>Gyaw Dee’s Joke (5)

>

မြန်မာ ရွှေပြည် … ဒို့ ရွှေပြည်
ဂျော်ဒီး
ဇွန် ၂၊ ၂၀၁၁
တနေ့က … ဂျီးဒေါ် အချစ်ဆုံး ကြောင်ကြီးရွှေဝါ သေသွားရှာတယ်။ အကောင်းသားကနေ .. အစာမစားနိုင်ဘဲ .. ပါးစပ်ထဲက .. ဖြူဖြူအရေတွေ အန်ရင်း … ရက်ပိုင်းအတွင်း ဖျိုးခနဲ ဖျတ်ခနဲ သေသွားတော့ … ဂျီးဒေါ်တယောက် စိတ်ထိခိုက်လို့ မဆုံး…။ သိပ်ချွဲတတ်ပြီး ပွတ်သီးပွတ်သပ်နဲ့ အရမ်းလူခင်တဲ့ ရွှေဝါ … အတွက် .. တဖျစ်တောက်တောက် ပြောမဆုံး …။
ဈေးထဲက ဂျီးဒေါ် ဘော်ဒါတွေက ပြောတယ် ..။
အဲဒါ … ‘ကြောင်နားရွက်ဝါ’ ရောဂါ ဆိုလား…။ ဘာတွေမှန်းလဲမသိ … ရောဂါဘယတွေကလည်း ဆန်းပြားလှပါလား …။ ခုတလော … ခေတ်စားနေတဲ့ … ‘ဝက်နားရွက်ပြာ’ ရောဂါကလည်း … တခြားနိုင်ငံတွေက ဝက်နားရွက်ပြာရောဂါ ဗိုင်းရပ်စ်နဲ့တောင် … မတူဘူးတဲ့။ အင်းလေ … ရွှေပြည်ကြီးဆိုတော့ .. ဗိုင်းရပ်စ်တွေကတောင် … မြန်မာ့နည်း မြန်မာ့ဟန်တွေကို … ဖြစ်လို့။

“ဗျိုး … ဂျီးဒေါ် … မျက်နှာလည်း မကောင်းပါလား …”
“အေးဟယ် … ငါ့ ကြောင်ကြီး ရွှေဝါ သေသွားလို့ … စိတ်မကောင်းဖြစ်နေတာ …။ ‘ကြောင်နားရွက်ဝါ’ ဆိုလား … ဘာလား ..။ တခြားကြောင်တွေလည်း … ခုရက်မှာ အဲလိုပဲ … သေကြတယ်တဲ့”
“ဘယ်ကလာ .. ကြောင်နားရွက်ဝါ ရောဂါ .. ရမှာလဲ။ အဲဒါ .. စိနပြည်ကလာတဲ့ ဘာတွေနဲ့ ဖော်စပ်ထားမှန်းမသိတဲ့ … ဘာ အာမခံချက်မှမရှိတဲ့ တိရိစ္ဆာန်အစာတွေကျွေးလို့ … ဖြစ်တာ ..။ အဲဒါ ကြောင့် … ဂျီးဒေါ်ကို … ဂျာနယ်တွေ … ဖတ်ပါလို့ ပြောတာ ..။ အဲဒီ … ကြောင်စာခဲတွေ ကျွေးရင်
ကြောင်တွေရဲ့ ကျောက်ကပ်တွေ ပျက်စီးပြီး … နောက်ဆုံး .. သေကုန်တာ”
“ဟေ … ဟုတ်လား ..။ ဖြစ်နင်တယ် …။ ဒင်းတို့တိုင်းပြည်က … ကလေးတွေတောင် … တော်ကြာ … နို့မှုန့်တွေက … အဆိပ်သင့်လိုက်..။ တော်ကြာ … မုန့်တွေထဲက … အဆိပ်သင့်လိုက် ..။ သေလိုက်ကြတာ သောက်သောက်လဲ …။ ကြောက်စရာ .. ကောင်းလိုက်တာ ဟယ် …။ ဒို့တိုင်းပြည်က … ကလေးတွေလည်း စိနကလာတဲ့ ဘာတွေနဲ့လုပ်ထားမှန်းမသိတဲ့ … မုန့်ပဲသရေစာ … ပေါ ချောင် မကောင်းတွေပဲ မှီဝဲနေရှာတာ … ဘုရား .. ဘုရား … လူမသိ .. သူမသိ … ဘယ်နှယောက်တွေများ သေကြေကုန်ကြပါလိမ့်”
“ကလေးတွေတင် … ဘယ်ကမလဲဗျာ ..။ တတိုင်းပြည်လုံး … ဒီ .. ပေါ ချောင် မကောင်း အစားအစာတွေ … ဆေးဝါးတွေ … လူသုံးပစ္စည်းတွေပဲ … သုံးပြီး .. နေရတာ ..။ တတိုင်းပြည်လုံးက ရွှေဗမာတွေကို .. တဖြည်းဖြည်းချင်း … မျှဉ်းသတ်နေတာလား မသိဘူး …။ အကုန် သေကုန်မှ … သူတို့က … နယ်မြေသိမ်းပိုက်ပွဲ လုပ်လိမ့်မယ် …”
“အမလေး … တယ် ကြောက်စရာ .. ကောင်းပါလား .. သာဂိရယ်”
“အခု .. ဝက်တွေသေတာကလည်း … စိနက လာတဲ့ဝက်စာတွေကျွေးလို့ .. တဲ့ ပြောနေကြတာ …။ အဲဒီလို … နယ်စပ်ကနေ … တရားမဝင် .. ဝင်လာတဲ့ပစ္စည်းတွေကို … အစစ်အဆေးမရှိ … ဈေးကွက်တွေထဲမှာ ရောင်းချခွင့်ပြုထားတာ … ဘယ်သူတွေမှာ … တာဝန်ရှိလဲ။ တာဝန်ရှိတဲ့သူတွေကို …. ရေလောင်းလိုက်တော့လဲ … လျှောခနဲပါပဲ … ဂျီးဒေါ်ရယ် ..”
“ဟဲ့ … သာဂိရဲ့ အခုခေတ်က … သန့်ရှင်းသော အစိုးရခေတ်လေ … ရေလောင်းလို့ရလို့လား”
“ဟဲ ဟဲ … နည်းနည်းတော့ မလောင်းနဲ့လေ … တိုင်ကီလိုက်လောင်းမှ … လျှောခနဲ… လျှောခနဲ … ပဲ။ သူတို့က သန့်ရှင်းမှကြိုက်တာ … ရေများများလောင်းလေ … ကြိုက်လေပဲ .. ဟီး ဟီး”
“သူတို့တွေ … လျှောတာ အရေးမကြီးဘူး …။ ဒို့ …. လူတွေ … တိရိစ္ဆာန်တွေ လျှောကုန်ရင် … ဒွတ်ခ”
“အဲဒါ ပြောတာပေါ့ … အခု ပြသနာက … ကြီးလာဘီ ..။ ဝက်ရောဂါတွေဖြစ်လို့ … ဝက်တွေ .. သောက်သောက်လဲ သေတယ် …။ သေတဲ့ဝက်တွေကို … စနစ်တကျ … မြှုပ်ဖို့ …။ ဒါမှ … ဆက်မကူးစက်မှာလေ …”
“ဟဲ့ .. ဒီကိစ္စ .. ကို … စည်ပင်သာယာက … မြှုပ်ဖို့နေရာ သတ်မှတ်ပေးတယ် … လေ .. သာဂိရဲ့”
“အင်း … … သတ်မှတ်ပေးပါတယ် … ဂျီးဒေါ် ရယ် ..။ ဒါပေမယ့် … အဲဒီ သတ်မှတ်နေရာကနေ .. ဝက်သေတကောင် မြှုပ်ရင် … ငွေလေး .. ငါးထောင် … စောင့်တောင်းနေလို့ … ဝက်သေလို့ စီးပွားပျက်နေသူတွေခမျာ … ကြုံသလို .. ဖြစ်သလိုတွေ .. မြှုပ် ..။ နောက်ဆုံး … မမြှုပ်နိုင်လို့ … လူလစ်တဲ့နေရာတွေ ပစ် ..။ မြစ်တွေ … ချောင်းတွေထဲ … မျှောတဲ့လူက .. မျှော…။ ရွှေပြည်ကြီးတော့ … ကလီးန်ဂါဗာမန့် … လက်ထက်မှာ … အပုပ်နံ့တွေ … လှိုင်လို့”
“အေး … ဟုတ်သဟဲ့ … သာဂိရဲ့ ..။ အခု … ဈေးထဲမှာ … ဆို … လူတွေခမျာ … ကျီးလန့်စာစား … ဘာ အသားမှ မစားရဲသလောက် ဖြစ်နေပြီ …။ မြစ်တွေ ချောင်းတွေထဲမှာ .. ဝက်သေတွေ
ပြစ်တော့ … ငါးတွေမှာလဲ … ရောဂါတွေ … ဖြစ်လို့ .. ဆိုလား ..။ အခု … နွားတွေ .. ကြက်တွေ … ရော ကူးစက်ကုန်သတဲ့ ..။ တော်ပါသေးရဲ့ … ငါက ကန်စွန်းရွက်ပဲ … စားနိုင်လို့ ..”
“အဲဒါ ပေါ့ .. ဂျီးဒေါ် … ပြသနာတခုဖြစ်ရင် … မြန်မြန်ဆန်ဆန် … ထိထိရောက်ရောက် … မဖြေရှင်း။ စနစ်တကျ … ပညာ မပေးဘဲ … သတင်းတွေကို … အမှောင်ချထားလေတော့ … လူတွေကြားထဲမှာ … ကောလာဟဠတွေနဲ့ပဲ .. ပျံ့နှံ့လို့ ..။ လူထုက … တကယ် ပူးပေါင်းဆောင်ရွက်ရမှာ တွေ … မလုပ်တော့ဘဲ… ပြသနာက … မိုးမီးလောင်တော့မယ် ..”
“ သာဂိရယ် … တချို့ဝက်ပိုင်ရှင်တွေက … ဝက်တွေကို နာနေတုန်း .. မသေခင် သတ်ပြီး … ဝက်ဆီတွေ ထုတ်သတဲ့။ ဝက်အူချောင်းတွေ လုပ်နေသတဲ့ …။ မသိလို့ စားမိတဲ့လူတွေ ဒုက္ခရောက်ဦးမယ်။ အဲဒီ
ဝက်ပိုင်ရှင်တွေ … လူစိတ်မှ ရှိပါသေးရဲ့လားမသိ”
“ဝက်ပိုင်ရှင်တွေ … တင် … အပြစ်တင်လို့မရဘူး …။ တာဝန်ရှိသူတွေဘက်ကရော … ဘာတွေ ကူညီဖြေရှင်းပေးလို့လဲ …။ ဟိုနေ့က .. တိရိစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးရုံးမှာ .. ပိုးသတ်ဆေးတွေ အခမဲ့ ဝေတယ်ဆိုလို့ … ဝက်ပိုင်ရှင်တွေ သွားတောင်းကြတော့ … ဌာနဆိုင်ရာတွေကမွေးထားတဲ့ ဝက်ခြံတွေကို ပေးလိုက်ရလို့ ကုန်ပြီတဲ့ဗျား …။ သာမန် ဝက် တနိုင်တပိုင်မွေးမြူကြတဲ့ သာမန် အရပ်သားတွေဆိုတာ … ချမ်းသာလို့ ဝက်မွေးနေတာ မဟုတ်ဘူးဗျ။ မရှိတဲ့ကြားက … စုဘူးအနေနဲ့ မွေးကြတာ …။ ခု .. ဝက်နားရွက်ပြာ ကပ်ရောဂါနဲ့တော့ … စီးပွား အတော်ပျက်ကြတယ်တဲ့ … ဂျီးဒေါ်ရေ”
ထိုစဉ် … မလှမ်းမကမ်းမှ … ဂျာနယ်လက်ပွေ့ရောင်းသမားတဦးရဲ့အော်သံကြောင့် … ဂျီးဒေါ်တို့
တူအရီး နှစ်ယောက်သား … အလန့်တကြား ဖြစ်သွားတယ်။
“လူကြီး … အယောက် ၂၀ ..။ ကလေး .. ၁၀ ယောက် … သေဆုံးခြင်း …။ သိချင်ရင် … ဝယ်ဖတ် ..။ တစောင်မှ တရာ … ထဲရယ်”
“ဟိုက် .. ရှားလဘတ် ..။ ဘာတွေဖြစ်ကုန်ပါလိမ့် … သာဂိ။ ငါ .. သွားဝယ်လိုက်ဦးမယ်..”
“နေဦး … ဂျီးဒေါ့် … သေသေချာချာ ကြည့်ဦး …။ သူ့လက်ထဲ ကိုင်ထားတာ … မြန်မာ့အမှောင်
သတင်းစာကြီးနော် …။ အဲဒါဆို … သတင်းမှားချည်းပဲ ..။ ငွေတရာ .. အလကား ကုန်နေဦးမယ် …”
“ဟဲ့ … မြန်မာ့အမှောင်ဆိုရင်လည်း … ဟို … ပြည်သူ့မေတ္တာခံယူတဲ့ လူဂျီးတွေများ .. သေကုန်တာလား .. မသိ ..။ စိတ်ဝင်စားလာဘီ …။ လှမ်းခေါ်မေးလိုက်ဟယ်”
“ဟေး .. ဂျာနယ်ရောင်းတဲ့ ဆရာ … လာပါဦး ..။ ဘယ်သူတွေ … သေကုန်တာလဲ ..”
“သိချင် .. ဝယ်ဖတ် ..။ တစောင်မှ … တရာထဲ … အကို”
“ကဲပါ … သာဂိရယ် .. မေးမနေပါနဲ့ ..။ ရော့ … ငွေတရာ..။ ပေး .. တစောင်…။ မှန်း… ဘယ်သူတွေ သေကုန်တာလဲ။ စိန ကလာတဲ့ ပေါ ချောင် မကောင်း အစာတွေ စားမိလို့လား …။ စိန ဆေးတွေပဲ … မှီဝဲနေရလို့လား ..”
ဂျီးဒေါ်တို့ တူအရီး … နှစ်ယောက်သား .. ကသောကမျော … ရှာဖတ်ကြည့်တော့လည်း …
သူ အော်ပြီး ကြော်ညာနေသည့်သတင်းကို … ဘယ်နေရာမှ ရှာမတွေ့ ..။ သာဂိက .. ကျောခိုင်းထွက်သွားတဲ့ .. ဂျာနယ်အရောင်းသမားကို .. စိတ်ဆိုးမာန်ဆိုးနဲ့ လှမ်းအော်လိုက်တယ် ..။
“ဟေးးး လူ။ လူလိမ် … ဘယ်မှာလဲ … လူကြီး အယောက် ၂၀ နဲ့ ကလေး ၁၀ ယောက် သေဆုံးတဲ့ သတင်း..”
ဂျာနယ် လက်ပွေ့အရောင်းသမားက … နောက်ပြန်လှည့်ရင်း … စပ်ဖြဲဖြဲမျက်နှာကလေးနဲ့ …
“ဟုတ်ကဲ့ .. ကျနော် မလိမ်ပါဘူးအကို …။ နာရေး … စာမျက်နှာမှာ ပါတာပါ …။ ကျနော်လည်း … မြန်မာ့အမှောင်တွေ … အရောင်းထိုင်းလို့ … လူတွေ … ဝယ်ချင်စိတ်ပေါက်အောင် … အရောင်းမြှင့်တင်တာဘာ .. ခင်ညာ။ ကျေးဇူးတင်ဘာဒယ်”
“တိန်”
“အော် … မြန်မာ ရွှေပြည် … ဒို့ ရွှေ ပြည်”
ဝန်ခံချက် – စောငို ကာတွန်းကို ဖြတ်ညှပ်ကပ် လုပ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts