>Suu 66 marked at NY, Utica Burmese Community

>

နယူးယောက်၊ ယူတီကာမြို့၊ သန္တိသုခကျောင်းတွင် စု ၆၆ မွေးနေ့ကျင်းပ
မိုးမခ၊ ဇွန် ၂၀၊ ၂၀၁၁
ဇွန် ၁၈ ၂၀၁၁နေ့က နယူးယောက်ပြည်၊ ယူတီကာမြို့ သနသုခကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းဆန်းစုကြည့် ၆၆ နှစ်မြောက်မွေးနေ့ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ နံနက်ပိုင်းတွင် သံဃာတော်အရှင်မြတ်များအား ဆွမ်းကပ်လှူဒါန်းကြပြီး ပရိတ်တရားတော်များနာယူကြပါသည်။ 
နေ့ လည်ပိုင်း ၃နာရီအချိန်တွင် အခမ်းအနားစတင်ကျင်းပရာ ဆရာတော် အရှင်ပညာနန္ဒက အဖွင့်အမှာစကား ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားလျှင် ဒေါ်အောင်ဆန်းစုကြည်၏စကားကို နားထောင်ဖို့ လိုကြောင်း၊  တနှစ်တခါမွေးနေ့ပွဲ လုပ်နေရုံနှင့်မလုံလောက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်လုပ်နေသည့် လူမှုရေး ကျန်းမားရေး ပညာရေးစသည့် ကိစ္စများကိုလည်း တတ်နိုင်သမျှ ပါဝင်ကူညီစေလိုကြောင်း မိန့်ကြားသွားပါသည်။
  
ထို့နောက် ဘာသာပေါင်းစုံခေါင်းဆောင်အသီးသီးက ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သကြပြီး ဈေးရောင်းပွဲတော်ကို ဆက်လက်ကျင်းပကာ ကြွရောက်လာသော ဧည့်ပရိတ်အား မေတ္တာရှင်အငြိမ့်အဖွဲ့က ဖျော်ဖြေပြီး အခမ်းအနားကို ညနေ ၇ နာရီတွင် ရုတ်သိမ်းကြောင် သတင်းရရှိပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts