>SUU 66, Aung Way – Poem

>

နှလုံးသားဂီတ
အောင်ဝေး
ဇွန် ၁၅၊ ၂၀၁၁


ပျဉ်းမငုတ်တိုကြီးဘေးက … စစ်သားခမောက်အဟောင်းထဲမှာ
တပေါင်းလရင်ခုန်သံရှိမယ်။

တောသူမလေး အဝေး .. ခမောက်နွမ်းနွမ်းကလေးထဲ၊
တယောသံစမ်းတဲ့နွေဦးရှိမယ်။

ကံ့ကော်တောက … ခုံတန်းလျားလေးတွေပေါ်မှာ၊
“နွေနှောင်းရက်ကျန်”သီချင်းရှိမယ်။

သံတိုင်ကြားက … မလှသေးတဲ့ ညအသင်္ချေမှာ
“ပေါ်နွေလလျှင်”ချီ ရတုရှိမယ်။

ဒီလိုပါပဲ …
တက္ကသိုလ်ရိပ်သာလမ်းက … မရပ်နားတဲ့စမ်းချောင်းလေးမှာ
စပရင်းရာသီတေးသွားရှိပေလိမ့်မယ်။
ကျနော် မုချယုံတယ်။ ။
(ဒေါ်အောင်ဆန်းစုကြည်သို့ …)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts