>Sitagu Sayadaw U Nanisara visiting SF Bay Area for Dhamma Talk

>

သီတဂူဆရာတော်ကြီး  ဦးဉာဏိသရ ဆန်ဖရန်စစ္စကိုဘေးဧရိယာသို့ ဓမ္မခရီးစဉ် ရောက်ရှိ
မိုးမခ၊ မေ ၂၀၊ ၂၀၁၁
မြန်မာပြည်နှင့် နိုင်ငံတကာတွင် ထေရ၀ါဒဗုဒ္ဓသာသနပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မြန်မာပြည်တွင်း လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် အဟာရဒါန စေတနာဝန်ထမ်း အလှူလုပ်ငန်းများ တည်ထောင်မတည် လှူဒါန်းသူ ဆရာတော်ကြီးတပါးဖြစ်သည့် သီတဂူဆရာတော် အရှင်ဉာဏိသရသည် ယမန်နေ့က ဆန်ဖရန်ဘေးဧရိယာသို့ တရားဓမ္မများ ဟောပြောရန် မြန်မာမိသားစုများ၏ ဖိတ်ကြားချက်အရ ရောက်ရှိလာသည်ဟု သိရသည်။
ဆရာတော်၏ အမေရိကန်ပြည်အခြေစိုက် သီတဂူကျောင်းတိုက်၏ ဌာနေဆရာတော် အရှင်အရိယဓမ္မ အား မိုးမခက ဆရာတော်ကြီး၏ ခရီးစဉ်ကို မေးမြန်းကြည့်ရာ ယနေ့ ကြာသာပတေးနေ့တွင် Red Wood City တွင် သီတင်းသုံးမည် ဖြစ်ပြီး သောကြာနေ့တွင် Fresno ရှိ ဒကာ၊ ဒကာမများ၏ ပင့်ဖိတ်မှုအရ သွားရောက် မည်ဖြစ်သည်။
လာမည် စနေနေ့ – မေလ ၂၁၊ ၂၀၁၁ တွင် ဆန်ဖရန်စစ္စကိုသို့ ကြွရောက်ကာ ညနေ ၃ နာရီမှ ၅ နာရီအထိ Fremont, 3355 Centreville Community Center တွင် တရားဟောပြောရန် စီစဉ်ထားသည်ဟု ဆိုသည်။ အဆိုပါတရားပွဲကို ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ၀ိဟာရ ဓမ္မမိသားစုများ မိတ်ဆွေများက စီစဉ်ခြင်းဖြစ်သည်။
၎င်းနောက် Daly City ရှိ ထေရ၀ါဒဓမ္မအသင်းက စီစဉ်သည့် တရားပွဲတော်ကို ထိုနေ့ ညနေ ၈ နာရီတွင် ဆက်လက် ကြွရောက် ဟောပြောမည်ဟု သိရသည်။
လာမည့် တနင်္ဂနွေနေ့ မနက် ၁၀နာရီတွင် ဆန်ဖရန်စစ္စကိုဘေးဧရိယာမှ ဆရာတော်ကြီး ပြန်လည် ထွက်ခွာမည်ဟု သိရသည်။
ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာမိသားစုများ စုဝေးကျင်းပမည့် တရားပွဲဖိတ်စာကို သည်နေရာမှာ ကြည့်နိုင်ပါသည်။

 



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts