>

အမေရိကန်မြန်မာအမျိုးသမီးအသင်း၊ ဆန်ဖရန်ဘေးဧရိယာက ဒေါ်စု ၆၆ နှစ်မွေးနေ့အခမ်းအနား ကျင်းပ
မိုးမခ၊ ဇွန်၊ ၂၀၊ ၂၀၁၁
            ယမန်နေ့ညနေခင်းက ဆန်ဖရန်ဘေးဧရိယာမှာ နှစ်စဉ်ကျင်းပနေကျ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနားကို BAWA – အမေရိကန်မြန်မာအမျိုးသမီးအသင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ပရိသတ် ၁၀၀ ကျော် တက်ရောက်တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အထိမ်းအမှတ် ဆု ကို ဒီနှစ်မှာ နိုင်ငံရေးအကျဉ်းသူ ဒေါ်ဝင်းမြမြကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ မနှစ်က မဖြူဖြူသင်းကို ပေးအပ်နိုင်ခဲ့ပါတယ်။ 
BAWA အမျိုးသမီးအဖွဲ့ရဲ့ ရင်သွေးငယ် ဆယ်ကျော်သက်မိန်းကလေးများက အခမ်းအနားမှူးများ၊ တင်ဆက်သူများအဖြစ် ဆောင်ရွက်သွားတာကလည်း ထူးခြားတယ်လို့ ဆိုရမယ် ဖြစ်ပါတယ်။ ဧည့်သည်အဆိုတော်အဖြစ် မြန်မာဒီမိုကရေစီရေးနဲ့ ဒေါ်စုလွတ်မြောက်ရေးတွေမှာ သီချင်းဂီတနဲ့ လှုံဆော်သူ ဂျင်မီဂျက်ခေါ် လားရှိုးသိန်းအောင်က လာရောက် ဖျော်ဖြေတာကို တွေ့ရပါတယ်။ မြန်မာတိုင်းရင်းသားအစုအဖွဲ့တွေကလည်း ရိုးရာအကတွေ ကပြကြပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts