>MoeMaKa Monthly Charity raised and donated US$ 1650.00 for Burmese Political Prisoners and Activists’ families

>

မိုးမခမိတ်ဆွေများ၏ နိုင်ငံရေးအကျဉ်းသားကူညီမှု ကျပ်ငွေ ၅ သိန်း ၄ သောင်း နှင့်
မြန်မာပြည်သားချင်း ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေက အမေရိကန်ဒေါ်လာ ၁ ထောင် (ငွေ ၈ သိန်း)
မေလ အတွက် လှူဒါန်းနိုင်ခဲ့
မိုးမခ၊ မေ ၂၀၊ ၂၀၁၁
မိုးမခမီဒီယာနှင့် မိုးမခမိတ်ဆွေများ၏ မြန်မာ့အရေး ကူညီမှုရန်ပုံငွေလှုပ်ရှားမှုက ယခုလ မေ ၂၀၁၁ အတွက် မြန်မာပြည်တွင်းသို့ ကူညီမှု အလှူငွေစာရင်းကို ထုတ်ပြန်လိုက်ပါသည်။
 အင်န်အယ်ဒီ၏ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုလုပ်ငန်းမှတဆင့် နိုင်ငံရေးအကျဉ်းသား ၅၀ ဦးအတွက် လစဉ် တဦးကို ကျပ်ငွေ ၁ သောင်း နှုန်းဖြင့် ( သီးခြားအလှူရှင် ၂ ဦးက ထပ်ဆောင်းငွေ ၃ သောင်းနှင့် ၁ သောင်းဖြင့်) စုစုပေါင်း ကျပ် ၅ သိန်း ၄ သောင်းကို၎င်း၊
မြန်မာပြည်တွင်းရှိ သက်ကြီးနိုင်ငံရေးသမား၊ အကျဉ်းကျ စာနယ်ဇင်းသမား၊ သပိတ်မှောက် စာပေပညာရှင်များ၊ အကျဉ်းကျ သံဃာတော် နှင့် သက်ဆိုင်ရာ မိသားစုများထံ တတ်စွမ်းသမျှ ကူညီမှုရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ထောင် ( ကျပ်ငွေ ၈ သိန်းခန့်) ကို၎င်း ပေးပို့ လှူဒါန်းခဲ့ပြီ ဖြစ်ကြောင်း မိုးမခမိတ်ဆွေများ၊ အလှူရှင်များ အားလုံး သိရှိနိုင်ရန် တင်ပြလိုက်ပါသည်။
မိုးမခမီဒီယာရဲ့ အလှူခံလက်ခံရရှိကြောင်း ပြေစာကို အီးမေး သို့မဟုတ် စာတိုက်ကနေ တဦးချင်းစီကို ပြန်ကြားပေးလျက် ရှိပါသည်။
 (ဓာတ်ပုံ – ၂၀၀၉ ဇွန်လ ၁၉၊ ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့်နေ့၊ အင်န်အယ်ဒီရုံးချူပ် အခမ်းအနားမှာ တွေ့ရတဲ့ မြန်မာကလေးငယ်တဦးရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ မိုးမခ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts