါတယ်။ ကဗျာခေါင်းစဉ်က ”မွေးနေ့ဆုတောင်း” တဲ့။ ကဗျာကတော့

ပြည်သူတွေအောင်ပန်း မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ”ရဲဇာနည်” ကို
မြန်ပြည်တလွှား၊ ချစ်သူများခဲ့။

”တို့အားတို့အင်၊ တို့အရှင်” ကို
ကြည်ရွှင်စေသော၊ မာစေသောဟု
မွေးသောနေ့မှာ ထိုသူဟာ
မေတ္တာကြည်လင် ရွှင်ရွှင်ပို့
ဒေါင်းပျိုအိုးဝေ တွန်စေဖို့တဲ့။

ဆရာကြီး မင်းသုဝဏ်ရဲ့ မွေးနေ့ဆုတောင်း ကဗျာဖြစ်ပါတယ်။ ဒီကဗျာမှာ စာဆိုကြီးက သမီး”စု” ကို ”ရဲဇာနည်” တဲ့။ ”’ဒို့အရှင်” တဲ့ ရည်ညွှန်းခေါ်ဆိုထားပုံဟာ မထိုက်တန်သူဆိုရင် မြေမျိုလောက်ပါတယ်။ ထိုက်တန်သူအဖို့ ထိုက်တန်တဲ့ဆုကို ခံယူပြည့်ဝမှာဖြစ်ပါတယ်။ ကျနော်တို့တတွေကလဲ ရဲဇာနည် ဒေါ်စု၊ ဒို့အားဒို့အင် ဒို့အရှင် ဒေါ်စုကို ကြည်ရွှင်စေသော မာစေသောရယ်လို့ ဆုတောင်းမေတ္တာ ပို့ကြပါစို့။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ …
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ …
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ …

ကျေးဇူးတင်ပါတယ်ခင်ဗျား ..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts