>Burmese journal pieces on June 6

>

တင်တင်ညို၊ စည်ဘီယာဆိုင်၊ စန္ဒရားတင်ဝင်းလှိုင်
နွားကျောင်းသားကိုဝင်း

ဇွန် ၆၊ ၂၀၁၁




ပြီးခဲ့တဲ့လ ၂၀ ရက်နေ့ထုတ် 8 Day A Week ဂျာနယ် ဖြစ်ပါတယ်။ မြည်းစမ်းဖို့ စာမျက်နှာ အတော်များများကို တင်ပေးလိုက်ပါမယ်။


မင်းသမီး မင်းသားများ ဘာတွေ သုံးတယ် ဆိုတာမျိုး စိတ်ဝင်စားသူတွေ ရှိလို့၊ ကြော်ငြာလိုသူတွေ ရှိလို့ ဒီလို စာမျက်နှာမျိုး ပေါ်လာတာ ဖြစ်မယ်။ နံပါတ် ၃ မှာ ပါတဲ့ ပိုက်ဆံအိတ်ကတော့ သူ သုံးနေကျ ဟုတ်ပါ့မလားလို့ သံသယ ဖြစ်မိတယ်။ သေးလွန်းလို့ပါ။ မြန်မာကျပ်ငွေက အဲဒီ ပိုက်ဆံအိတ် ပိစိနဲ့ အလုပ်ဖြစ်ပါ့မလား။ မြန်မာပြည်မှာ ဘဏ်ကတ်၊ အကြွေးဝယ်ကတ်တို့ သုံးဖို့လည်း မနီးသေးပါဘူး။



ဒီဂျာနယ်မှာ ရောင်စုံခြယ်စာမျက်နှာတွေက ခပ်ပေါ့ပေါ့ထက် ပေါ့တဲ့ အကြောင်းအရာတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် ဒီစာမျက်နှာကတော့ တချိန်က ထင်ရှားတဲ့ မင်းသမီး တင်တင်ညိုအကြောင်း၊ သူ့မိသားစုအကြောင်း ရေးထားပါတယ်။ မပေါ့ပါဘူး။

သင်ဇာဝင့်ကျော်က အင်း – ကြည့်လို့ ကောင်းသားပဲ။

စန္ဒရားတင်ဝင်းလှိုင်အကြောင်း

စည်ဘီယာဆိုင်လို့ ဘာကြောင့်ခေါ်သလဲ ဆိုပြီး အစချီထားတဲ့ ယူဗွီ ဆောင်းပါးက အင်မတန် ကောင်းပါတယ်။ ဒီဂျာနယ်မှာ ဖတ်လို့ အကောင်းဆုံးပါပဲ။ စကားလုံးတွေ အင်မတန် ကောင်းတယ်။

ဒီနေ့ခေတ် ဂျာနယ်မှာတော့ ကိုရီးယား နာမည်ကျော်တွေအကြောင်း မပါ မဖြစ်။

ဖတ်ရတာ ၀ါးတားတား ဖြစ်နေရင်တော့ ဆောရီးဗျာ။

ကူးသာ ကူးပေးလိုက်တယ်၊ မဖတ်ရသေး။ ဒီစာမျက်နှာမှာ ဘာတွေ ပြောထားကြမှန်း မသိဘူး။

ဂန္ထ၀င်က မအိ လို့လည်း ခေါ်သတဲ့။ ဖတ်ရတာ ၀ါးတားတား ဖြစ်နေရင် ပုံသာ ကြည့်ပေတော့ဗျာ။

ဒါလည်း ပုံကြိုက်လို့ ကူးပေးလိုက်တယ်။

ပုံများများ ဖတ်စရာနည်းနည်း စာမျက်နှာ။
ပုံများတာ ကြိုက်တယ်။ ကြည့်လို့ ကောင်းတယ်။ ဖတ်စရာ နည်းတာလည်း ကြိုက်တယ်။
ဂျာနယ်တွေက တရက်ကို လေးငါးဆယ်စောင် ထွက်နေတော့ ဖတ်စရာ များရင် ခက်ရချည်ရဲ့။

ဒါပါပဲဗျာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts