>Maung Lwan Ni – SUU 66

>

အောင်ဆန်းစုကြည် မြန်မာပြည်တွင်နေသည်
မောင်လွမ်းဏီ
ဇွန် ၈၊ ၂၀၁၁
၈၈
၂၆ နှစ်ကျော်
မိုးပေါ်ထောင် မပစ်တဲ့
အာဏာသိမ်းစစ်တပ်ရဲ့ လူမဆန်မှု၊
အဖိနှိပ်ခံလူထုအတွက်
လက်ပိုက်ရပ်မကြည့်
အရေးကြီးတော့ သွေးနီးခဲ့သူ။
ရွှေတိဂုံ အနောက်မုခ်
လူထုလှုပ်ရှားမှု
ဒုတိယလွတ်လပ်ရေး
လွတ်မြောက်ရေးတိုက်ပွဲ
ယုံကြည်၊ ရဲတင်း၊ ခုန်ဆင်း၊
နေအိမ်အကျဉ်း
ရေးထွင်းခဲ့ ဒီပဲယင်းကျောက်စာ
သေတွင်းနက်နက်
မက်မက်စက်စက်၊ ပက်ပက်စက်စက်
တက်တက်ကြွကြွ သက်ဆင်းခဲ့သူ။

တရားရုံးနဲ့ ထောင်နှုတ်ခမ်း
အကြိမ်ကြိမ်လျှောက်လှမ်းရင်း
၆၆ နှစ်တွင်း ဝင်ခဲ့သူ။
လက်ရည်တပြင်စီး
နှီးဒေါင်းလန်းတွေနဲ့ 
ဝိုင်းဖွဲ့ကာ စားကြသည်တွင်
ဟေ့ သူငယ်ချင်းရေ၊ တို့နယ်ပယ်တွင်
မိုးသက်ကယ်ဆင်၊ ရှစ်ခွင်ကမည်း
မိုး ရွာမလိုလိုနဲ့ပဲ၊ ညီညွတ်ရေးနဲ့
အသက်ရှည်ရှည် ခင်ခင်မင်မင်
လက်ရေတပြင်စီး၊ ရှေးကထက် ပိုချစ်မယ့်သူ။
၃ – ၆ – ၂၀၁၁
–  မြန်မာပြည်တွင် (နေသည်)။ မိုးမိုး (အင်းလျား)
  ဒီပဲရင်းကျောက်စာ။ (ထိုက်သူနိုင်)
  လက်ရည်တပြင်စီး (နန်းတော်ရှေ့ဆရာတင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts