>Prayer Service for Political Prisoners held by Firends and Families

>

 နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲကျင်းပ
မိုးယံမခ
ရန်ကုန်၊ ဇွန် ၁၇၊ ၂၀၁၁
၂၀၁၁ ဇွန်လ ၁၆ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်အေးမြင့်သန်းရဲ့ နေအိမ်မှာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဆုတောင်းပွဲတရပ်ကို ကျင်းပခဲ့ပါတယ်။
 
အခမ်းအနားမှူးအဖြစ် မကြာသေးခင်က ထောက်မှလွတ်မြောက်လာသူ ကျောင်းသားခေါင်းဆောင် ရဲမင်းဦးက ဆောင်ရွက်ခဲ့ပါတယ်။
 
(ဦးနေ၀င်း)
          အခမ်းအနားကို ကဗျာဆရာမုံရွာအောင်ရှင်၊ အင်န်အယ်ဒီ ဗဟိုအလုပ်သမားအဖွဲ့က ဦးကျော်မြင့်၊ ဦးနေ၀င်း အစရှိတဲ့ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးအကျဉ်းသား/သူများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
          အခမ်းအနားကို အစီအစဉ် ၆ ရပ်နဲ့ ကျင်းပခဲ့တာကို တွေ့ရပါတယ်။
          အစီအစဉ် ၁ – ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊
 
 ၂ – ဒီမိုကရေစီတိုက်ပွဲတွင်းမှာ ကျဆုံးခဲ့ကြတဲ့ အာဇာနည်ရဲဘော်အသီးသီးအတွက် တမိနစ် ငြိမ်သက်ခြင်း၊
 
 ၃ – နိုင်ငံရေးအကျဉ်းသူဟောင်းလည်းဖြစ်၊ လက်ရှိမုံရွာထောင်မှာ ၄၂ နှစ် ထောင်ဒဏ်နဲ့ ဖမ်းဆီး ချူပ်နှောင်ခံနေရသူ သမီး မနိုဘယ်အေး (ခေါ်) မနှင်းမေအောင်ရဲ့ မိခင်လည်းဖြစ်တဲ့ ဒေါ်အေးမြင့်သန်းက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆုတောင်းပွဲ ကျင်းပရခြင်းအကြောင်း တင်ပြခြင်း
          ၄ – တက်ရောက်လာကြသူများအနက် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြတဲ့ 
 
မုံရွာအောင်ရှင်၊ 
 
ဦသန်းလွင်၊ 
 
မချို၊ 
 
ဦးကျော်မြင့်၊ 
 
ဦးကြည်လင်း၊
 
ကိုဇင်လင်းအောင်၊ 
 
ကိုခင်ဇော်တို့က အမှတ်တရစကားပြောကြခြင်း။
 
ကွယ်လွန်သူ နိုင်ငံရေးအကျဉ်းသား ဦးကြည်တင်ဦး၏ ဇနီး ကဗျာဆရာမ မရီဝေက “သောကမီးတောင်ငြိမ်းပေးပါ” ကဗျာကို ရွတ်ဆိုခြင်း
          ၅ – တက်ရောက်လာကြသူများက 
 
ဖယောင်းတိုင် ၈၈ တိုင်ကို မီးထွန်းညှိကြပြီး 
 
ငှက် ၈၈ ကောင်၊ 
 
မိုးပျံပူဖောင်း ၈၈ လုံးတို့ကို နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်း လွှတ်တင်ခြင်း
          ၆ – အခမ်းအနားပြီးဆုံးကြောင်း ကြေညာပြီးနောက် တက်ရောက်လာကြသူ ဧည့်သည်များကို မုန့်ဟင်းခါးနဲ့ တည်ခင်းဧည့်ခံခြင်း တို့ ဆောင်ရွက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts