>MoeMaKa Invitation contributtion for DASSK 66 Art & Literature Presentation

>

ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ် မွေးနေ့ စာပေ အနုပညာနဲ့ လက်ဆောင်ပေးနိုင်ဖို့
မိုးမခ၀ိုင်းတော်သားများနဲ့ မိုးမခမိတ်ဆွေများကို ဖိတ်ခေါ်ပါတယ်
မိုးမခ။ ဇွန် ၂၊ ၂၀၁၁
လာမယ့် ဇွန် ၁၉ မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ၆၆ နှစ်ပြည့်မယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကြီးကတည်းက အကျယ်ချူပ် အကျဉ်းခံထားခဲ့ရသူ တိုင်းပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချူပ်ရဲ့အပြင်ဖက် ပရိသတ်၊ လူထုနဲ့ အတူ ပထမဦးဆုံး အတူတကွ ကျင်းပရမယ့် မွေးနေ့ပွဲလည်း ဖြစ်တယ်။
မိုးမခမီဒီယာက ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ် မွေးနေ့ အထိမ်းအမှတ်ဂုဏ်ပြု စာမူ၊ ရုပ်ပုံ၊ စာသားတွေ စုဆောင်းပြီး တင်ဆက်မယ်၊ ဘုတ်အုပ်တခု လုပ်ပြီးတော့ မွေးနေ့လက်ဆောင် ပေးပို့မယ်။ မိုးမခ၀ိုင်းတော်သားတွေ၊ မိုးမခမိတ်ဆွေ အားလုံးကို ဖိတ်ခေါ်ပါတယ်။
 နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လက်မှတ်ထိုးလှုပ်ရှားမှုမှာ ပါဝင်ကြသလို အမှတ်တရမွေးနေ့လက်ဆောင် စာပေ၊ အနုပညာလက်ဆောင် ပေးကြဖို့ မိုးမခမီဒီယာက ဖိတ်ခေါ်လိုက်ပါတယ်။ စာမူတွေ၊ ပန်းချီ၊ ကာတွန်း၊ ရုပ်ပုံတွေကို editors@moemaka.com ကို ပေးပို့နိုင်ပါတယ်။ မိုးမခက ဒေါ်စုအတွက် နှစ်စဉ်တင်ဆက်ခဲ့သမျှကို သည်နေရာမှာ ကြည့်နိုင်ပါတယ်
(ပန်းချီကားက သန်းဋ္ဌေးမောင် ဆွဲခဲ့တာ၊ ဆရာဦးတင်မိုး (ကွယ်လွန်) အိမ်မှာ ချိတ်ထားတယ်။ ကာတွန်းက မိုးမခကာတွန်းဆရာ ဘီရုမာရဲ့ လက်ရာ၊ ၂၀၀၈ တုန်းက ဆွဲတာ)