>Ashin Pyinnyar Nanda – The Monks under the dictatorship

>

အာဏာရှင်စနစ်အောက်က သံဃာတော်များ
အရှင်ပညာနန္ဒ
ဇွန် ၁၅၊ ၂၀၁၁

အင်းစိန်ထောင်မှာ အာဏာရှင်တွေရဲ့ မတရားဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ် (၉) နှစ်ကျခံနေရတဲ့ ဦးဇင်း ဦးရေ၀ တ ကို လူသတ်မှုနဲ့ ထောင် ကျနေတဲ့ ထောင်ကျအကျဉ်းသားတယောက် က ထောင်အဏာပိုင်တွေေ ရှ့မှာ ဦးခေါင်းကို တုတ်နဲ့ ရိုက်တာခံရပေမယ့် ရိုက်သူအကျဉ်းသားကိုအရေးယူခြင်းမရှိသလို၊ အရိုက်ခံရတဲ့ ဦးဇင်း ကိုလဲ ဆေးကုသပေးခြင်းမရှိကြောင်း ဘီဘီစီကထုတ်လွင့်သွားတဲ့သတင်းတပုဒ် ကိုနား ထောင်လိုက်ရပါ တယ်။

ရန်ကုန်တိုင်း၊ ဒဂုန်မြိုသစ်တောင်ပိုင်းမှာရှိတဲ့ စာသင်သားသံဃာငယ်တပါးကို ကြံ့ဖွံ့နဲ့ စွမ်းအားရှင်၂၀ လောက် က သေလုမျှောပါး ၀ိုင်းရိုက်ခဲ့ပေမယ့် ဘယ်အဏာပိုင်တွေကမှ အရေးယူခြင်းမရှိဘဲ အရိုက်ခံရတဲ့ ဦးဇင်းလေး သာ အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် တိမ်း ရှောင်နေရကြောင်းလည်း သတင်းတွေထွက်ခဲ့ ပါသေးတယ် ။

အဲသလိုဖြစ်ရပ်တွေကိုကြည့်ရင် သံဃာတွေဟာ ဥပဒေရဲ့ အကာအကွယ်ကိုမရရှိတဲ့အပြင် အာဏာပိုင်ဆိုသူေ တွ ရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကိုခံနေရတယ်ဆိုတာထင်ရှားပါတယ်။

၂၀၀၇ ရွှေဝါရောင်သံဃလှုပ်ရှားမှုကြီးမှာ သံဃာတော်တွေ ၃၀၀၀ ကျော် ဥပဒေမဲ့ အဖမ်းခံခဲ့ရတယ်။ ထိပ်ေ ပါက် ခေါင်းကွဲ အရိုက်ခံရတယ်။ဘုန်းကြီးကျောင်းတွေ ချိတ်ပိတ်ခံရတယ်။ ဘုန်းကြီးကျောင်းတွေ အဖျက်အ ဆီးခံခဲ့ရတယ်။

မတရားဖမ်းဆီးခံရတဲ့သံဃာတွေကို စစ်အဏာရှင်တွေက (၂၉၅) သာသနာတော်ညှိုးနွမ်းမှု၊ (၅၀၅) (ခ) ငြိမ်ဝပ်ပိပြားမှုကို ထိခိုက် ပျက်ပြား စေမှုနဲ့ကွန်ပြူတာသုံးတဲ့အတွက် အီလက်ထရောနစ်ပုဒ်မ (၃၃) (က) (၃၃) (ခ)၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်ပျက်ပြား စေတယ်ဆိုပြီး ပုဒ်မမျိုးစုံတပ်ပြီး တရားစွဲထောင်ချနေ တာတွေ ကိုတွေ့ ရပါတယ်။

တချို့သံဃာတွေဟာ ကျောင်းမှာနေရင်း အာဏာပိုင်ဆိုသူတွေရဲ အငြိုးအတေးထားမှုကြောင့် မတရားဖမ်း ဆီးခံခဲ့ ရပြီး ရာဇ၀တ်ပုဒ်မတွေ တပ်ကာ ရဲဘက်အလုပ်ကြမ်းစခန်းတွေဆီ အပို့ခံခဲ့ရပါတယ်။ တကယ့်ကို ဘာသာသာသနာကိုစော်ကားတဲ့ စစ်အဏာရှင်တွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေပါ။ တကယ်တော့ သံဃာ တပါး ပါးကို အာဏာပိုင်တွေကရေးယူတော့မယ်ဆိုရင် ၀ိနည်းတော်နဲ့အညီ သက်ဆိုင်ရာသံဃအဖွဲ့ အစည်းကိုအပ်နှံ ရမှာပါ။ သံဃအဖွဲ့အစည်းက အပြစ်ကျူးလွန်ခြင်း ရှိ /မရှိ အရင်စစ်ဆေးမေးမြန်းဆောင်ရွက်ပြီး စွပ်စွဲခံရတဲ့ သံဃာဟာ တကယ်ကြီးလေးတဲ့ ၀ိနည်းဥပဒေကိုကျူးလွန်ထားတယ်ဆိုရင် လူဝတ်လဲပေးရမှာ ပါ။ နောက် ဆက်တွဲအနေနဲ့ လူသတ်မှုလို ရာဇ၀တ်မှုကျူး လွန်းထားတယ်ဆိုရင်တော့ အာဏာပိုင်တွေက ဥပဒေနဲ့အညီေ ဆာင်ရွက်ဘို့ဘဲရှိပါတယ်။

ခုတော့ ဓမ္မစက်ဆိုတာကိုအသုံးမပြုတော့ဘဲ အာဏာစက်ကိုအသုံးပြုပြီး ပြစ်မှုကျူးလွန်ပါတယ်ပြောပြီး အတင်း အဓမ္မလူဝတ်လဲပြီး ထောင် ချလိုက်တာတွေဟာ ၀ိနည်းတော်နဲ့လည်းမညီသလို ဘာသာရေးအခွင့်အေ ရးတွေ ကို အကြီးအကျယ်ချိုးဖောက်နေတယ်ဆိုတာ ဒီလိုဖြစ်ရပ် တွေကထင်ရှားနေပါတယ်။

အဲဒီလိုစစ်အာဏာရှင်ရဲ့ ဥပဒေမဲ့လုပ်နေတာကို တာဝန်ရှိတဲ့သံဃအဖွဲ့အစည်းကအကာအကွယ်မပေးလို့ စစ်အာဏာရှင်တွေ လက်ရဲဇက် ရဲ ကျူးလွန်နေကြတာပါ။ ထောင်းတွင်းက အကျဉ်းကျသံဃာတော်ေ တွရဲ့ဖြစ် ရပ်ကတော့ ပြောမယုံ ကြုံဘူးမှသိဆိုသလို တကယ့်ကိုမယုံနိုင် စရာတွေပါ။ လွန်ခဲ့တဲ့နှစ်နှစ်လောက် က ထောင် တွင်းမှာ ဆရာတော်ကြီးတွေနဲ့အတူနေခဲ့ဘူးတဲ့ အကျဉ်းသားဟောင်းတယောက်နဲ့ ထိုင်း နယ်စပ်တနေရာမှာ ဆုံခဲ့ဘူးပါတယ်။ သူပြောပြတာတွေက တကယ့်စိတ်မချမ်းသာစရာတွေပါ။ ထောင်တွင်းမှာ ဆရာတော်ကြီးေ တွဟာ သင်္ကန်းဝတ်ခွင့်မရပေမဲ့ ၀ိနည်းတော်နဲ့အညီနေထိုင်ကြာတာပါတဲ့။ မဂ္ဂင်ဆရာတော်ကြီး ဆိုရင် ကျောင်း သားတွေကို စာသင်ပေးတာ အာဏာပိုင်တွေသိသွားလို့ ဆရာတော်ကြီးရော တပည့်ကျောင်းသားတွေပါ တိုက်ပိတ်ခံရကြောင်း၊ တနေ့မှာ ထောင်ဝါဒါတွေက အပြစ်မရှိအပြစ်ရှာပြီး သူတို့ကိုအပြင် ထုတ်ပြီး ထောင်ဝန် ထမ်းတွေက၀ိုင်းရိုက်တာခံရကြောင်း၊ သူတို့နဲ့အတူ သက်တော် (၇၀) ကျော်နေပြီဖြစ် တဲ့ မဂ္ဂင်ဆရာေ တ်ာကြီးပါ ပြင်းပြင်းထန်အရိုက်ခံရတဲ့အကြောင်းပြောပြတော့ အင်မတန်စိတ်မကောင်းဖြစ်ပြီး မျက်ရည်လည်မိပါ တယ်။

ပိဋကတ်သုံးပုံဆောင်ဆရာတော်ကြီး ဦးသုမင်္ဂလကိုလည်း စစ်ထောက်လှမ်းရေးနဲ့ထောင်အဏာပိုင်တွေက အတင်းအဓမ္မလူဝတ်လဲခိုင်းတာ ပါ။ ဆရာတော်ကြီးက အသက်သာအသေခံမယ် ရဟန်းဘ၀ကိုတော့ မစွန့် လွှတ်ဘူးလို့ပြောမှ လက်လျော့ပြီး ပူတာအိုရဲဘက်အလုပ်ကြမ်း စခန်း ကို လက်ထိပ်တန်းလန်းနဲ့ ပို့လိုက်တာပါ။ မန္တလေးက ဥိးဥတ္တမ၊ ဦးစန္ဒာဝရ၊ မစိုးရိမ်ကျောင်းတိုက်က ဦးဝိမလတို့ဟာ စွမ်ပရာဘွမ်ရဲဘက် အလုပ်ကြမ်း စခန်တွေမှာ ပျံလွန်တော်မူသွားကြတာပါ။ မန္တလေး တောင်တမန်ကျောင်းမှ သံဃသာမဂ္ဂီဦးဆောင်ဆရာတော် ဦးရေ၀တဆိုရင် ပြန်လွန်တော်မူခါနီးမှ (ထောင်ထဲမှာသေရင် ပြဿနာဖြစ် မှာစိုးရိမ်လို့ ) ထောင်က လွှတ်ပေး လိုက်ပါတယ်။ ထောင်ကလွတ်ပြီး (၆) လ လောက်အကြာမှာ ထောင်ထဲမှာရခဲ့တဲ့ရောဂါဝေဒနာတွေနဲ့ဘဲ ပျံလွန်တော်မူသွားရရှာပါတယ်။

ထောင်အာဏာပိုင်တွေကဘုန်းကြီးတွေကို ရာဇ၀တ်သားတွေလိုသဘောထားပြီး ရိုင်းရိုင်းပြပြဆက်ဆံတာဖြ စ်ကြောင်း ထောင်ဝင်စာမရှိလို့ အစားအသောက်မပြည့်စုံတဲ့သံဃာတွေ အချိန်မှီဆေးကုသခွင့်မရလို့ ရောဂါဝေဒနာဆိုးဆိုးဝါးဝါးခံစားနေရတဲ့သံဃာတွေ ထောင်ထဲမှာရှိကြောင်းမကြာခင်ကမှထောင်ကလွတ်လာတဲ့ အကျဉ်းကျသံဃာတပါးကပြောပြပါတယ်။

“ထောင်ဝါဒါတွေကနေပြီးတော့ ဦးဇင်းတွေကိုဆက်ဆံတဲ့နေရာမှာ မအေနှမ စတာတွေနဲ့တိုင်းထွာပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ပြော ဆိုတာ။ နောက်ပြီးတော့ ဆံပင်ကိုလည်း ခေါင်းတုံးတုံးစရာမလိုဘူး၊ မင်းတို့ေ ကာင်တွေ ဆံပင်အရှည်ပဲ ထားဆိုပြီးပြောတဲ့အတွက် ခုထက်ထိ ခေါင်းတုံးမတုံးရပဲနဲ့ ဦးဇင်းတွေမှာ ဆံပင်အရှ ည်ကြီးတွေနဲ့ ဖြစ်နေကြကြောင်း လွတ်ငြိမ်းချမ်းချမ်းသာခွင့်နဲ့လွတ်လာတဲ့ အကျဉ်းသားတဦး ကလည်ြးေ ပာပါတယ်။

ကိုးလေးလုံး လူထုလှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလမှာ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံခဲ့ရတဲ့ ဆရာတော် အရှင်နေမိန္ဒဟာလည်း မော်လမြိုင်အကျဉ်းထောင်မှာ ဒီဇင်ဘာလ (၈) ရက်နေ့က ဘ၀နတ်ထံ ပျံလွန်တော်မူသွားရပါတယ်။ အဖမ်းဆီးခံရစဉ် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက်တာ ခံခဲ့ရပေမယ့် အရှင်နေမိန္ဒဟာ အကျဉ်းထောင်တွင်းမှာ ရဟန်းဘ၀နဲ့ပဲ သိက္ခာပုဒ်ကို ဆက်လက် စောင့် ထိန်းပြီး နေထိုင်ခဲ့တာပါ။ မော်လမြိုင်အကျဉ်းထောင်မှာ အနာတွေပေါက်ပြီး ကျန်းမာရေး ချို့တဲ့လာပေမ ယ့် ထောင်အာဏာပိုင်တွေက အရှင်နေမိန္ဒကို ဆေးကုသခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အလုံအလော က် မပေးခဲ့ဘူးပါဘူး။

ဒါ့အပြင် ရွှေဝါရောင် သံဃာ့လှုပ် ရှားမှုကြောင့် ထောင်ချခံထားရတဲ့ ဦးပညာသီဟနဲ့ ဦးဣဿရိယအပါအဝင် သံဃာတော်သုံးပါးလည်း မွန်ပြည်နယ် မုပ္ပလင် ရာဘာခြံ ရဲ ဘက်စခန်းမှာ အလုပ်ကြမ်းလုပ်နေကြရပါတယ်။ အဲဒီထဲမှာ သက်တော် ၅၄ နှစ်အရွယ် ဦးပညာသီဟဟာ အလုပ်ကြမ်းလုပ်ရပြီး ပင်ပန်းလွန်းတဲ့အတွက် ကျန်းမာရေးထိခိုက်နေတယ်လို့သိရှိရပါတယ်။ အကျဉ်းကျ ရွှေဝါရောင် ဆရာတော်တွေဟာ မုပ္ပလင်ရဲဘက် စခန်းမှာ မနက် ၂ နာရီကတည်းက အိပ်ယာထပြီး အလုပ်လုပ်ရသလို၊ ရာဘာစေးခြစ်ရလို့ အဝတ် အစားတွေ လည်း မကြာ ခဏ ပျက်စီးတယ်လို့သိရပါတယ်။ ဒါကြောင့် အစားအသောက်၊ အဝတ်အစားချို့ တဲ့ပြီး ဆေး ဝါးအာဟာရလည်း ပြတ်လတ်တယ်လို့ သိရပါ တယ်။

ရွှေဝါရောင်တော်လှန်ရေးမှာပါဝင်မှုကြောင့် ဧရာဝတီတိုင်း ပုသိမ်ထောင်မှာ ၈ နှစ်ခွဲချမှတ်ခံထား ရတဲ့ တောင် ဥက္က လာ ငွေကြာယံကျောင်း တိုက်က သံဃာတော် အရှင်နန္ဒဟာ ရာဇဝတ်သားတွေနဲ့ အတူနေ ထိုင်ရ ပြီး ထောင် အာဏာပိုင်တွေရဲ့အနိုင်ကျင့်မှုကို ခံနေရကြောင်း မျက်စိ ဝေဒနာခံစားနေရပေမဲ့လည်း အာဏာပိုင်ေ တွ က ဆေးဝါးကုသခွင့် မပေးဘူးလို့သိရပါတယ်။ အလားတူဘဲ မွန်ပြည်နယ် သထုံထောင် မှာ ထောင်ဒဏ်ရှစ်နှစ်ကျခံနေရတဲ့ဦးသုမနလဲ စိတ်ရောဂါဝေဒနာခံစားနေရကြောင်း သိရပါတယ်။

ဘုန်းကြီးတွေဆိုတာ နယ်ကအများစုဖြစ်တာမို့ မိဘတွေက ငွေကြေးမတတ်နိုင်လို့ ထောင်ဝင်စာမတွေ့နိုင် တာတွေ၊ ဘယ်ထောင်မှာရှိမှန်း မသိလို့ အဆက်အသွယ်မရဘဲ မတွေ့နိုင်တာတွေရှိသလို၊ တချို့ကြတော့ အလွန်ဝေးလံတဲ့နေရာတွေပို့ထားလို့ သွားမတွေ့နိုင်တာတွေလဲ ရှိပါတယ်။ ထောင်ကျနေတာ မိဘတွေသိရင် စိတ်မကောင်ြး ဖစ်မှာစိုးလို့အကြောင်းမကြားဘဲနေတဲ့ သံဃာတွေလဲရှိကြောင်း သံဃာတွေ ကို ထောင်ဝင်စာေ တွ့နေတဲ့ ဒေါ်ရှုကပြောပြပါတယ်။

မိဘတွေအနေနဲ့ သားရဟန်းနဲ့ပက်သက်ပြီး ဘာသတင်းမှမကြားရဘဲ သားရဟန်း သေတယ်ရှင်တယ်ဆို တာတောင်မသိရလို့ ဘယ်လောက် တောင်သောကတွေပွားနေမလဲဆိုတာ မိသားစုကိုယ်စား ကိုယ်ချင်းစာနာ မိပါ တယ်။ အကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဘ၀တွေဟာတ ကယ့်ကို ၀မ်းနည်းကြေကွဲစရာကောင်းပါ တယ်။ တကယ်ဆို ဒီဆရာတော် သံဃာတော်တွေဟာ စစ်အစိုးရရဲ့ မတရားတဲ့အဓမ္မ၀ါဒတွေကိုတွန်းလှန်ရင်း ဓမ္မ၀ါဒထွန်းကားဘို့ ဘာသာရေးဘောင်ထဲကနေ ငြိမ်းချမ်းစွာဆောင်ရွက်ခဲ့ကြတာပါ။

ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့ကြသူတွေမဟုတ်ပါဘူး။ ကိုယ့်အမျိုးဘာသာသသနာတော်အတွက် အသက်တွေ ဘ၀တွေစွန့်ပြီး ဖြူဖြူစင်စင် စေတနာနဲ့ ဆောင်ရွက်ခဲ့တဲ့ သံဃာတွေပါ။ ဒါကိုဘဲ စစ်အာဏာရှင်တွေက သူတို့အဏာတည်မြဲရေးအတွက် ပြည်သူလူထုနဲ့ အမှန်တရားဘက် က ရပ်တည်တော်မူခဲ့လို့ စာတတ်ပေ တတ်ဆရာတော်ကြီးတွေဖြစ်ကြတဲ့ အင်းစိန်ရွာမဆရာတော်၊ သာကေတဆရာေ တာ်၊ မေဒိနီဆရာေ တာ် တွေနဲ့ မစိုးရိမ်ဆရာတော်ကြီးတွေအပြင် ပိဋကတ်သုံးပုံဆောင်ဆရာတော်ကြီးပါမချန် သံဃာအများအပြားကို မတရား ဖမ်းဆီးပြီး နှစ်ရှည် ထောင်ဒဏ်တွေချမှတ်ခဲ့တာပါ။ ခုဆိုရင် အကျဉ်းကျသံဃာအပါး (၂၀၀) ကျော်ထောင် ထဲမှာရှိနေပါသေးတယ်။

ဗိုလ်ခင်ညွန့်ဆိုရင် တိပိဋကဆရာတော် ဦးသုမင်္ဂလပြန်လွန်တော်မူတော့ သူကျူးလွန်ထားခဲ့တဲ့အပြစ်တွေ ကို ကြောက်တယ်ထင်ပါရဲ့။ နေ အိမ်အကျယ်ချုပ်ဘ၀ကနေ လူမသိ သူမသိတိတ်တိတ်လေးသွားပြီး ဆရာေ တ်ာကိုတောင်းပန်ကန်တော့ခဲ့ကြောင်း သတင်းတွေထွက်ခဲ့ပါ သေး တယ်။

အကုသိုလ်ဆိုတာ အကျိုးပေးချိန်တန်ရင် အကျိုးပေးမှာဖြစ်သလို ၀ဋ်ဆိုတာလည်း လည်တတ်ပါတယ်။ အာဏာရှိသူတွေရဲ့အလှည့်ဆိုတာလဲကြုံရအုံးမှာ မုချမလွဲပါ။ အဲဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ သားသ မီးချင်း မိဘချင်းကိုယ်ချင်းစာကြပါ။ လူအချင်းချင်း မေတ္တာထားကြပါ။ ကရုဏာတရား ပွားကြပါလို့ တိုက်တွန်ပါရစေ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts