>SUU 66, Lay Lay (Toyo) – Poem

>

ကျမဆန္ဒ
လေးလေး (တိုကျို)
ဇွန် ၁၆၊ ၂၀၁၁


အမေရေ …
ဂျပန်အရှေ့ဖျားမှာ ကြုံတွေ့နေရတဲ့ သဘာဝအန္တရာယ်တွေဟာ
အိမ်မက်တွေ မဟုတ်ပါဘူး …။

သူသူငါငါ လူတကာရဲ့နှလုံးသား
ခြောက်ခြားလို့သွားစေရ
မြင်တွေ့ရ အနိဌာရုံတွေ
ဘူးလဲရာ ဖရုံဆင့်သလို
တမျိုးပြီး တခု … တခုပြီးတသွယ်
ယိုစိမ့်လို့နေလေရဲ့ …။

အင်အားကြီးငလျင်
ဆူနာမိရေအလျှင်ကြောင့်
နျူကလီးယားဓါတ်ပေါင်းဖိုပေါက်
လူတကာ ဒုက္ခရောက်ခဲ့ကြပေါ့ …။

အမေရေ…
ဂျပန်အရှေ့ဖျားမှာ သမီးတို့ ကွန်းခိုနားလာခဲ့တာ
ဆယ်စုနှစ် နှစ်ပြန်ကြာ အချိန်တွေကြာသွားလိုက်တာ
တနေ့နေ့ တချိန်ချိန်
ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်တိုင်းပြည်ဆိုတာကို ပြန်ရနိုးနိုး
မျှော်ကိုးလို့စောင့်စား အိမ်အလွမ်းများသာပိ
ရင်ထဲမှာ မချိခဲ့ပါလေ။

အမေရေ
ခုနေအခါ
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
ဆုတောင်းလိုက်ချင်စမ်းပါရဲ့
နောင်နှစ်ခါမှစ ရောက်ရှိလို့လာကြမယ့်
အမေ့မွေးနေ့ရက်တိုင်းမှာ
လက်ဆယ်ဖြာအုပ်မိုး ရှစ်ခိုးလို့ဦးတင်
အမေ့ရှေ့မှောက် ဒူးထောက်
သမီးရောက်ခွင့် ရချင်ပါရဲ့ရှင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts