>6th June, Q & A With Suu

>

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်
အာရ်အက်အေ အသံလွှင့်အစီအစဉ်
ဇွန် ၆၊ ၂၀၁၁

ဓာတ်ပုံအား Enigma Images မှ ယူပါသည်။


● မေးသူ ။ ။ မသက်သက်ဦး (ထိုင်းနိုင်ငံ)
● မေးခွန်း ။ ။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ရှင့်။ သမီးက ထိုင်းနိုင်ငံက မသက်သက်ဦး ဖြစ်ပါတယ်။ အခုမြန် မာပြည်အစိုးရဟာ ဒီမိုကရေစီအစိုးရအသစ် ဖြစ်နေပါပြီလို့ ကြေညာထားတယ်ပေါ့နော်။ အဲတော့ အရင်အစိုးရ လက် ထက်မှာပေါ့နော်။ ဒီပဲယင်းနဲ့ ပတ်သက်တဲ့ လုပ်ကြံသတ်ဖြတ်မှု ကြီးကြီးမားမားကိုပေါ့နော်။ ပြုမူခဲ့တဲ့ ကိစ္စတွေကိုပေါ့နော်။ အမှုမှန်တွေကို ဖော်ထုတ်ဖို့ အတွက်ကိုပေါ့နော်။ ဘာ့ကြောင့် ကြန့်ကြာနေရတာလဲလို့ ကမ္ဘာ မှာပေါ့နော်။ ဒီလိုလူမျိုးစုသတ်ဖြတ်တဲ့ အတုံးအရုံးသတ်ဖြတ်တဲ့ အမှုအခင်းတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် မှာ အခုဆိုရင် အဲဒီနိုင်ငံရဲ့ ခါင်းဆောင်ကြီးတွေကို သူတို့ဖမ်းပြီးတော့ အရေးယူနေတာတွေကို အခုကြားနေရပြီ ရှင့်။ ကျမတို့ နိုင်ငံရဲ့ လက်ရှိအစိုးသစ်ကကျတော့ ဘာမှ မလုပ်ပဲနဲ့ ဘယ်လို လုပ်ပြီးတော့ ငြိမ်နေကြတာ လဲေ ပါ့ေ နာ်။ ဒါတွေဟာ မဖြစ်သင့်မဖြစ်ထိုက်ဘူးလို့ ကျမယူဆပါတယ်ရှင်။ အမေ အဲဒါလေးကို ကျေးဇူးပြု ပြီး ဖြေ ကြားပေးပါရှင့်။

● အဖြေ ။ ။ ဒီပဲယင်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးဖို့ ကိစ္စကို အမေတို့ အာဏာပိုင်တွေနဲ့ ပြောခဲ့ပါတယ်။ ဒီလို စုံစမ်း စစ်ဆေးရေးလုပ်တယ် ဆိုတာက ဂလဲ့စားချေဖို့ အပြစ်ပေးဖို့က အဓိကမဟုတ်ပါဘူး။ တာဝန်ယူမှုနဲ့ တရားဥပဒေ စိုးမိုးရေးကို ဦးထိပ်ထားပြီး နိုင်ငံသူနိုင်ငံသားတွေကို ဥပဒေမဲ့ ရန်ရှာတာမျိုးကိစ္စတွေကို လျစ်လျူရှုတယ် ဆိုတာ သိက္ခာရှိတဲ့ နိုင်ငံတနိုင်ငံမှာ ဖြစ်ခွင့်မပေးရဘူး ဆိုတာကို ထင်ရှားစေချင်လို့ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ ရဲ့ သိက္ခာနဲ့ပတ်သက်တဲ့ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတွေကို ဘာဖြစ်လို့မလုပ်သလဲ ဆိုတာကတော့ မလုပ်တဲ့ သူတွေကို မေးမှပဲ အဖြေရမယ်လို့ ထင်ပါတယ်။

…. ….. ….


● မေးသူ ။ ။ မလဲ့လဲ့ဝင်း (မြဝတီမြို့)
● မေးခွန်း ။ ။ အန်တီစုရှင့်။ လူတော်တော်များများကပေါ့နော် ကိုယ်ကိုယ်တိုင်က တိုင်းပြည်အတွက် ဘာမှအလုပ် မလုပ်ကြပဲနဲ့ သူများ ကိုယ်ကျိုးစွန့်ပြီး အလုပ်လုပ်နေတဲ့သူတွေကိုကြတော့ ဘာဖြစ်လို့ အပြစ်တင် ရှုတ်ချေ နကြတာလဲ။ အဲဒီလူတွေကို အန်တီစု ဘာပြောချင်ပါသလဲရှင်။ ကျေးဇူးတင်ပါတယ်ရှင်။ အန်တီ။

● အဖြေ ။ ။ ကိုယ်မလုပ်ပဲနဲ့ တခြားလူတွေ လုပ်တာကို ပြစ်တင် ရှုတ်ချတဲ့ အကြောင်းတွေကို အကြမ်းဖျင်းအားဖြင့် နှစ်ခု ခွဲကြည့်လို့ ရမယ်လို့ ထင်ပါတယ်။ တချို့ကတော့ ကိုယ်ဘာမှ မလုပ်တာကို လိပ်ပြာ မလုံလို့ လုပ်တဲ့လူေ တွကို ရူးသလိုလို မိုက်သလိုလို ပုံဖော်ချင်ကြတာ ဖြစ်ပါတယ်။ တချို့ကျတော့ ဖြစ် မြောက်စေချင်တာတွေက များပေမယ့် ကိုယ်ကိုယ်တိုင်လည်း ပါဝင်ပြီး လုပ်ဖို့တာ ဝန်ရှိတာကို နားမလည်လို့ လုပ်တဲ့လူတွေ ထိရောက်ေ အာင် မလုပ်နိုင်ဘူးဆိုပြီးတော့ အားမရ ဒေါသထွက်ကြတာတွေ ဖြစ်ပါတယ်။ အတိုချုံးပြောရမယ် ဆိုလို့ရှိ ရင်တော့ တာဝန်မကျေတဲ့ လူတွေနဲ့ တာဝန်မသိတဲ့ လူတွေလို့ပဲ ပြောရမှာပါပဲ။

….. ….. …..


● မေးသူ ။ ။ ကိုလှနိုင် (ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား)
● မေးခွန်း ။ ။ ကျနော်က ထိုင်းနိုင်ငံကို ရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သား တဦးပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပုဂ္ဂိုလ်ရေးရာ အရကော တကယ် ရည်သန်မှု အရရော ယုံကြည် လေးစားတဲ့လူ တ ယောက်ပါ။ အခု ဒီ အင်တာနက် အွန်လိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဒေါက်တာလွဏ်းဆွေက အဲ ဆောင်း ပါးရေးပြီးတော့ တိုက်ခိုက်တဲ့ ဆောင်းပါး လို့ပဲပြောရမှာေ ပါ့။ ဒေါက်တာလွဏ်းဆွေ ရေးထားတဲ့အ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင် ကတိ ပျက်ခဲ့တယ် ဆိုတဲ့ ဟာလေးတခု ပါပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် မေးချင်ပါတယ် “၁၉၈၉ ခု အာဇာနည်နေ့ ချီတက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ကုန်းကို ဒီ NLD အဖွဲ့ဝင်တွေ တက်ရောက်မယ် အလေးပြုမယ် ဆိုလို့ ဒီအဖွဲ့ဝင်တွေဟာ ဒေါ်အောင် ဆန်းစု ကြည်ရဲ့ ကတိစကားကြောင့် အားလုံးတက်ရောက်ခဲ့ကြတယ်။ အဲဒီအချိန်မှာပဲ အာဇာနည်နေ့ ချီတက်ပွဲနားနီးကာမှ ကပ်ပြီးတော့ ဆက်တိုက် ဆက်တိုက် NLD သစ္စာခံ နောက်ပါတွေဟာ ဒုက္ခ လှလှတွေ့ ကုန်ကြရပါ တယ်။ ပြေးသူ ပြေး အဖမ်းခံရသူ ခံရ ထောင်ဝင်ရသူ ဝင်ရနဲ့ ဘဝတွေ ပျက်ကုန်ကြပါတော့တယ်” တဲ့ ဆိုပြီးတော့ ဒေါက်တာလွဏ်းဆွေက ရေးထားပါတယ်။ အဲဒါကြောင့် ဒီလိုခေါင်းဆောင်မှု ကတိဖောက်ဖျက်ခဲ့တဲ့အတွက် ဒီနောက်လိုက် နောက်ပါတွေဟာ ဒုက္ခရောက်ကြရတယ် ဆိုတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ် လို အဖြေပေးလိုပါသလဲ။

● အဖြေ ။ ။ ၁၉၈၉ ခုနှစ် အာဇာနည်နေ့နဲ့ ပတ်သက်လို့ အာဇာနည်ကုန်းကို ချီတက်ရေး အစီအစဉ်ကို ကျမ ကိုယ်တိုင် တာဝန်ယူပြီးပယ် ဖျက်ခဲ့တာ ဖြစ်ပါတယ်။ အစီအစဉ် ပြောင်းသင့်လို့ ပြောင်းခဲ့တာပါ။ အကျိုးဆက်တွေကိုလည်း တာဝန်ယူပါတယ်။ အစီအစဉ်ပြောင်းတာကို မသိလို့ပဲလား လက်မခံလို့ပဲလား သွားခဲ့တဲ့လူတွေ ထဲမှာ ဘဝပျက်ခဲ့ကြတယ် ဆိုတာကိုတော့ မကြားခဲ့ပါဘူး။ ကျမ သိသလောက်တော့ ချီတက်တဲ့သူတွေထဲ မှာ နှစ်ရှည်ထောင်ဒဏ် ကျတာတောင်မှ မရှိခဲ့ပါဘူး။ အစီအစဉ်ပြောင်းလဲကြောင်း စာရွက်ဝေတဲ့ အမျိုးသမီး သုံးယောက်တော့ သုံးနှစ် အကျဉ်းကျခဲ့ပါတယ်။ ချီတက်ပွဲကို မတက်တဲ့သူတွေလည်း အဲဒီိအချိန်မှာ တော်တော်များများ အကျဉ်းကျခဲ့ပါတယ်။ ဒါက နဝတရဲ့ အစီအစဉ်အရပါ။ ကျမတို့ရဲ့ အာဇာနည်ကုန်း အစီအစဉ်နဲ့ ဘာမှ မဆိုင်ပါဘူး။

….. ….. ….


● မေးသူ ။ ။ ကိုအောင်လွင်ထက် (ထိုင်းနိုင်ငံ)
● မေးခွန်း ။ ။ လေးစားဂုဏ်ယူရတဲ့ အန်တီစု ခင်ဗျာ။ ကျနော့် ရင်ထဲမှာ မတင်မကျဖြစ်နေတဲ့ အကြောင်း တခုကို မေးချင်လို့ပါ။ ကျနော့် ပတ်ဝန်း ကျင်မှာ အများဆုံး ရှိနေတဲ့လူတွေကို လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့နဲ့ ပတ် သက်ပြီးတော့ မေးလိုက်လို့ရှိရင် အများဆုံး ပြန်ဖြေတဲ့စကားကတော့ နိုင်ငံရေးကို သူတို့စိတ်မဝင်စားဘူး တဲ့၊ နိုင်ငံရေးက သူတို့နဲ့မဆိုင်ဘူးတဲ့၊ ဒါတင် မကသေးပါဘူးခင်ဗျာ။ ဟိုတလောက သတင်းဌာန တစ်ခုနဲ့ ဆက်သွယ်မေးမြန်းတဲ့ အလွန်တရာ တတ်ပါတယ်ဆိုတဲ့ စီးပွားရေး ပညာရှင်ဆရာကြီး တယောက်ကတောင်မှ နိုင်ငံရေးက သူနဲ့မဆိုင်သလို သူဟာ စီးပွားရေးကိုပဲ လေ့လာနေတာပါ ဆိုတာကို ပြောကြားသွားတဲ့ဟာတွေကို ကျနော် သိတွေ့ကြားရတဲ့အခါ ကျနော် မနေနိုင်ဘူး။ အန်တီစုကို ကျနော် မေးဦးမယ် ဆိုပြီးတော့ ခံစားချက်ဖြစ်ပေါ် လာလို့ပါ။ ကျနော်မေးချင်တာကတော့ နိုင်ငံရေး ဆိုတဲ့ အဓိပ္ပါယ်ဝေါဟာရဟာ ဘာပါလဲခင်ဗျာ။ နိုင်ငံရေးကို နိုင်ငံသားတိုင်း ပါဝင် လုပ်ဆောင်ဖို့ လုပ်ဆောင်ရမှာပါလားဆိုတာကို ကျနော် သိချင်ပါတယ်။ ပြီးတော့ ပါဝင်လုပ်ေ ဆာင်သင့်ပါသလား ဆိုတာကိုလဲ သိချင်ပါတယ်ခင်ဗျာ။ အန်တီစု ငြိမ်းချမ်းပါစေ။ ကျေးဇူးတင်ပါတယ်။

● အဖြေ ။ ။ ဒီလိုမေးခွန်းမျိုးဟာ ထပ်ခါထပ်ခါ ဖြေခဲ့ပြီးဖြစ်သလို နိုင်ငံရေးဆိုတာဘာလဲ ဘယ်သူတွေနဲ့ ဆိုင်လဲ ဆိုတဲ့ကိစ္စတွေဟာ ပြည်သူတွေ ဦးနှောက်ထဲ နှလုံးသားထဲ စွဲသွားတဲ့အထိ ထပ်ခါ ထပ်ခါပဲ ပြောနေရမယ်ထင်ပါ တယ်။ နိုင်ငံရေးဆိုတာ ဆိုင်ချင်တယ်ဖြစ်စေ မဆိုင်ချင်တယ်ြဖစ်စေ နိုင်ငံသူ နိုင်ငံသားအားလုံးနဲ့ ဆိုင်ပါတယ်။ အလွယ်ဆုံးပြောရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တဲ့အစိုးရနဲ့ နိုင်ငံရေးက နီးနီးကပ်ကပ် ဆက် နွယ်ေ နတယ်မဟုတ်ဘူးလား။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အစိုးရရဲ့လုပ်ဆောင်ချက်တွေဟာ နိုင်ငံသား တိုင်းရဲ့ ဘဝအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ စီးပွားရေး ပညာရှင်ကြီးတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ နိုင် ငံရေးအကြောင်း မသိစရာမရှိဘူးထင်ပါတယ်။ နှာစေးနေ တာပဲ ဖြစ်ပါလိမ့်မယ်။

….. ….. …..


● မေးသူ ။ ။ ကိုမောင်သိန်း (နယူးဇီလန်)
● မေးခွန်း ။ ။ မင်္ဂလာပါအန်တီ။ ကျနော် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ NLD တွဲဘက် လူငယ်တာဝန်ခံအြ ဖစ် ဆောင် ရွက်ခဲ့ဖူးတဲ့ မောင်သိန်းပါ။ မဲဆန္ဒနယ်မြေ (၂) အောင်နိုင်ရေး ကော်မတီရဲ့ တွဲဘက်အတွင်းရေးမှူး တာဝန်လဲယူခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ မလေးရှား NLD -LA အဖွဲ့ ခွဲကို ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ အခု နယူးဇီ လန်နိုင်ငံ ဟန်မယ်လန်မြို့က နိုင်ငံတကာကျောင်းမှာ ပညာသင်ကြားနေပါတယ်ခင်ဗျာ။ ကျနော့် ကို မြန်မာ့ အရေးစိတ်ဝင်စားကြတဲ့ နိုင်ငံခြားသားတွေ အကြံပေးမေးမြန်းတဲ့မေးခွန်းကို အန်တီအနေနဲ့ ဖြေကြားေ ပးစေ လိုပါတယ်။ ပြည်တွင်းပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားအားလုံး တချိန်တည်း တရက်တည်း မှာ နိုင်ငံေ ရးအကျဉ်းသားတွေ ချက်ချင်းလွှတ်ပေးဖို့ လူထုဆန္ဒ ဖော်ထုတ်ပွဲတွေလုပ်ရင် မကောင်းဘူးလားခင်ဗျာ။ ဘာဖြစ် လို့လဲဆိုတော့ အခုအချိန်မှာ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် နိုင်ငံတကာက မြန်မာအစိုးရသစ်ကို အနီးကပ်စောင့် ကြည့်ေ နပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ကုလသမဂ္ဂလုံခြုံရေးကော်စီမှာ အတည်ပြုဆုံးဖြတ်ပေးဖို့ ဆောင် ရွက်နေတဲ့အချိန်လည်း ဖြစ်တယ်မဟုတ်ဘူးလားခင်ဗျာ။ ကျေးဇူးတင်ပါတယ်အန်တီ။

● အဖြေ ။ ။ နိုင်ငံရေးအကျဉ်းကျတွေ လွှတ်မြောက်ရေးအတွက် ဆန္ဒပြပွဲတွေ ကမ္ဘာတစ်ဝှမ်းမှာ စီစဉ်နိုင် မယ် ဆိုရင် ကောင်းပါတယ်။ လောလောဆယ်တော့ ဒီမိုကရေစီကွန်ယက်က ဦးဆောင်လုပ်ကိုင်နေတဲ့ နိုင်ငံရေး အကျဉ်းကျတွေ လွှတ်မြောက်ရေး၊ ပြည်တွင်းပစ်ခတ်ရပ်စဲရေး၊ ပြည်ပထွက် သွားရတဲ့ မြန်မာနိုင်ငံ သူ နိုင်ငံ သားတွေ ပြန်လာချင်က အေးချမ်းစွာနဲ့ ပြန်လာနိုင်ရေး၊ တောင်းဆိုချက်တွေကို လက်မှတ်ထိုးထောက်ခံတဲ့ လှုပ်ရှားမှုကို အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီ ပေးစေချင်ပါတယ်။ ကိုသိန်းသာမက ပတ်ဝန်းကျင်က တခြာြး မန် မာတွေ မြန်မာ့အရေးစိတ်ဝင်စားတဲ့ နိုင်ငံခြား သားတွေအားလုံး ပါဝင်ပြီး တော့ လက်မှတ် ထိုးဖို့ နှိုးေ ဆာ်ေ ပးစေချင်ပါတယ်။

…. …. ….


● မေးသူ ။ ။ မလေးလေး (ဂျပန်နိုင်ငံ)
● မေးခွန်း ။ ။ အန်တီ ကျမနာမည် လေးလေးပါအန်တီ။ ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား တေ ယာက် ဖြစ်ပါတယ်အန်တီ။ ပြီးခဲ့တဲ့ နှစ်ဆန်း (၁) ရက်နေ့က NLD ရုံးချုပ်မှာ ပြုလုပ်ကျင်းပတဲ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားမှာ အညတြသူရဲကောင်းဆု ဆိုပြီးတော့ နိုင်ငံရေးအကျဉ်းသားသုံးယောက်ကို အန်တီကိုယ်တိုင် ဆု ချီမြှင့်ခဲ့တာကို ကျမ တွေ့ခဲ့ရပါတယ်အန်တီ။ နောက်တခါ ပြည်တွင်းမှာ လူငယ်တွေဦးဆောင်ပြီး ကျင်းပပြု လုပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ လက်မှတ်ရေးထိုးပြီးတော့ နိုင်ငံတော်သမ္မတကြီး ဆီမှာ တောင်းဆိုတဲ့ ဆိုင်းကမ်ပိန်းမှာလည်း အန်တီကိုယ်တိုင် လက်မှတ်ရေးထိုးပြီးတော့ ထောက်ခံ အားပေး မှု ပြုလုပ်ခဲ့တာကိုလည်း ကျမ တွေ့ခဲ့ရပါတယ်။ ကျမ သိချင်တာကတော့ အန်တီ။ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ နောက်တစ်ခါ အညတြသူရဲကောင်းတွေနဲ့ပတ်သက်ပြီး အန်တီရဲ့အမြင်နဲ့သဘောထားေ လးကို ကျမသိခွင့်ရမယ်ဆိုလို့ရှိရင်လေ သိချင်ပါတယ်အန်တီ။

● အဖြေ ။ ။ နိုင်ငံရေးအကျဉ်းသားတွေအကြောင်း အညတြသူရဲကောင်းတွေအကြောင်း ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ။ အရေးကြီးဆုံး အချက်တွေကတော့ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ မိမိတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်တွေအပေါ် ခိုင်ခိုင်မာမာရပ်တည်တဲ့နေရာမှာ အကျဉ်း ထောင်ကိုတောင်မှ စိန်ခေါ်ရဲတဲ့သတ္တိပိုင် ရှင်တွေပါ။ အညတြသူရဲကောင်းတွေဆိုတာကတော့ ဒီလိုသတ္တိတွေနဲ့လှုပ်ရှားခဲ့လို့ ဒုက္ခမျိုးစုံခံရတာကို လူမသိ သူမသိပေမယ့် မိမိတို့ယုံကြည်ချက်ကို ဆက်လက်ကိုင်စွဲသွားပြီး ဘဝလမ်းကြောင်းကို လျှောက်ရဲတဲ့သူတွေပါပဲ။

….. ….. …..


● မေးသူ ။ ။ ကိုရဲမင်းထက် (ဂျပန်နိုင်ငံ)
● မေးခွန်း ။ ။ ကျနော်က ဂျပန်နိုင်ငံမှာ အထက်တန်းကျောင်းတက်နေတဲ့ ရဲမင်းထက်လို့ ခေါ်ပါတယ်။ ကျနော်ေ မးချင်တာကတော့ တိုင်းပြည်တ ခုမှာ အဲဒီတိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုနဲ့ ထိုက်တန်တဲ့ အစိုးရကို ရတတ်ေ လ့ရှိတယ်လို့ ကျနော် စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။ မြန်မာနိုင်ငံ မှာကော အဲလိုအချိန် မျိုးဖြစ်ေ နပြီလား လို့ ကျနော် အမေစုကို မေးချင်ပါတယ်။ အမေစု ကျန်းမာပါစေ။ နိုင်ငံအတွက် ဒီထက်လဲပိုပြီးတော့ ထမ်းေ ဆာင်နိုင်ပါစေလို့ ကျနော် ဆုတောင်းလိုက်ပါတယ်ခင်ဗျာ့။

● အဖြေ ။ ။ အမေသိတဲ့အဆိုကတော့ ပြင်သစ်လူမျိုးဖြစ်တဲ့ ဒမိုက်စ်ပြောတဲ့ နိုင်ငံတိုင်းဟာ သူတို့နဲ့ ထိုက်တန် တဲ့ အစိုးရမျိုးပဲရတယ် ဆိုတာပါပဲ။ ဒမိုက်ဟာ ရှင်ဘုရင်တွေ၊ ပုပ်ရဟန်းမင်းတွေ လုံးဝဥဿုံချုပ်ကိုင်ထားတဲ့ အစိုးရစနစ်ကို လိုလားပြီး သိပ္ပံပညာနဲ့ လစ်ဘရယ်အယူဝါဒ စတာတွေကို ဆန့်ကျင်တဲ့ လူတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီလို တင်းကြပ်တဲ့အမြင်မျိုးနဲ့ သုံးသပ်ချက်တွေဟာလဲ ကျဉ်းမြောင်းလေ့ရှိပါတယ်။ အမေကတော့ နိုင်ငံ သူ နိုင် ငံသားတိုင်းဟာ ကိုယ့်နိုင်ငံရဲ့ကံကြမ္မာကို ဖန်တီးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကြိုးပမ်းဆောင်ရွက် သွားရ မယ်လို့ ယုံကြည်ပါတယ်။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts