>Maung Maung Wam – SUU 66

>

ထာဝရနှင်းဆီ (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်
မောင်မောင်ဝမ်း
ဇွန် ၁၅၊ ၂၀၁၁

ပန်းဆိုတာ နွမ်းတတ်တယ်
ပန်းဆိုတာ ညှိုးတတ်တယ်
ဒါပေမဲ့ …
မညှိုးတဲ့ပန်း … မနွမ်းတဲ့နှင်းဆီဆိုတာ ရှိတယ် …
အဲဒါ … ထာဝရနှင်းဆီ

ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းထက် နှစ်ဆသာသွားပြီ။ ဟုတ်တယ် … နှစ်ဆသာသွားပြီ။

ဗိုလ်ချုပ်ကျဆုံးသွားတော့ သူ့အသက်က ၃၃ နှစ်ပဲရှိသေးတယ်လေ။ အခု အန်တီစု အသက်က ၆၆ ဆိုတော့ ဘာပဲဖခင်ဗိုလ်ချုပ်ထက်တော့လူ့ဘ၀မှာနှစ်ဆနေခွင့်ရသွားပြီ..(နေခွင့်ရသွားပြီလို့ပြောလိုက်တာက နေခွင့်မ ရေ အာင်ကြိုး စား တဲ့သူတွေ ရှိလို့ပါ )

အငြိုးအတေးများနဲ့ ဦးနေ၀င်း
ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့အသံကြားရင် ဒေါသတွေမွှန်လာတတ်တဲ့
န.၀.တ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦး …
သေနတ်နဲ့သေအောင် ပစ်သတ်ခိုင်းတဲ့ ဗိုလ်ချုပ်မြင့်အောင် …
တုတ်နဲ့လူမဆန်စွာ ရိုက်သတ်ခိုင်းတဲ့ ဗိုလ်ချုပ်စိုးဝင်း …

သူတို့ တတွေ … သူတို့တတွေ ငရဲပြည်မှာဆုံစည်းနေကြရင်၊ တကမ္ဘာလုံးမှာ ခြိမ့်ခြိမ့်သဲကျင်းပတော့ မဲ့ ဒေါ်အောင် ဆန်းစုကြည်မွေးနေ့ပွဲကိုကြည့်ရင်း ဒေါသတွေနဲ့ ကျိန်ဆဲ နေရှာရော့မယ်။

“တို့တွေက သူ့ကိုမသေသေအောင်သတ်တာ။ သူကမသေဘူး။ ငါတို့က အရင်သေကုန်ကြတယ်။ အောင်မာ ၆၆ နှစ်မွေးနေ့ပွဲတောင် ကျင်းပနေပါ့လား။ တောက် ”

သူတို့ထက် ပိုခံစားရမှာက … မကျယ့်တကျယ်နဲ့ နေနေရတဲ့ … ဗိုလ်ချုပ် ထွန်းကြည်တို့ …. ကျော်ဘတို့ လိုလူတွေ ထောင်ထဲမနေရယုံတမယ် နေနေရတဲ့ …မာယာများတတ်တဲ့ … ဗိုလ်ချုပ်ခင်ညွန့်လိုလူတွေ၊ သူတို့ တတွေကတော့ ပြောနေရော့မယ်… “လူကြီးသူမတွေပြောတဲ့ … ဆံပင်ဆိုတာ ဒါမျိုးများလား … ရိတ်လေ.. သန် လေတဲ့ … ရိတ်တဲ့သူတွေသာ အရိတ်ခံလိုက်ရတယ် ဆံပင်ကတော့ သန်ဆဲပါပဲလား”

နေပြည်တော်ဆိုတဲ့အရပ်ဒေသရဲ့ လုံခြုံရေးအစောင့်ရှောက်များ (နောက် များမကြာမှီ သူတို့တတွေ ဟာ ထောင်ဝန်ထမ်းအစောင့်များလည်း ဖြစ်လာကောင်း ဖြစ်လာနိုင်ပါသည်) ကြားက စံနန်းတော်ကြီးပေါ်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကတော့ ဖြစ်ပျက်တရားကိုရှုရင်း ဖြစ်လာခဲ့တဲ့အရာတွေဟာ ပျက်တော့မှာ ပါ လားဆိုတဲ့ သံဝေဂလေသံအပြည့်နဲ့ မြည်တွန်နေဆဲ အာရုံထဲမှာ သူ့လူတွေက သူ့ကို အာဏာဖီ ဆန်တော့မယ့် နိမိတ်ပုံရိပ်၊ သူသတ်ခဲ့တဲ့ သံဃာတွေရဲ့ ခြောက်လှန့်နေမှု့များကြား က အော်… မစုတောင် … ၆၆နှစ်ပြည့်ပြီပဲ။ ငါတို့လည်း နေ၀င်ချိန်နီးပါပေါ့ … ဆိုပြီး သင်ခန်းစာတွေရနေမလား၊ အတိုက်အခံဆို လက်ညှိုးထိုးကောင်ရုံေ လာက်ထား..ကျန်တာရှင်း၊ တလက်မမှတက်မလာစေနဲ့ဆို၊ ဒေါသစိတ်တွေနဲ့ ကန်လန့်ကာ နောက် ကွယ်က မုန်ယိုနေမလား။ ဘယ်လိုပဲဖြစ်ဖြစ် ထာဝရနှင်းဆီရဲ့ရနံ့တွေ ကြိုင်သင်းနေ တာကတော့ ၆၆ နှစ်တိုင်ခဲ့လေပြီ။

ကျနော် ၈၈ လူထုအရေးတော်ပုံကြီးဖြစ်နေတော့ (ဒေါ်အောင်ဆန်းစုကြည် လည်း ပေါ်ထွက်မလာသေးဘူး) စိတ်ထဲမှာ ခွန်အားတခုဖြစ်မိတာရှိတယ်။ မြန်မာပြည် လူထုအရေးတော်ပုံကြီးကိုဦးဆောင်ဘို့ အမျိုးသားခေါင်းေ ဆာင်ကြီး ဗိုလ်ချုပ်အောင် ဆန်းသား အောင်ဆန်းဦး ရောက်လာတော့မယ်တဲ့။ ကျနော်တို့ ၀မ်းသာမိခဲ့တာအ မှန်ပါ။ ဒါပေမယ့် ဒါတွေဟာ ကောလဟာလတွေဖြစ်ပြီး သမိုင်းကိုပြောင်းပြန်ဖန်တီး သူ ဖြစ်သွားတယ်ဆို တာ နောက်ထပ် ဆယ်နှစ်လောက်အကြာမှာ သိလိုက်ရပါတော့ တယ်။ တကယ်တော့ မြန်မာလူထုေ တ်ာတော် များ များ က ဒေါ်အောင်ဆန်းစုကြည်ကိုသိပ်မျှော်တွေးမထားမိကြဘူး။ အရင်ဆုံးမျှော်လင့်ခဲ့မိသူက အကိုဖြစ်သူ ဦးအောင်ဆန်းဦး …။ လွဲတဲ့အခါလည်း လွဲပေမပေါ့ …။

ဒေါ်အောင်ဆန်းစုကြည်ဆိုဖြစ်တည်လာခဲ့မှုမှာ ဗိုလ်ချုပ်အောင်ဆန်းအရိပ် ပါပါတယ်။ ဒါပေမယ့် လုံးလုံးလျား လျားကြီးကြီးတော့ မဟုတ်ပါဘူး။ သတ္တိတွေ၊ ရိုး သားမှုတွေ၊ အနစ်နာခံမှုတွေမရှိခဲ့ရင် လူထုခေါင်းဆောငဖြစ် လာနို င်ပါ့မလား။ ဗိုလ် ချုပ်အောင်ဆန်းရင်သွေးမို့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ချစ်မြတ်နိုးလေးစား ကြည်ညိုနေတယ်ဆိုရင် သားကြီး ဦးအောင်ဆန်းဦးကိုရော လူထုက ဒီလိုသဘောထား တထပ်တည်းရှိပါ သလား။

တခါ မြန်မာ့ဒီမိုကရေစီလူတ်ရှားမှုသက်တမ်း အနှစ် ၂၀ ကျော်ကာလရောက် လာတဲ့အခါ သူ့အပေါ်အပြစ် ဖို့သူတွေ ကဖို့၊ ဆရာကြီးလေသံတွေနဲ့ ဟိုဟာလုပ်ပါ့ လား၊ ဒီဟာလုပ်ပါ့လား။ ဟိုဟာမလုပ်ခဲ့လို့ ဒီလိုဖြစ်တာေ ပါ့။ ဒီဟာမလုပ်လို့ ဟိုဟာ မဖြစ်တာပေါ့ … စသည် … စသည်ဖြင့်။ သေချာတာတခုကေ တာ့ ယောက္ခ မသေမယ် မှန်းသိရင် … နွားအကြွေးဝယ်လိုက်တာပေါ့ဗျာ။

တမျိုးက ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် ဘာတွေလုပ်ခဲ့လို့ လည်းတဲ့။ ဘာမှလုပ်ခွင့်မရအောင် လုပ်ထားမှတော့ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ အနစ်နာခံမှုတွေကလွဲလို့ ဘာလုပ်ပြနိုင်မှာလဲ။ ပါးစပ်ကိုပိတ်ထားပြီး မှသီချင်းလည်းမဆိုဘူး ဆိုတာမျိုးလား။ မျက်စိဖွင့်ပြီး အိပ်ကြည့်စမ်းပါဆိုတဲ့ သီချင်းလိုလား။

တိုင်းပြည်အတွက် လုပ်ခွင့်ရအောင် ၀ိုင်းဝန်းပံ့ပိုးပေးကြပါ့လား .. ပြည်သူလူထုကြီးရေ … .. သူလုပ်ပြပါလိမ့် မယ်။ ကျနော်ပြောရဲတယ်ဗျာ။ သူ တကယ်လုပ်ပြပါလိမ့်မယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုကိုတည်ထောင်ခဲ့တဲ့ ဂျော့ဝါရှင်တန်က တော့ပြောခဲ့ဘူးတယ်။ စနစ်တခု ကိုကူးပြောင်းဘို့ တော်လှန်ရေးလုပ်တယ်ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ့စနစ်ကို အောင်မြင်စွာတည် ဆောက်နိုင်ဘို့ အခွင့်အလမ်းတွေ သင့်ဆီကိုရောက်လာခဲ့ရင် သင့်ရဲ့သားစ ဉ်မြေး ဆက် အမွေဆက်ခံနိုင်မှာမို့ပါတဲ့ … ….။

သူ့ကို ချစ်တဲ့သူ

သူ့ကို မုန်းတဲ့သူ
သူ့ကို ကြောက်တဲ့သူ
သူ့ကိုဘယ်လိုမှ မနေတဲ့သူ … … … အားလုံးအတွက်

ထာဝရနှင်းဆီရဲ့ရနံ့များသင်းပျံ့နေတာကတော့ ၆၆ နှစ်တိုင်ခဲ့လေပြီ။

အားလုံးကိုလေးစားစွာဖြင့်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts