>John McCain will have a press conference on Friday

>

မြန်မာမီဒီယာ နှင့် ဂျွန်မက်ကိန်း လာမည့် သောင်္ကြာနေ့ နံနက်တွင် တွေ့မည်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၁၊ ၂၀၁၁

ဂျွန်မက်ကိန်းနှင့် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ ယနေ့ နေပြည်တော်တွင် တွေ့ရပုံကို MRTV ရုပ်သံက ထုတ်လွှင့်သွားသည်။ (ဓာတ်ပုံ-အေပီသတင်းဌာန)


၃ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိလာသည့် အမေရိကန် နိုင်ငံ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းသည် မနက်ဖြန်တွင် NLD ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရန် ရှိပြီး သဘက်ခါ နံနက် (ဇွန်လ ၃ရက်နေ့) တွင် မီဒီယာနှင့် တွေ့ဆုံမည်ဟု ရန်ကုန်မြို့ အမေရိကန်သံရုံး ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

တွေ့ဆုံမည့်နေရာမှာ ဒဂုံမြို့နယ် တော်ဝင်လမ်းရှိ အမေရိကန် စင်တာတွင် ဖြစ်ပြီး ပြည်တွင်း ပြည်ပ သတင်းထောက်များ မည်သူမဆို တက်ရောက်နိုင်သည်ဟု ဖေါ်ပြထားသည်။ အချိန်မှာ နံနက် ၈း၄၅ မိနစ် ဖြစ်သော်လည်း သတင်းထောက်များ ၈ နာရီအရောက် လာရောက်ရန် ပန်ကြားထားသည်။ ကင်မရာ၊ အသံဖမ်းစက်များ ယူဆောင်နိုင်သည် ဟုလည်း ဖေါ်ပြပါရှိသည်။

သူ၏ ခရီးစဉ်အတွင်း ကြံ့ဖွံ့ ကြီးစိုးသည့် အစိုးရ တာဝန်ရှိသူများ၊ ဒီမိုကရေစီ အင်အားစုဖြစ်သည့် NLD ခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် ဖြစ်ပေါ်လာသည့် ရလဒ်ကို သတင်းမီဒီယာများအား ရှင်းလင်းမည့်ပွဲဟု နားလည်ထားကြသည်။

လွန်ခဲ့သည့် မေလအတွင်းကလည်း ကုလ သံတမန် ဗီဂျေ နမ်ဘီယား၊ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဆက်ယွန်တို့ မြန်မာပြည်သို့ ရှေ့ဆင့်နောက်ဆင့် လာရောက် ခဲ့ကြပြီး အစိုးရ ၀န်ကြီးအချို့၊ ဒီမိုကရေစီ အင်အားစု ခေါင်းဆောင်များ၊ ပါတီအချို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts