>John McCain visited FFSSY

>

John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)
ဓာတ်ပုံသတင်း
ဇွန် ၂၊ ၂၀၁၁


အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် John McCain နှင့် ရန်ကုန်မြို့ အမေရိကန် သံရုံး အရာရှိ များသည် ယနေ့ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ လာရောက်ကာ အသင်းဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အလုပ်အမှုဆောင် အဖွဲ့များ၊ အသင်းသူ/သားများနှင့် လာရောက် တွေ့ဆုံခဲ့သည်။


John McCain က လူမှုရေးလုပ်ငန်းများဖြစ်သော နာရေး (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာရေး (အခမဲ့) ပညာဒါနပြုမှုများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ အသင်း၏ (အခမဲ့) ကူညီပေးမှုများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း ၏ (အခမဲ့) ဆေးဝါးကုသမှုများ၊ ပညာဒါနအဖြစ် (အခမဲ့) ပညာသင်ကြားမှုများ၊ သုခအလင်းစာကြည့်တိုက်၊ နာရေးလမ်းကြောင်း လက်ခံမှု ရုံးခန်းတို့အား လိုက်လံပြသခဲ့သည်။

John McCain သည် ယမန်နေ့က မြန်မာပြည်ရှိ ကြီးကျယ်ခမ်းနား၍ အရောင်အဆင်းများ တောက်ပသော အဆောက်အဦးများ ရှိရာနေရာသို့ ရောက်ရှိ ခဲ့ကြောင်း၊ ယနေ့မှ မြန်မာပြည်သူ လူထုတို့၏ လူနေမှုစရိုက်များ၊ ဆင်းရဲ ဒုက္ခရောက်နေမှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိအနေအထား အစစ်အမှန်ကို တွေ့ရှိရသည့် အတွက် ၀မ်းနည်းမိကြောင်း၊ ယခုလို လူသားချင်း စာနာထောက်ထားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့် ရရှိသည့်အတွက် လွန်စွာဝမ်း မြောက်မိကြောင်းတို့ကို ပြောကြားသွားသည်။

ထို့ပြင် အသင်းရှိ လူမှုရေးမျိုးဆက်သစ်သင်တန်းအမှတ်စဉ် (၃/၂၀၁၁)မှ သင်တန်းသူ/သားများနှင့် တွေ့ဆုံကာ “မိမိကိုယ်မိမိ ကယ်ဆယ်ခွင့် မရရှိသူတွေကို နာရေးကူညီမှု အသင်း(ရန်ကုန်)ရဲ့ လူမှုရေးသမားများက ၀ိုင်းဝန်း ကယ်ဆယ် အကူအညီများ ပေးနိုင်ပါစေလို့ ဆုတောင်း မေတ္တာ ပို့သပါတယ်။ ဘုရားသခင်ကလည်း ကောင်းချီးပေးပါစေ”ဟု အားပေးစကားများပြောကြားသည်။

ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် ဆုတောင်း မေတ္တာ ပို့စာ ရေးသား လက်မှတ်ထိုးကာ မွန်းတည့် (၁၂း၀၀) နာရီအချိန် တွင် နှုတ်ခွန်းဆက်ကာ ပြန်လည် ထွက်ခွာသွားခဲ့သည်။




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts