>Thee Brothers Anyeint to entain at Mae Sod Charity Pwe on 19th June 2011

>

သီးညီနောင်အငြိမ့် ဇွန်၁၉ မဲဆောက်စုပေါင်းအလှူတွင် ကပြဖျော်ဖြေမည်
မိုးမခအထောက်တော်၊ မဲဆောက်
ဇွန် ၁၇၊ ၂၀၁၁
ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ဇွန်လ ၁၉ ရက် (တနင်္ဂနွေနေ့) တွင်ကျင်းပမည့်  ပထမဆုံးအကြိမ် စုပေါင်းဆွမ်းဆန်စိမ်းလောင်းပွဲကြီး၌ သီးလေးသီး-သီးညီနောင် အငြိမ့်သဘင်အဖွဲ့ ဖျော်ဖြေ တင်ဆက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
မဲဆောက်ရှိ မယ်တော်ကျောင်းကြီးတွင် ည ၇ နာရီမှ ည ၉ နာရီ အထိ အငြိမ့်သဘင်ဖြင့် တင်ဆက်မည်ဖြစ်ပြီး၊ အနုပညာရှင်များဖြစ်သော လူရွှင်တော် ကြယ်သီး (သီးလေးသီး)၊ ပန်းသီး (သီးလေးသီး)၊ ဇီးသီး (သီးလေးသီး) နှင့်အတူ မင်းသမီးချော  ရွှေရည်တို့က ကပြတင်ဆက်မည်ဟု ဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts