>Kyaw Thu – FFSS Yangon Activity (15th June 2011)

>

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဇွန် ၁၆၊ ၂၀၁၁
ခရစ်တော်၌ အိပ်ပျော်ခြင်း
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်နွဲ့နွဲ့မူသည် ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ကျန်းမာရေး ချို့ယွင်းလာပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး)၌ တတ်ရောက်ဆေးကုသမှု ခံယူနေစဉ် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ နံနက် ၅း၅၀ နာရီတွင် ခေါ်တော်မူခြင်းခံခဲ့ရသည်။ 

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်နွဲ့နွဲ့မူသည် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀၀ ကျော်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ထူးချွန်ထက်မြက်သော အနုပညာစွမ်းအား၊ အနုပညာပါဝါတို့ဖြင့် ရိုက်ကူးသရုပ်ဆောင်ခဲ့သော အစားထိုး၍ မရနိုင်သော အနုပညာရှင်စစ်စစ် တဦးဖြစ်သည်။

 

 
မြန်မာ့ရုပ်ရှင်လောကမှ အနားယူသွားပြီဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင်သွားရောက်၍ ဈာပနပို့ဆောင်ခြင်းကို ပြုလုပ်ခဲ့ရာ စမ်းချောင်းမြို့နယ်ရှိ ချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် မဆုံတွေ့ရသည်မှာ ကြာပြီဖြစ်သော ရုပ်ရှင်ပညာရှင်ကြီးများ ဖြစ်သော ဒေါ်မြင့်မြင့်ခင်၊ ဒေါ်ချိုပြုံး၊ ဦးထွန်းထွန်းဝင်း၊ ဦးအောင်လွင်၊ ကိုမြညွှန့်၊ ကိုလူချောအဖွဲ့သားများ၊ ခရစ်ယာန်ဘာသာဝင် ဘုန်းတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင် ပြည်သူလူထုတို့မှလည်း ဝမ်းသာအားရ ကျေးဇူးတင်စွာဖြင့် နှုတ်ခွန်းဆက်ခဲ့ကြသည်။

 

 

 
လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စများကို ဖေးမကုသိုလ်ဖြစ် သင်္ဂြိုဟ်ပေး နေသော နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများသည် ၁၅.၆.၂၀၁၁ နံနက် ၁၀း၀၀ နာရီ အချိန်တွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူ (ခ) ဒေါ်မြသန်းနွဲ့ အသက် ၆၁ နှစ်၏ ရုပ်အလောင်းအား ဂျပန်ဆေးရုံကြီးမှ သယ်ဆောင်ကာ စမ်းချောင်းမြို့နယ်ရှိ ချင်းနှစ်ခြင်းခရစ်ယာန် အသင်းတော်သို့ ပို့ဆောင်၍ ခရစ်ယာန်ဘာသာ ထုံးထမ်းအစဉ်အလာအရ ဈာပနဝတ်ပြု ကိုးကွယ်ခြင်း အစီအစဉ်ကို (၁၁း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပြီးနောက် ရေဝေးခရစ်ယာန် ဂိုဏ်းပေါင်းစုံသုဿန်သို့ ပို့ဆောင် ဂူသွင်းသင်္ဂြိုလ်ပေးခဲ့သည်။
ငါသည်အရင်သွားနှင့်ပြီ
ကျိုက္ကစံစေတီတော်၊ ရန်မျိုးအောင်စေတီတော် ဂေါပကအဖွဲ့များ၏ သြ၀ါဒစရိယ ရွှေကျင် နိကာယရတ္တညူမဟာနာယက၊ သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာသိပ္ပံပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ သိရိဓမ္မ (နိုင်ငံတော်သြဝါဒစရိယ) သက်တော် (၈၈) နှစ်၊ ဝါတော် (၆၈) ၀ါ သည် ၇.၆.၂၀၁၁ ရက်နေ့ နံနက် ၁၁း၄၅ နာရီအချိန်တွင် ဘ၀နတ်ထံပျံလွန်တော်မူသွားပါ၍ မဟာသိပ္ပံပရိယတ္တိစာသင်တိုက်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ရွှေစတီး ကရ၀ိတ်ဖောင်တော်ဖြင့် အပူဇော်ခံထားရှိပြီး ၁၃.၆. ၂၀၁၁ တနင်္လာနေ့ နေ့လည် ၂း၀၀ နာရီအချိန်တွင် မဟာသိပ္ပံပရိယတ္တိစာသင်တိုက်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဆရာတော်ကြီး၏ ပုံတော်တင်ဆောင်ရန် ရှေ့ပြေးမော်တော်ယာဉ်၊ ဆရာတော်ကြီး၏ ကျန်ရစ်သောရုပ်ကလပ်တော်အား အထူးနိဗ္ဗာန်ယာဉ်ဖြင့် ပင့်ဆောင်ကာ စည်ကား သိုက်မြိုက်စွာဖြင့် အန္တိမဈာပနအခမ်းအနားအား ကျင်းပပြုလုပ်ပေးခဲ့သည်။

 

 

 

 မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သတိရ – တမ်းတ – သံဝေဂလင်္ကာ
ကံစေရာနောက်၊ ကောက်ကောက်ပါအောင်၊
ပုန်းရှောင်မရ၊ ငါလိုက်ရပြီ၊ ငါကအမှန် မလိုက်ချင်သေးပါ။
ငါ့မြေ ငါ့အိမ်၊ စည်းစိမ်ဥစ္စာ၊ ရတနာကို
ငါကခုံမင်၊ မစွန့်ချင်လည်း၊ ငါပင်စွန့်ရ၊ ပစ်ခဲ့ရပြီ၊
ငါကအမှန်၊ မစွန့်ချင်သေးပါ။
(အော်) မလိုက်မနေ၊ နေချင်မရ၊ မစွန့်ချင်လည်း စွန့်ပစ်ခဲ့ရ
ကံကစီမံ၊ ငါ့ကံအတိုင်း၊ အချိန်ပိုင်းလာ ခိုနားရာမှ
ပြန်လည်ကာလှမ်း၊ ဘဝကြမ်းပြင်၊ ခရီးနှင်ပြီ။
ငါသည်အရင်သွားနှင့်ပြီ . . . ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts